Daily Archives: April 25th, 2013

ဗြိတိန်မင်းသား ဟယ်ရီ သြစတြေးလျတပ်၌ ပူးတွဲတာဝန်ထမ်းဆောင်မည်

တော်ဝင်မင်းသားဟယ်ရီ သြစတြေးလျစစ်တပ်၌ ပူးတွဲတာဝန်ထမ်းဆောင်ရန်အတွက် စီစဉ် ဆောင်ရွက်နေကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။

အိမ်ရှေ့မင်းသား ချားလ်စ်၏ သားတော် ၂၈-နှစ်အရွယ်ရှိ မင်းသားဟယ်ရီသည် သြစတြေးလျ စစ်တပ်တွင် ၆-လတာခန့် တပ်ဖွဲ့တစ်ခုခု၌ တရားဝင် ဝင်ရောက်လျက်ဖြစ်စေ၊ လေ့လာသူ တစ်ဦးအနေဖြင့်ဖြစ်စေ တာဝန်ထမ်းဆောင်ရန် စီစဉ်လျက်ရှိကြောင်း ကြာသပတေးနေ့ထုတ် နယူးစ်လိမိတက်သတင်းစာတွင် ရေးသား ဖော်ပြထားသည်။.

တော်ဝင်အမှုထမ်းများနှင့် လုံခြုံရေးအရာရှိများက တော်ဝင်မင်းသားတစ်ဦးအား တာဝန်ထမ်းဆောင် ခွင့်ပေးခြင်းမှာ စွန့်စားရာရောက်ကြောင်း၊ တင်ပြချက်အရ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် မင်းသား တာဝန်ထမ်းဆောင်မည့် ကာလ ၆-လတာကာလအတွက် အသေအချာ စီမံဆောင်ရွက် ရှိကြောင်းကိုလည်း ဖော်ပြပါရှိသည်။

မင်းသား၏ လန်ဒန်ကလဲရင့်စ် အိမ်တော်ဝန်ထမ်းများ၊ ဗြိတိသျှတပ်မတော်နှင့် သြစတြေလျ တပ်မတော်တို့မှ သက်ဆိုင်ရာအရာရိများသည် တာဝန်ထမ်းဆောင်မည့် အချိန်ကာလ နှင့် နေရာဌာနများအတွက် အသေးစိတ်စီစဉ်နေကြောင်းကိုလည်း သိရသည်။

အေအက်ဖ်ပီ သတင်းဌာန၏ မေးမြန်းချက်ကို သြစတြေလျကာကွယ်ရေးဌာနမှ အတည်ပြုခြင်း သို့မဟုတ် ငြင်းဆိုခြင်း မပြုဘဲ ကလဲရင့်စ် အိမ်တော်သို့ ဆက်သွယ်မေးမြန်းရန် လမ်းလွှဲပေးခဲ့ ကြောင်းကိုလည်း သိရသည်။

သတင်းစာ၏ ဖော်ပြချက်အရ မင်းသားသည် တော်ဝင်မြင်းတပ်တပ်ရင်းမှ ဗိုလ်ကြီး အဆင့်ရှိ အရာရှိတစ်ဦးဖြစ်ပြီး အာဖဂန်နစ်စတန်တွင် ၂-ကြိမ်တိုင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ယခုလည်း သြစတြေးလျစစ်သားများနှင့်အတူပူးတွဲ တာဝန်ထမ်းဆောင်ရန် စိတ်အားထက်သန်လျက် ရှိကြောင်း ရေးသားဖော်ပြထားပါသည်။

မင်းသားဟယ်ရီသည် တာဝန်ထမ်းဆောင်ရာမှ ဇန်နဝါရီလအတွင်းက အိမ်သို့ပြန်ရောက်လာပြီး၊ အာဖဂန်နစ္စတန်တွင် အပါချီ ဟယ်လီကော့ပတာတွဲဖက် ပိုင်းလော့ အဖြစ်တာဝန်ထမ်းဆောင်စဉ် သူ၏ ကွန်ပြူတာဂိမ်း ကျွမ်းကျင်မှုအားဖြင့် တာလီဘန်များကို သတ်ဖြတ်ရာတွင် ပိုမို စွမ်းဆောင် နိုင်ခဲ့ကြောင်း ပြောဆိုသဖြင့် မကျေနပ်မှုအငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်းကိုလည်း သိရသည်။

လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲမှုမှာ ၁ ဦး သေနတ်ဒဏ်ရာရ

မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ လျော်ကြေးယူမထားတဲ့ ဒေသခံတောင်သူလယ်သမားတွေက အသိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေကို ၀င်ရောက်ထွန်ယက်ရာမှာ စီမံကိန်းလုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်နှိမ်နင်းတဲ့အတွက် ဆန္ဒပြသူတစ်ဦး သေနတ်ဒဏ်ရာရခဲ့ပြီး ၃ ဦးကို မုံရွာဆေးရုံတင်လိုက်ရပါတယ်။

ဒီနေ့မနက် ၉ နာရီ ပတ်ဝန်းကျင်လောက်က ကြေးနီစီမံကိန်းအနီး ဆည်တဲရွာမြောက်ဖက် လက်ပံတောင်းတောင်ခြေမှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ဒေသခံတွေ အပြန်အလှန် အခြေအတင်ဖြစ်ခဲ့ပါတယ်။

ဒီလိုဖြစ်ရာမှာ လုံခြုံရေး ရဲတပ်ဖွဲ့တွေက လက်ကိုင်တုတ်တွေ၊ သေနတ်တွေသုံးပြီး ဖြိုခွဲခဲ့သလို၊ ဆန္ဒပြသူတချို့ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဖြစ်စဉ်မှာပါဝင်ခဲ့သူ ဆည်တည်းရွာက ကိုဇော်နိုင်က RFA ကို ပြောပြပါတယ်။

အကြမ်းဖက်ဖြိုခွဲမှုကြောင့် သေနတ်ဒဏ်ရာရရှိသူတစ်ဦးနဲ့ အရိုက်ခံရသူ ၂ ဦး၊ စုစုပေါင်း ၃ ဦး မုံရွာဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒေသခံတွေနဲ့ အတူရှိနေခဲ့တဲ့ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့က ကိုအောင်စိုးအပါအ၀င် ဒေသခံ ၂ ဦးလည်း အဖမ်းခံထားရတယ်လို့ဆိုပါတယ်။ ကြေးနီစီမံကိန်း နေရာတ၀ိုက်မှာ အာဏာပိုင်တွေက ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားပါတယ်။

အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ ဆားလင်းကြီးမြို့နယ် စခန်းမှူးကို RFA က ဆက်သွယ်မေးမြန်းရာမှာ မသိကြောင်းနဲ့ ကုမ္ပဏီလုံခြုံရေးအဖွဲ့တွေပဲ သိမယ်လို့ဖြေဆိုသလို၊ ခရိုင်အုပ်ချုပ်ရေးမှူးကို တယ်လီဖုန်းနဲ့ ဆက်သွယ်တဲ့အခါမှာလည်း အစည်းအဝေးသွားနေတယ်လို့ပဲ သူ့လက်ထောက်အရာရှိက ပြန်လည်ဖြေဆိုပါတယ်။

ကျောက်ဆည်မြို့မှာ မှတ်ပုံတင်တွေထုတ်ပေးနေသော်လည်း အစ္စလာမ်ဘာသာဝင်များကို ထုတ်မပေး

ယနေ့ ( ၂၃-၄-၂၀၁၃ ) မနက် ၁၀ နာရီအချိန်က ကျောက်ဆည်မြို့၊ ဆူးကုန်းရပ်ကွက်၊ ရပ်ကွက်ရုံးမှာ မှတ်ပုံတင်များ ပြုလုပ်ပေးရန် စာရင်းကောက်ခံနေကြောင်း သတင်းရရှိပါတယ်။

“ဟုတ်ပါတယ်။ ကျနော်တို့ မွတ်စလင်မ်တွေလည်း မှတ်ပုံတင်ထုတ်ပေးနေတယ်ဆိုလို့ ၀မ်းသာအားရနဲ့ ရပ်ကွက်ရုံးကို သွားကြပါတယ်။ ရုံးရောက်တော့ အိမ်ထောင်စုဇယားနဲ့ မိဘမှတ်ပုံတင်တွေ ယူခဲ့ရမယ်ဆိုလို့ အိမ်ပြန်ပြီး သွားယူခဲ့ရပါသေးတယ်” ဟု ကျောက်ဆည်ဒေသခံတစ်ဦးအား ဆက်သွယ်မေးမြန်းကြည့်ခဲ့ပါတယ်။

“ရပ်ကွက်ရုံးမှာ စာရေးမတစ်ယောက်က မျက်နှာထား တင်းမာစွာဖြင့် ပြောပါတယ်။ မှတ်ပုံတင် လုပ်ပေးတာက ဗမာတွေကိုပဲ လုပ်ပေးတာ၊ မွတ်စလင်မ်တွေ မပါဘူးဆိုပြီး ကြမ်းတမ်းစွာဖြင့် ပြောဆိုခဲ့ပါတယ်”ဟု အခြားကျောက်ဆည်ဒေသခံတစ်ဦးက အလင်းမျက်ဝန်းသို့ သတင်းပေးပို့ခြင်း ဖြစ်ပါတယ်။

အဆိုပါ သတင်းပေးပို့သည့် ဒေသခံမှ “ကျနော်တို့ ကျောက်ဆည်က မွတ်စလင်မ်တွေ မှတ်ပုံတင် မရသေးတဲ့လူတွေ အများကြီး ရှိပါတယ်။ အရင်တုန်းကလည်း မှတ်ပုံတင်လုပ်မပေးခဲ့ပါဘူး။ အခုလည်း လုပ်ပေးမယ် မထင်ပါဘူး” ဆက်လက် ပြောကြားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့သည့် ဒေသခံမွတ်စလင်မ်များအား ယခင် စစ်အစိုးရလက်ထက်တွင် နိုင်ငံသားဖြစ်ချင်းအား တားဆီးခြင်းများရှိခဲ့သလို၊ နိုင်ငံသားဖြစ်မှုအား အဓမ္မ အလိုမတူဘဲ အဓိပ္ပါ ဖွင့်ဆိုခံရခြင်းများလည်း ရှိခဲ့ပါတယ်။

“သမီးတို့ဟာ မြန်မာပြည်သူ မွတ်စလင်မ်စစ်စစ်တွေပါ။ မှတ်ပုံတင်မှာတော့ အိန္ဒိယ-ဗမာ လို့ ထည့်ထားတယ်။ သမီး ကုလားစကားလဲ မပြောတတ်ဘူး။ ကုလားပြည်မှာလဲ ကုလားအမျိုးတော်တာတောင် မရှိဘူး။ အေမဘက္က အဘိုးက ဗုဒၶဘာသာ၊ အဘြားက အစၥလာမ္ဘာသာပါ။ ဘာသာမတူပေမယ့် နှစ်ယောက်စလုံးက မြန်မာနိုင်ငံသားတွေပဲ။ အဖေဘက်က ဘိုးဘွားတွေဟာ ဗုဒ္ဓဘာသာဝင်တွေပါ။ အဖေကလည်း အမေနဲ့ယူပြီးမှ အစ္စလာမ်ဘာသာဝင်ဖြစ်လာတာပါ။ သမီးတို့မှာ အိန္ဒိယမျိုးနွယ်ဆိုတာ ဘယ်လိုမှ မရှိဘူး။ FRC အမျိုးဆိုတာ မရှိခဲ့ဖူးဘူး။ ဒါပေမယ့် သမီးတို့မောင်နှစ်မတွေရဲ့မှတ်ပုံတင်တွေမှာတော့ အိန္ဒိယ-ဗမာလို့ ထည့်ထားတယ်။ အဖေ အမေ မှတ်ပုံတင်မှာလည်း အဲ့လို မထည့်ထားဘူး။ ဘွဲ့ယူရမှာဆိုတော့ သူတို့ရေးပေးတဲ့အတိုင်းပဲ ယူရတယ်လေ။ လူမျိုးတွေ ဘာတွေက အဓိကမကျဘူး၊ လောလောဆယ် အဆင်ပြေဖို့အတွက်ပဲဆိုပြီး ထုတ်ပေးတာကို ယူခဲ့ရတာပါ။ အခု သမီးတို့ကို ဒီမှတ်ပုံတင်က လူမျိုးဆိုတာကို ထောက်ပြပြီး ဧည့်သည်တွေလို့ စွတ်စွဲလာပြီ။ အစိုးရက အစ္စလာမ်ဘာသာကို နှစ်ရှည်စီမံကိန်းနဲ့ အစီအစဉ်တကျ ဖျက်ဆီးနေတယ်လို့တောင် ထင်လာမိတယ်။

အစ္စလာမ်ဘာသာကိုးကွယ်နေရလို့ မျက်နှာငယ်ရတယ်။ ရုံးမှာဆိုရင်လည်း မိဘလက်ထက်ကတည်းက အလုပ်လုပ်ခဲ့လို့သာ တခြားအလုပ်မလုပ်တတ်လို့ သည်းခံပြီး လုပ်နေရတာပါ။ အဖေလည်း မွတ်စလင်မ်ဖြစ်လို့ ရာထူးမတိုးတော့ဘူး။ ရုံးက ၀န်ထမ်းလောကမှာကို မွတ်စလင်မ်တွေကို အင်တာနက်တွေထိုင်ထိုင်ကြည့်ပြီး ဆဲဆိုနေတယ်။ 969 အခွေတွေကိုလဲ ကွန်ပျူတာဘောက်ကနေ အကျယ်ကြီးတွေကို ဖွင့်ဖွင့်ထားတယ်ရှင့်” နေပြည်တော်ရှိ အစိုးရရုံးတစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းတစ်ဦးဖြစ်သူ အသက်(၂၆)နှစ်အရွယ် မွတ်စလင်မ် အမျိုးသမီး မဥမ္မာနှင်းက အလင်းမျက်ဝန်းသို့ ပြောပြတာ ဖြစ်ပါတယ်။

ယခုကဲ့သို့ မြန်မာနိုင်ငံအတွင်း ဒေသအနှံ့အပြားတွင် မှတ်ပုံတင် ထုတ်ပေးရာ၌ ခွဲခြားမှုများ ရှိနေဆဲဖြစ်ပြီး၊ လ၀က၀န်ထမ်းများအပါအ၀င် အစိုးရ၀န်ထမ်းအများစုမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး မွတ်စလင်မ့်လူ့အသိုင်းအ၀ိုင်းအား ရန်သူသဖွယ် ပြုမူဆက်ဆံ၍ ပညာပြ ဆက်ဆံနေကြသည့် အကျင့်စရိုက်များရှိနေခြင်းကြောင့် မြန်မာမွတ်စလင်မ်အဖွဲ့အစည်းများမှ ဦးဆောင်၍ နိုင်ငံတော်သမ္မတအပါအ၀င် အခြားတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး၍ အဖြေရှာရန် အရေးပေါ် လိုအပ်ကြောင်း လေ့လာသူများက ထောက်ပြပြောဆိုနေကြပါတယ်။

အငြင်းပွားရာမှ ရခိုင်ဝန်ကြီးချုပ်၏ ဒုက္ခသည်များအတွက် အိမ်ယာဆောက်လုပ်ရေး ညှိနိုင်း အစည်းအဝေးပျက်

ဧပြီလ ၂၄ ရက်နေ့ နေ့လည် (၁) နာရီက ရခိုင်ပြည်နယ် အစိုးရ ရုံးခန်းတွင် ပြုလုပ်ခဲ့သော မွတ်ဆလင် ဒုက္ခသည်မျာအား အိမ်ယာဆောက်လုပ်ရေး ညှိနိုင်း အစည်းအဝေးမှာ အငြင်းပွားမူများကြောင့် အစည်းအဝေး ပျက်ကာ ရပ်နားလိုက်ရသည်ဟု ဆိုသည်။

အစည်းအဝေးကို တက်ရောက်ခဲ့သူ တစ်ဦးက အိမ်ယာဆောက် လုပ်ရေးနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်၏ ရှေ့နောက် စကားမညီရာမှ ကန်ထရိုက် ရထားသူများနှင့် အငြင်းပွားသဖြင့် အစည်းအဝေးကို ရပ်နားလိုက်ရသည်ဟု ဆိုသည်။

“ ၀န်ကြီးချုပ် အရင်ပြောထားတာက ၈ ခန်းတွဲ အဆောင်တွေ ဆောက်ပေးဖို့ ပြောထားပါတယ်။ မနေ့က အစည်းအဝေးမှာတော့ လုံချင်း အိမ်ယာတွေ ဆောက်ပေးရမယ်လို့ ပြောတယ်။ အဲသလို ပြောဆိုရာမှာ စကားများကြပြီး အစည်းအဝေးကို ရပ်နားလိုက်ရတာပါ” ဟု ဆိုသည်။

ယခုကဲ့သို့ ရပ်နားလိုက်ရသဖြင့် လာမည့် (၂) ရက် အတွင်း အစည်းအဝေးအား ပြန်လည် ပြုလုပ်မည်ဟု ဆိုသည်။

“ အခု ဖြစ်တဲ့ ပြဿနာက ကျွန်တော်တို့က အဆောင် တန်းလျားတွေ မဟုတ်ရင် မဆောက်နိုင်ဘူး။ လုံချင်း အိမ်ယာတွေ ဆောက်မှာကို ရခိုင်တွေဘက်က ဆန့်ကျင်နေတယ်။ သူတို့က နိုင်ငံသား ဟုတ်မဟုတ်ကို မစိစစ်ဘဲ လုံချင်းအိမ်ယာတွေ မဆောက်ပေးနဲ့လို့ တောင်းဆိုထားတယ်။ ဒါကို သွားဆောက်ပေးရင် ကျွန်တော်တို့ ဆောက်တဲ့ လူတွေအတွက်ပါ ပြဿနာ တက်နိုင်တယ်။ ဒါကြောင့်ကျွန်တော်တို့က လုံးချင်းအိမ်ယာတွေဆိုရင်တော့ ကန်ထရိုက် ယူနိုင်မှာ မဟုတ်ဘူးလို့ ပြောဆိုရာကနေ စကားများပြီး အစည်းအဝေးကို ရပ်နားလိုက်ရတာ ဖြစ်ပါတယ်” ဟု ဆိုသည်။

မွတ်ဆလင် ဒုက္ခသည်များအတွက် အိမ်ယာဆောက်လုပ်ရေးကို ဆောက်လုပ်ရေး ကုမ္ပဏီ ၃၉ ခုမှ ကန်ထရိုက်ရထားပြီး အစည်းအဝေးသို့ လုပ်ငန်းရှင်များအားလုံး တက်ရောက်ခဲ့ကြသည်ဟု ဆိုသည်။

အဆိုပါ ကန်ထရိုက် ရထားသူများ အနေဖြင့် မိသားစု (၈) စု နေထိုင်မည့် အိမ်ခန်းတွဲ (၈) ခုပါ အဆောင်တစ်ခုကို ကျပ်ငွေ ၃၆ သိန်းစီဖြင့် ဆောက်လုပ်ရန် ကန်ထရိုက် ရထားသည်ဟု ဆိုသည်။

ယမန်နေ့က အစည်းအဝေးတွင် ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်မှ အိမ်ခန်းတွဲများ အစား ၁၂ ပေပတ်လည် လုံးချင်းအိမ်ယာများ တစ်လုံးကို (၅) သိန်းကျစီဖြင့် ဆောက်လုပ်ရန် ညွှန်ကြားခဲ့သည်ဟု ဆိုသည်။ လုံးချင်းအိမ်များကို ဆောက်နိုင် မဆောက်နိုင်ကို (၂) ရက်အတွင်း အကြောင်းပြန်ရန်လည်း ကန်ထရိုက်ရထားသော ကုမ္ပဏီများကို ပြောကြားခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ ပြည်နယ် အစိုးရမှ ပြတ်ပြတ်သားသားမဟုတ်ဘဲ ရှေ့တမျိုးနောက်တမျိုး ပြောဆိုနေသဖြင့် ပြဿနာမှာ ပိုမို ကြီးထွားလာနိုင်သည်ဟု အမည်မဖေါ်လိုသူ စစ်တွေမှ နိုင်ငံရေး သမား တစ်ဦးက ပြောသည်။

“ အခု ရခိုင်တွေဘက်ကလည်း နိုင်ငံသား ဟုတ်မဟုတ်ကို မစိစစ်ခင်မှာ တန်းလျားတွေ ဆောက်ပြီးထားမှာကို သဘောတူထားတယ်။ ဒါကြောင့် ပြဿနာက လောလာဆယ်မှာ ပြေလည်နေပြီ။ ဒါကို ပြန်ပြီး လုံးချင်း အိမ်ယာတွေ ဆောက်ခိုင်းရင် ပြဿနာက ပြန်တက်နိုင်တယ်။ ဆန္ဒပြမူတွေ ပြန်ပေါ်လာပြီး အခြေအနေ ရှုတ်ထွေး လာနိုင်တယ်။ အစိုးရ အနေနဲ့ ပြတ်ပြတ်သားသား ပြောတဲ့ အတိုင်း လုပ်ဖို့လိုပါတယ်” ဟု ဆိုသည်။

လုံးချင်းအိမ်ယာများ ဆောက်လုပ်ပေးရန် ညွှန်ကြားမူနှင့် ပတ်သက်ပြီး ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်အား စစ်တွေတွင် ဝေဖန်မူများ ပြင်းပြင်းထန်ထန် ပေါ်ပေါက်နေပြီး စွပ်စွဲတိုက်ခိုက်မူများလည်း ပေါ်ပေါက်နေသည်ဟု သိရသည်။

“ ဒီညွှန်ကြားချက်က နေပြည်တော်က လာတာ ဖြစ်မယ်။ ဒါကြောင့် ဦးလှမောင်တင် တစ်ဦးတည်းကို အပြစ် ပုံချလို့ကတော့ ရနိုင်မယ် မထင်ဘူး။ အထက်က ညွှန်ကြားချက်မရှိဘဲ ဒီလောက် အရေးကြီးတဲ့ လုပ်ငန်းကို ဦးလှမောင်တင် တစ်ဦးတည်း သဘောနဲ့ လုပ်မယ်လို့ ကျွန်တော်က မယူဆဘူး” ဟု နိုင်ငံရေး သမားက ဆိုသည်။

ယခုအခါ မိုးရာသီလည်း နီးလာပြီ ဖြစ်ပြီး နိုင်ငံတကာမှလည်း မြန်မာ အစိုးရ အပေါ် ဖိအားများ တိုးပွား လာနေပြီး တချိန်တည်းတွင် ရခိုင်လူထုဘက်မှလည်း လုံချင်း အိမ်ယာဆောက်လုပ်ပေးမူ အပေါ် ဆန့်ကျင်ကန့်ကွက်မူများ ရှိနေသဖြင့် မြန်မာ အစိုးရ အနေဖြင့် မည်သို့ ဆောက်ရွက်ရမည်ကို မဆုံးဖြတ်နိုင်ဘဲ အကျပ်ရိုက်လျှက် ရှိနေကြောင် သတင်း ရရှိသည်။

narinjara

ဘာသာရေးနှင့် လူမျိုးရေး အကြမ်းဖက်မှုများ အမေရိကန် စိုးရိမ်ပူပန်

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများ ဖြစ်ပွါးခဲ့သော ဒေသများရှိ လူနည်းစုများ အခြေအနေနှင့် စပ်လျဉ်း၍ စိုးရိမ်ပူပန်ကြောင်း အမေရိကန်နိုင်ငံက ထုတ်ဖော်ပြောကြားလိုက်သည်။

အလားတူ အကြမ်းဘက်မှုများ ထပ်မံ မပေါ်ပေါက်စေရေးအတွက် လျော်ကန်သည့် အစီအစဉ်များ ချမှတ်
ဆောင်ရွက်ပါရန်လည်း တောင်းဆိုလိုက်သည်။

“မြန်မာနိုင်ငံတွင်း ဖြစ်ပွါးခဲ့တဲ့ ဘာသာရေးနဲ့ လူမျိုးရေးအရ လူနည်းစုများအပေါ် လူအုပ်စုနဲ့ အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်းများအပေါ် ကျနော်တို့ စိုးရိမ်ပူပန်မှုရှိဆဲ ဖြစ်ပါတယ်။ အလားတူ အကြမ်းဖက်မှုတွေ ထပ်မံ မပေါ်ပေါက်စေရေးအတွက် သင့်တင့် လျော်ကန်တဲ့ ခြေလှမ်းတွေ လှမ်းပါရန်လည်း မြန်မာနိုင်ငံအစိုးရကို ကျနော်တို့ ဆက်လက်တောင်းဆိုပါတယ်။ အကြမ်းဖက် ခံရသူတွေအပေါ် အကာအကွယ် အထောက်အပံ့တွေ ပေးဖို့၊
ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်တွေနဲ့ အခြား အလားတူ လိုအပ်နေသောသူတွေဆီ လူသားချင်း စာနာတဲ့ အကူအညီ အထောက်အပံ့တွေ ပုံမှန် အဆီးအတားမရှိ အချိန်မီ ရောက်ရှိစေရန် အတွက်လည်း တောင်းဆိုပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပက်ထရစ် ဗင်ထရဲလ် (Patrick Ventrell) က တနင်္လာနေ့က ပြောကြားလိုက်ကြောင်း PTI သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

၎င်းက ဆက်လက်၍ “လူ့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့၊ အခြေခံ လွတ်လပ်ခွင့်တွေကို လေးစား လိုက်နာဖို့ အစိုးရ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းများက ကိုယ်စားလှယ်များကို ကျနော်တို့အလေးပေး ပြောဆိုပါတယ်။ မြန်မာနိုင်ငံတွင်း ထာဝရ တည်တံ့မယ့်ငြိမ်းချမ်းရေးဆီ ရှေးရှုချီတက်ရန်
မှာ ပြန်လည် ပေါင်းစည်းရေး၊ နစ်နာမှုများကို ဖြေရှင်းပေးရေး၊ ပြန်လည် ရင်ကြားစေ့ရေးတို့နဲ့သာ လုပ်ဆောင်နိုင်မှာ
ဖြစ်ပါတယ်” ဟု ဗင်ထရဲလ် က ထည့်သွင်းပြောကြားသွားသည်။

မြန်မာအာဏာပိုင်များနှင့် ထိတွေ့ဆက်ဆံမှုကို အမေရိကန်က ဆက်လက်ပြုလုပ်သွားမည်ဟုလည်း သူက ဆက်လက်ပြောဆိုလိုက်သည်။

“ထိခိုက်နစ်နာခဲ့တဲ့ လူ့အသိုင်းအဝိုင်းတွေအတွက် တရားမျှတမှု ရှိစေရေး ဆောင်ရွက်ပေးဖို့၊ အကြမ်းဖက်မှုများရဲ့ အရင်းခံ အကြောင်းတရားတွေကို ဖြေရှင်းဆောင်ရွက်ပေးဖို့၊ အလားတူ ပဋိပက္ခတွေ ထပ်မံဖြစ်ပွါးစေခြင်း မရှိဘဲ တိုင်းရင်းသားလူမျိုးစုများ အတူယှဉ်တွဲနေထိုင်နိုင်စေရေး လိုအပ်တဲ့ အစီအစဉ်တွေ ချမှတ်ဆောင်ရွက်ရန် တို့ကိုလည်း မြန်မာအစိုးရကို ဆက်လက် တိုက်တွန်းသွားမှာ ဖြစ်ပါတယ်” ဟု ပက်ထရစ် ဗင်ထရဲလ် က
ပြောဆိုလိုက်သည်။

၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွါးခဲ့သော အကြမ်းဘက်မှုကို စုံစမ်းစစ်ဆေးရန် လွတ်လပ်သည့် စုံစမ်းရေး
ကော်မရှင်တရပ်ကို မြန်မာနိုင်ငံကဖွဲ့စည်းဆောင်ရွက်လျက်ရှိပြီး မကြာမီ အစီရင်ခံစာ ထုတ်ပြန်နိုင်လိမ့်မည်ဟုလည်း သူက ဆက်လက်ပြောဆိုသည်။

“ရခိုင်ပြည်နယ်အတွင်း လူမျိုးတုံး သတ်ဖြတ်မှုများ ဖြစ်ပွါးခဲ့သည်ဟု အမေရိကန်ပြည် ထောင်စုက ယုံကြည် ပါသလား” ဟု အတိအလင်း မေးမြန်းချက်တခုကိုလည်း “ဒီလိုသတင်းတွေ ထွက်ပေါ်နေတာကို ကျနော်တို့ သိရှိပါတယ်။ ပေါ်ပေါက်လျက်ရှိတဲ့ အခြေအနေတွေကို အမေရိကန် ပြည်ထောင်စုက အနီးကပ် ဆက်လက်
စောင့်ကြည့်လေ့လာလျက် ရှိပါတယ်။ သတင်းအချက်အလက်တွေ ရရှိလာတဲ့ အခါလည်း ဒါတွေကို ထည့်သွင်း စဉ်းစားပါတယ်။ ဒီလို စွပ်စွဲချက်တွေ ထွက်ပေါ်လာတိုင်းလည်း စုံစမ်းလေ့လာမှုတွေ ပြုလုပ်ပါတယ်” ဟု အမေရိကန် အစိုးရ ပြောရေးဆိုခွင့်ရှိသူ မစ္စတာသူ ပက်ထရစ် ဗင်ထရဲလ် က ဖြေကြားသွားကြောင်း ဝါရှင်တန်မှ ပေးပို့သည့် PTI သတင်းတရပ်တွင် ရေးသားထားသည်။

မဇ္ဈိမ

1500တန် CDMA 800Mhz ဆင်းကဒ် စတင် အသုံးပြုနည်း

သတိပြုရန် – 450Mhz hendset အတွင်း ထည့်သွင်း မသုံးမိစေရန်။

ပထမဦးစွာ ကဒ်ချိုးပြီး 800Mhz ဟန်းဆက်အတွင်းထည့်လိုက်ပါ။ ပြီးရင် လိုင်းပေါ်လာအောင် စောင့်ပါ။ လိုင်းတက်လာပြီဆိုလျှင် မိမိနီးစပ်ရာ ဖုန်းတစ်လုံးကို ခေါ်လိုက်ပါ။ လိုင်းမဝင်သော တီတီတီ အသံကြားလျှင် ပြန်ချလိုက်ပါ။ နောက်တစ်ကြိမ် ပြန်ခေါ်ပါ။ ပြီးလျှင် ပြန်ချထားလိုက်ပြီး ခေတ္တစောင့်လိုက်ပါ။
003456 မှ အောက်ပါအတိုင်း Message ပေးပို့ပါလိမ့်မည်။

Dear 959330—–, You have been Activated. Your balance is (credit)300.00and will be expired at 2013-05-09 00:00:00.

ထို message ဝင်လာလျှင် စတင် အသုံးပြုနိုင်ပါပြီ။
ဖုန်းအတွင်း ပါဝင်သော ၃၀၀ကျပ်မကုန်မီ ၅၀၀၀တန် ငွေဖြည့်ကဒ်ကို ထည့်သွင်း ပေးရမည် ဖြစ်ပါသည်။

ငွေဖြည့်ရန် code မှာ
*124*ခဲခြစ်နံပတ် ၁၈လုံး#
ဖြစ်သည်။ ငွေလက်ကျန် မေးရန်မှာ *123 ဖြစ်သည်။

အဆိုပါ ၁၅၀၀တန် ဆင်းကဒ် ပျောက်ဆုံး ပျက်စီးမှုရှိပါက သက်ဆိုင်ရာ ဖုန်းမန်နေဂျာရုံးသို့ ဆက်သွယ်ပြီး အခမဲ့ ပြန်လည်လျှောက်ထားနိုင်သည်ဟု ကြေညာထားပါသည်။အဝင်ခေါ်ဆိုမှုအတွက် ပေးဆောင်ရန်မလိုဘဲ အထွက်ခေါ်ဆိုမှုအတွက် တစ်မိနစ်လျှင် ၅၀ ကျပ်သာ ကျသင့်မည် ဖြစ်ပြီး အင်တာနက် သုံးစွဲမှုအတွက် တစ်မိနစ်လျှင် ၄ကျပ်ကုန်ကျမည် ဖြစ်ပြီး မကြာမီကာလတွင် အင်တာနက်လျှောက်ထားနိုင်မည်ဟု သိရှိရပါသည်။

၁၅၀၀တန်ဖုန်းသုံးစွဲသူများ အဆင်ပြေကြပါစေ…

Ref & Credit to လင်းယံခ (မြန်မာစာ)

“ဦးပိုင်ကုမ္ပဏီ လယ်သမားတွေကို အကြမ်းဖက်ပြီ” – ကိုဟန်ဝင်းအောင်

ဒီနေ့မနက် (၉) နာရီတွင် ဆည်တည်းကျေးရွာနေ မရီရီဝင်း ပိုင် မြေကွက်၌ လယ်သမားများ ထွန်ယက်နေစဉ် လုံထိန်းအင်အား(၅၀၀) ဖြင့် လယ်သမားများကို ဝင်ရောက်ရိုက်နှက်ဖမ်းဆီးသည်။

ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်မှ ကိုအောင်စိုး
အပါအဝင်(၆) ဦးခန့်ကို ဖမ်းဆီးသွားပြီး ကျန်နေသူများကို ထပ်မံရိုက်နှက်နေပါသည်။

မိုးကြိုးပြင် ရွာနေ ကိုဝင်ကျော် ပိုင် မြေကွက်ရှိလယ်သမားများ အားလည်း ဝင်ရောက်ရိုက်နှက်။

မြန်မာနိုင်ငံဝိဇ္ဇာသိပ္ပံတက္ကသိုလ်ကျောင်းသားများကွန်ယက်တာဝန်ခံ ကိုသောင်းထိုက် အား အကြမ်းဖက်ဖမ်းဆီးသော်လည်း လယ်သမားများပြန်လည်လုယူနိုင်၍ လွတ်မြောက်ခဲ့။

ယခုအချိန်တွင် လုံထိန်းများနှင့် ဒေသခံရွာသားများ နှစ်ဖက်ရင်ဆိုင်နေကြပြီး ရန်ကုန်ပြည့်သူအကျိုးဆောင်ကွန်ယက်မှ သတင်းမှတ်တမ်းသမား ကိုသူ သည် လုံထိန်းများ၏သေနတ်ဒင်ဖြင့် ထု၊ စစ်ဖိနပ်ဖြင့် ဝိုင်းကန်ခံရသောကြောင့် ကင်မရာကွဲပြီး လူမှာပြင်းထန်စွာ ဒဏ်ရာရထားသည်။

(၂၅-၄-၂၀၁၃) မနက် (၉) နာရီ
လက်ပန်တောင်းတောင်ဒေသ ပြည်သူ့အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးကော်မတီ

မြစ်ကြီးနားမြို့မှ မွတ်စလင်မ်များ အကြမ်းဖက်ခံရမှာကို စိုးရိမ်ထိတ်လန့်နေရ

မြစ်ကြီးနားမြို့ ဗုဒ္ဓဘာသာများနေထိုင်တဲ့ ရပ်ကွက်တွေမှာ မွတ်စလင်မ်တွေကို အကြမ်းဖက်ဖို့၊ တိုက်ခိုက်ဖို့ လှုံ့ဆော်စာတွေကို ညအိပ်ချိန်တွေမှာ အိမ်တွေဆီ လိုက်ပစ်နေတာ သုံးရက်ရှိပြီလို့ မြစ်ကြီးနားမြို့ခံ ဗုဒ္ဓဘာသာဝင်တစ်ဦးထံမှ သိရပါတယ်။

`ပြောပြတဲ့သူက ကျနော့်သူငယ်ချင်းပါ။ ဘူတာရပ်ကွက်မှာနေတဲ့သူပါ။ သူကကျနော်တို့နဲ့ အရမ်းရင်းနှီးနေလို့ ပြောပြတာပါ။´

`မင်းတို့ မွတ်စလင်မ်တွေကို အကြမ်းဖက်တိုက်ခိုက်တဲ့အခါ ပါဝင်ကြဖို့ လှုံ့ဆော်နေတာတဲ့။ မင်းတို့ သတိနဲ့နေကြပါတဲ့။´

အခုလို အကြမ်းဖက်မှုတွေကို မြစ်ကြီးနားမှာရှိတဲ့သူတွေ လုပ်နေတာလဲ မဟုတ်ကြောင်း ကျနော့်သူငယ်ချင်းကပဲ ပြောဆိုသွားပါတယ်။ အခုလိုလိုက်ဝေနေတာတွေက မျက်နှာစိမ်းတွေ ဖြစ်နေတယ်ဆိုတဲ့အကြောင်း ပြောသွားပါတယ်။ သူငယ်ချင်းမို့ ပြောပြတာပါတဲ့။

သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့လဲ မသိချင်ယောင်ဆောင်နေကြပါတယ်။ စာတွေ ဖြန့်ဝေနေတာ၊ ခြိမ်းခြောက်စာတွေပစ်နေတာ ဒီရက်ပိုင်းမှာ ပိုဆိုးနေပါပြီ။ ပြဿနာတွေဟာ ယခုထိတော့ မဖြစ်သေးတာဘဲရှိတယ်။ ဖြစ်တော့မယ့် အခြေနေဟာ နီးစပ်နေပါပြီ။ အစ္စလာမ်ဘာသာဝင်များဘက်က စိုးရိမ်ထိတ်လန့်နေရပါတယ်။

မိတ္ထီလာမြိုမှာ ၂၃ ရက် ညပိုင်းမှာ မီးကွင်းပစ်၊ ဒုက္ခသည်စခန်းများမှာ အဆင်မပြေမှုများနေ၊ ဒုက္ခသည်တွေကို အိမ်ပြန်ခွင့်ပြုတော့မည့် သတင်းများထွက်ပေါ်

၂၃-၄-၂၀၁၃ ညပိုင်းတွေ မိတ္ထီလာမြို့မှာ လုံခြုံရေးတွေ အထပ်ထပ် ချပေးထားတာတောင် မွတ်စလင်မ် လဘက်ရည်ဆိုင် (ကိုစလင်းဆိုင်) ကို ညပိုင်းမှာ မီးကွင်းလာပစ်သွားပါသေးတယ်။

နောက်တစ်ခုက မိတ္ထီလာမြိုမှာရှိတဲ့ ဒုက္ခသည်စခန်းမှာ ရှိနေသူတွေကို ၂၄-၄-၂၀၁၃ နေ့ အိမ်ပြန်သွားရမယ်ဆိုပြီ အခုချိန်ထိ သွားခွင့်မရပါဘူး။

အကျယ်ချူပ်ပုံစံမျိုး လုပ်ထားပါတယ်။ ဘယ်ကိုမှလဲ ထွက်ခွင့်မပေးထားသလို စားသောက်မှု၊ နေရေး၊ ထိုင်ရေး၊ တကိုယ်ရေ သန့်ရှင်းရေးတွေ လုပ်ဖို့တောင် အဆင်မပြေပါဘူး။

နေ့ခင်းပိုင်းတွေဆိုရင် ဘောလုံးကွင်းထဲမှာ တစ်နေကုန်ပူပြီး နေရတာ သိပ်ကို ကျဉ်းကျပ်လွန်းပါတယ်။ ညပိုင်းရောက်ပြန်တော့လဲ နေ့ခင်းတုန်းက ပူတဲ့အပူချိန်တွေနဲ့ ဘယ်လိုမှကို အိပ်လို့မရပါဘူး။

ကျန်းမာပိုင်းမှာဆိုရင်လဲ လူကြီးတွေကိုမပြောနဲ့ လူငယ်တွေတောင် ကျန်မာရေး ထိခိုက်မှုတွေ ရှိနေပါတယ်။

ဘောလုံးကွင်းထဲမှာရှိတဲ့သူတွေကတော့ အသက်ရှင်ချင်စိတ်တွေကို မရှိတော့ပါဘူး။ သေသွားတာမှ နားအေးမယ်ဆိုပြီး စိတ်ဓါတ်ကျစွာ ပြောဆိုနေတဲ့ သူတွေလဲ ရှိနေပါပြီ။

သို့ပါသောကြောင့် အလင်းမျက်ဝန်း မီဒီယာမှတဆင့် သက်ဆိုင်ရာတာဝန်ရှိသူတွေကို ပြောကြားလိုပါတယ်။

ပေးပို့သူ >> မိတ္ထီလာ အလင်းမျက်ဝန်းစီဂျေအဖွဲ့

http://www.teol-mm.info/2013/04/blog-post_25.html

မြန်မာ ပဋိပက္ခ အပေါ် စိုးရိမ် မကင်းလို့ အင်ဒိုနီးရှားပြော

အင်ဒို နီးရှား နိုင်ငံ သမ္မတ ဆူဆီလို ဘမ်ဘန် ယူဒိုရိုနိုရဲ့ မြန်မာ နိုင်ငံ ခရီးစဉ် အတွင်း မြန်မာ နိုင်ငံ မှာ ဖြစ် ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးဆန်တဲ့ပဋိပက္ခ တွေအပေါ် စိုးရိမ်မကင်း ဖြစ် မိကြောင်း ထုတ်ဖာ် ပြော ဆိုခဲ့ ပါ တယ်။

မြန်မာ နိုင်ငံမှာ ဖြစ်ခဲ့တဲ့ ပ ဋိ ပ က္ခ တွေ အ ကြောင်း နဲ့ မြန်မာ နိုင်ငံမှာ ဖြစ်နေတဲ့ဒီမိုကရေစီ ပြုပြင် ပြောင်း လဲ မှုတွေ အကြောင်းကို အင်ဒို နီးရှား နိုင်ငံ သမ္မတနဲ့ မြန်မာ နိုင်ငံ သမ္မတတို့ ဆွေးနွေး ခဲ့ကြတယ် လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာ လယ်ဂါဝါက ပြောပါတယ်။

သမ္မတ ဆူဆီလို ဘမ်ဘန် ယူဒိုရိုနို နဲ့အတူ မြန်မာ နိုင်ငံကို လိုက်ပါ သွားတဲ့ နိုင်ငံခြားရေး ဝန်ကြီး မာတီနာ တယ်လယ် ဂါဝါက မြန်မာ အစိုးရ အနေနဲ့ ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး အကောင်းဆုံး ဖြေရှင်း သွားမယ်လို့ အင်ဒိုနီးရှား အစိုးရက ယုံကြည်ကြောင်း ပြောခဲ့ ပါတယ်။

လူဦးရေ အားဖြင့် သန်းပေါင်း ၂၅၀ လောက် ရှိတဲ့ အင်ဒို နီးရှား နိုင်ငံဟာ ကမ္ဘာပေါ်က အစ္စလာမ် ဘာသာ ဝင်တွေ အများဆုံး ရှိရာ နိုင်ငံ ဖြစ်ပါတယ်။

အင်ဒို နီးရှား သမ္မတရဲ့ မြန်မာ နိုင်ငံ ခရီးစဉ် အတွင်း နှစ်နိုင်ငံ ကုန်သွယ်ရေး တိုးမြှင့်ရေးနဲ့ နှစ်နိုင်ငံကြား နားလည်မှု စာချွန်လွှာ တချို့လည်း လက်မှတ် ရေးထိုး ခဲ့တယ်လို့ သိရပါတယ်။

http://burmese.rohingyablogger.com/2013/04/blog-post_25.htm