ပသီဇော်မင်းထွန်းမှ နေမျိုးဝေသို့ ချေပစာ

 

 

 
(၀ဲဘက်) အစ္စလာမ်ကို ရိုင်းစိုင်းစွာ စော်ကားနေသူ မတူကွဲပြားခြင်းနဲ့ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ နေမျိုးဝေ (အင်္ကျီအကြားဝတ်ထားသူ)နှင့် (ညာဘက်) ဟာဂျီဘေလားလ်(ခ)ပသီဇော်မင်းထွန်း

 

ကိုနေမျိုးဝေ (မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌကြီး) ခင်ဗျား…

 

လူကြီးမင်းရေးသားနေသော ပိုစ်များကိုဖတ်ရပါတယ်။ လူကြီးမင်းလို ပါတီကြီးတခု၏ တာဝန်အကြီးဆုံးယူထားတဲ့သူက ကျမ်းတော်မြတ်ကုရ်အာန်ကို လေ့လာလိုက်စားနေတာ သိရတော့
အလွန်အမင်း ၀မ်းမြောက်ဝမ်းသာ ဂုဏ်ယူမိပါတယ်ခင်ဗျာ။

 

လူကြီးမင်း သတိလက်လွတ်ဖြစ်နေတာလေး တစ်ခုကို ထောက်ပြချင်ပါတယ်။ ကျမ်းတော်မြတ် ကုရ်အာန်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၄၀၀)ကျော်က မဟာတမန်တော်မြတ် (PBUH) ထံ ကောင်းကင် တမန်ကြီးမှတဆင့် အလ္လာဟ်အသျှင်မြတ်မှ သူ့အချိန်နဲ့သူ လိုအပ်သလို (၂၃)နှစ်တာကာလ အတွင်းမှာ ချမှတ်ထုတ်ပြန်ခဲ့တဲ့ ကောင်းကင်ကျ ကျမ်းတစောင် ဖြစ်ပါတယ်။

 

လူကြီးမင်းတို့ နားလည်ထားသလို လူရေးကျမ်း မဟုတ်သလို လူညီရင် ခဏခဏ ထပြင်လို့ရတဲ့ ကျမ်းတစောင် ပေတဖွဲ့လဲ မဟုတ်ပါဘူး။

 

ရှင်ကြီး ဂေါတမရဲ့ ပိဋကတ်သုံးပုံတောင် သီရိလင်္ကာမှာ သက္ကတနဲ့ ရှိနေပြီး ကျနော်တို့နိုင်ငံမှာ ပါဠိနဲ့ ရှိနေပါတယ်။

 

  • သက္ကတလို ရှိနေတဲ့ ပိဋကတ်သုံးပုံကို သုံးကြိမ်သုံးခါပဲပြင်ပြီး (သံဃယနာတင်ပြီး) ပေမယ့်၊ ပါဠိလိုဖြစ်တဲ့ ပြည်တွင်းက ပိဋကတ်သုံးပုံက ဘာဖြစ်လို့ ခြောက်ကြိမ်ထိ ပြင်ထားရပါသလဲ?
  • မဟာယန ဗုဒ္ဓဘာသာနဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာတို့ တက်တက်စင်အောင် ကွဲနေတာတွေ ဘာကြောင့်ရှိနေတာလဲ?
  • ထေရ၀ါဒချင်း အတူတူလို့ ပြောနေတဲ့ မိုးပြာဂိုဏ်းကိုရော လူကြီးမင်း ဘယ်လိုမြင်ပါသလဲ?
  • ဇင်နဲ့ ထေရ၀ါဒ ဘာလို့ ကွဲနေတာလဲ?
  • ထေရ၀ါဒလို့ပြောနေသူအများစုဟာ ဘာကြောင့် နတ်ကိုလဲ? ပူးတွဲ ကိုးကွယ်နေတာလဲ?
  • အရိမ္မတေယ မြတ်စွာဘုရား ပွင့်မယ့်ကိစ္စကို ဘယ်လိုယုံကြည်ထားပါသလဲ?

 

ဘာသာတရားတခုကို အရေပြားပေါ် အယားပြေယုံလောက် သိရုံလောက်နဲ့ ဝေဖန်မယ်ဆိုရင်…

 

လူကြီးမင်းလိုချင်တဲ့ အေးငြိမ်းသာယာတဲ့ လူ့ဘောင်အဖွဲ့အစည်းကို ရမှာမဟုတ်ပါဘူး။

 

အစွဲတွေကိုဖြုတ်၊ နှလုံးသားကိုဖွင့်ပြီး ဆွေးနွေးမယ်ဆိုရင်…

 

လူကြီးမင်းကို အချိန်မရွှေး လက်ကမ်းကြိုမယ့်သူတွေ အများကြီးပါခင်ဗျာ။

 

သို့ပေမယ်…

 

ကျားကျားမီးယပ်လုပ်နေမယ်…
ငါ့စကားနွားရပြောနေရင်တော့…
ရွှေပြည်တော်… မျှော်တိုင်းဝေးနေအုန်းမှာပါပဲ ခင်ဗျာ။

 

ကျေးဇူးတင်ပါတယ်

 

ဇော်မင်းထွန်း(ခ)စိုက်ယဒ်ဟာဂျီဘေလားလ်နူးရ်

Leave a comment