Daily Archives: January 4th, 2013

ပင်လုံစာချုပ်

ပင်လုံစာချုပ် ရှိရင် တွေ့ဘူးချင်တယ်.. တင်ပေးပါ လို့ ပြောသော သူငယ်ချင်းများ အတွက်ပါ..။ new tab နဲ့ဖွင့်ပြီး view image, save as လုပ်ပြီး မှ zoom နဲ့ ဆွဲပြီးကြည့်မယ်ဆိုရင်တော့ ဖတ်လို့ရပါတယ်..။ အကယ်၍ ဒီထက်ကြည်လင်ပြတ်သားသော (သို့) မူရင်းအတိုင်း အင်္ဂလိပ်လို ပြန်လည်ရေးထားတာ ရှိတဲ့သူတွေ အနေ နဲ့ လည်း ပြန်ပြီးဝေမျှပေးစေချင်ပါတယ်..။

ကော့မင့်မှာ သိချင်တာကို ပြန်ဖြေပေးတဲ့ Arif Kassim ကျေးဇူးပါ..။ ကော့မင့်မှာက တချို့ မမြင်မိမှာစိုးလို့ မူရင်း အဂ်လိပ်လို ရေးထားတာ ဒီလင့်မှာ ဖတ်ကြည့်လို့ရပါတယ်..။ >>: http://www.encburma.net/index.php/agreements/43-agreements/159-the-panglong-agreement.html

ရခိုင် စုံစမ်းရေးအဖွဲ့မှာ အဖွဲ့ဝင်ဘယ်နှစ်ဦးလဲ ? (၂၇)ဦးလား ? (၂၅)ဦးလား ?

M-Media
မောင်လျောက် (မြန်မာမြေ)

ရခိုင်ပြည်နယ်စုံစမ်းရေးအဖွဲ့မှာ အဖွဲ့ဝင်ဘယ်နှစ်ဦးလဲ ? (၂၇)ဦးလား ? (၂၅)ဦးလား ? သမ္မတပြောတာ အမှန်လား ? စုံစမ်းရေးကော်မရှင်ကပြောတာ အမှန်လား ?

about rakhine com

ရခိုင်ပြည်နယ်စုံစမ်းရေးကော်မရှင်ကို နိုင်ငံတော်သမ္မတဦးသိန်းစိန်က (၁၇.၈.၂ဝ၁၂)ရက်နေ့မှာ (၂၇)ဦးနဲ့ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။ (ကြည့် … သမ္မတရုံး အမိန့်ကြော်ငြာစာအမှတ် (၅၈/၂ဝ၁၂) ) အဲဒီကော်မရှင်မှာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး(၃)ဖွဲ့က (၆)ဦးကို အဖွဲ့ဝင်များအဖြစ် တာဝန်ပေးခဲ့ပါတယ်။

(၁.၁၁.၂ဝ၁၂)ကြာသပတေးနေ့တွင် ကော်မရှင်မှာပါဝင်တဲ့ အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ်က ဥက္ကဋ္ဌဟာဂျီဦးညွန့်မောင်သျှိန်နဲ့ အတွင်းရေးမှူးဟာဂျီ ဦးတင်မောင်သန်းတို့ကို ကော်မရှင်က ထုတ်လိုက်ပြီဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့၏ ညွှန်ကြားချက်အရ Myanmar Egress ရဲ့ ရုံးအဖွဲ့မှူး အငြိမ်းစား ဗိုလ်မှူးထန်ကျင်ထောင်းက ဖုန်းဆက်ပြီးပြောကြောင်း ကာယကံရှင်များနှင့်နီးစပ်သူ ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဟာဂျီဦးမြင့်ထွန်း၏ ပြောကြားချက်အရ သိရှိရပါသည်။

ဟာဂျီဦးညွန့်မောင်သျှိန်နဲ့ ဟာဂျီဦးတင်မောင်သန်းတို့ ကော်မရှင်စည်းကမ်းကို ဖောက်ဖျက်တဲ့ အတွက် ကော်မရှင်ကထုတ်ကြောင်း ကော်မရှင် အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်နဲ့ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြတဲ့ ဦးသူရ(ခ) ဇာဂနာနဲ့ ဒေါ်ဝါဝါထွန်းတို့ရဲ့ ပြောကြားချက်များကိုလည်း ဂျာနယ်များမှာ ဖတ်ရပါတယ်။

ယနေ့တိုင် သူတို့ကို ကော်မရှင်ကထုတ်ကြောင်း တရားဝင်အကြောင်းကြားစာ လက်ခံရရှိခြင်း မရှိသေးကြောင်း ဟာဂျီဦးညွန့်မောင်သျှိန်နဲ့ ဟာဂျီဦးတင်မောင်သန်းတို့နှင့် နီးစပ်သူများထံမှ သိရပါတယ်။ ကြားဖြတ် အစီရင်ခံစာတင်ဖို့ အစည်းအဝေးသို့လည်း ဟာဂျီဦးညွန့်မောင်သျှိန်နဲ့ ဟာဂျီဦးတင်မောင်သန်းတို့ကို ဖိတ်ကြားခြင်းမရှိကြောင်းသိရပါတယ်။

သို့သော်လည်း (၂ဝ.၁၁.၂ဝ၁၂)နံနက်(၁ဝး၎ဝ) နာရီတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က အင်ဒိုနီးရှားနိုင်ငံသမ္မတနှင့် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌တွေ့ဆုံဆွေးနွေးရာတွင် ရခိုင်အရေးကိစ္စနှင့် စပ်လျဉ်း၍လည်း အဖွဲ့ဝင်(၂၇)ဦးပါ စုံစမ်းရေးအဖွဲ့ကိုလည်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့သည်ကို (၂၁.၁၁.၂ဝ၁၂)ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖတ်ရှုရပါသည်။

သို့ရာတွင် (၃၁.၁၂.၂ဝ၁၂)ရက်နေ့ထုတ် The Messenger အတွဲ(၃) အမှတ်(၃၂) စာမျက်နှာ (D3)တွင် “ဇန်နဝါရီလ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ်ကိုသွားမှာက အဖွဲ့ဝင်(၂၅)ဦးစလုံး သွားရမှာပါ”ဟု ဦးသူရ(ခ)ဇာဂနာက ပြောသည့်သတင်းကို ဖတ်ရပါသည်။

ဒါကြောင့် ကျွန်တော်သိချင်တာက “ ရခိုင်ပြည်နယ်စုံစမ်းရေးအဖွဲ့မှာ အဖွဲ့ဝင်ဘယ်နှစ်ဦးလဲ ?
(၂၇)ဦးလား ? (၂၅)ဦးလား ? သမ္မတပြောတာအမှန်လား ? စုံစမ်းရေးကော်မရှင်ကပြောတာအမှန်လား ? ”
သမ္မတရဲ့ အထက်မှာ ဘယ်သူတွေရှိနေတာလဲဆိုတာလေးပါ။ သိတဲ့သူရှိရင် ဖြေကြားပေးစေလိုပါတယ်။
ကျေးဇူးတင်ပါသည်။

အမေ့ခံလို့ မရတဲ့ မြန်မာမွတ်ဆလင်တို့၏ ပုံရိပ်များ

 ဇန်နဝါရီ ၄၊၂၀၁၃

M-Media
မောင်သမာဓိ

myanmar muslim

ခေတ်အဆက်ဆက် မြန်မာမွတ်ဆလင်တို့၏ ပုံရိပ်သည် နိုင်ငံအတွက် အကောင်းများသာဖြစ်ခဲ့၏။ မြန်မာ့သမိုင်း စာမျက်နှာများမှ မြန်မာမွတ်ဆလင်တို့၏ ပုံရိပ်များကို မလိုတမာ လူတစ်စုက ရည်ရွယ်ချက်ရှိရှိ ဆွဲစုတ် ပြစ်ခဲ့ကြ၏။ သို့သော် စာရွက်များသာ ပြဲခဲ့ပြီး မြန်မာမွတ်ဆလင် သမိုင်းကတော့ ပျောက်မသွားခဲ့ပါ။

၁။ အနှစ် ၅၀ ကြာ သမိုင်းအမှောင်ချခဲ့သည့် ဆိုးကျိုး။

ယနေ့တိုင်ဖြစ်ပွားနေသော ရခိုင် ရိုဟင်ဂျာ ပြဿနာ၏ အခြေခံအကျဆုံး အကြောင်းအရင်းမှာ နှစ်ဖက်လူမျိုးစုများနှင့် အာဏာပိုင် အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များသည် မြန်မာ့သမိုင်း၊ ရခိုင်သမိုင်းနှင့် ရိုဟင်ဂျာ သမိုင်း ကို ပြည့်ပြည့်၀၀ မှန်မှန်ကန်ကန် မသိရှိ၍ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ခြင်း ပင်ဖြစ် ပါသည်။

တနည်းအားဖြင့် စစ်အစိုးရ အဆက်ဆက် နှစ်ရှည်လများ သမိုင်းအမှောင်ချခဲ့သည့်၊ (ဝါ) သမိုင်းကို ဆင်ဆာ လုပ်ခဲ့သည့် အကျိုးဆက်အဖြစ် လူမျိုးရေး အကြမ်းဖက်မှုဟူသော ဆိုးကျိုးများ ပေါ်ပေါက် လာရပါသည်။

အဘယ်ကြောင့်ဆိုသော် ယနေ့ အသက် ၆၀ ပတ်ဝန်းကျင်ရှိသူများနှင့် ထိုအသက်ထက် ငယ်သူတိုင်းသည် ၄င်းတို့၏ ငယ်ဘ၀ ကျောင်းသင်ခန်းစာများတွင် မပြည့်မစုံ ထိမ်ချန် ဖြတ်တောက် ပြုပြင်ထားသော မြန်မာ့သမိုင်းများကိုသာ လေ့လာခွင့်ရခဲ့သောကြောင့် ပြင်ပစာပေများ ဖြည့်စွက် မလေ့လာ ခဲ့လျှင် ဆရာကြီး ဦးသန်းထွန်းစကားဖြင့်ပြောပါက လူအ များဖြစ်မှန်းမသိ ဖြစ်နေပါသည်။

ထိုကြောင့် ပြည်သူအများ “မအ” ရလေအောင် ပြည့်စုံမှန်ကန်သော မူရင်းသမိုင်းဆိုင်ရာ အချက်အလက်များနှင့် လက်ပွန်းတတီးရှိစေရန်နှင့် လက်ငင်းကမ္ဘာ့ အခြေအနေများကို အချိန်နှင့် တပြေးညီ သိရှိနိုင်စေရန် အတွက် (ဆဌမ သင်္ဂါံရတနာတင်ခြင်းနှင့် ဗန်ဒေါင်းစာချုပ်အ ကြောင်းပြောလျှင် ဦးနု၏အမည် ကို တမင်တကာ ချန်ထားလေ့ရှိသော၊ မြန်မာ့တပ်မတော် သမိုင်းပြောလျှင် ဗိုလ်ချုပ်ကြီး စောမောင် အကြောင်းကို ချန်ထားလေ့ရှိသော၊ အာရဗ်နွေဦးကို မထုတ်လွှင့်သော်လည်း နိုင်ငံအ၀ှမ်း ဗုဒ္ဓဘာသာနှင့် မွတ်ဆလင် အထိကရုံး ဖြစ်ရန်အတွက်ကိုတော့ လှုံ့ဆော်သော၊ ယနေ့ ဆီးရီးယားနိုင်ငံ အကြောင်း အပြည့်အဝမရေးသား မပြောဆိုသော၊ ဘင်္ဂံလားဒေ့ရှ် နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာစီနား၏ လတ်တလော အကြမ်းဖက်ခံရသော ဘင်္ဂံလားဒေရှ် နိုင်ငံသား ဗုဒ္ဓဘာသာဝင်များကိုပြောသော မိန့်ခွန်းနှင့် နိုင်နင်းစွာ ကိုင်တွယ်ဖြေရှင်းပုံများကို လုံးဝ မဖေါ်ပြသော) မြန်မာ့အသံ ရေဒီယိုနှင့် ရုပ်မြင်သံကြား ဆင်ဆာ အဖွဲ့အပြင် နေ့စဉ်ထုတ် သတင်းစာများ၏ ဆင်ဆာအဖွဲ့များကိုလည်း အမြန်ဆုံးဖျက်သိမ်း ပေးသင့်ပါသည်။

၂။ အရေးကြုံတိုင်း တနိုင်ငံလုံးကို ခြုံငုံဖိတ်ခေါ်။

သမ္မတကြီး ဦးသိန်းစိန်၏ ရေဒီယိုမှပြောကြားသော ၂၀၁၃ နှစ်သစ်ကူးမိန့်ခွန်းတွင် မြန်မာ့ လူ့အဖွဲ့အစည်း အနေဖြင့် လွတ်လပ်ရေးရယူနိုင်ခဲ့စဉ်က စုစည်းနိုင်ခဲ့တဲ့ ညီညွတ်မှုအင်အားများအတိုင်း နိုင်ငံသား တစ်ဦးချင်း၊ တယောက်ချင်းစီက လက်တွဲ လုပ်ဆောင်နိုင်မည်ဆိုပါလျှင် ယခုကြုံတွေ့နေရတဲ့ အပြောင်းအလဲတွေနဲ့ စိန်ခေါ်မှုတွေကို မလွဲမသွေ ကျော်လွှားနိုင်မယ် လို့ဆိုတယ်ခင်ဗျာ့။

အထွေအထူးဖိတ်ခေါ်စရာမလိုဘဲ မြန်မာမူဆလင် တွေဟာ လွတ်လပ်ရေးကြိုးပမ်းမှုမှာ တာဝန်သိသိ ပါဝင်ခဲ့လို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒီးဒုတ်ဦးဘချိုက မြန်မာမူဆလင် များကို တိုင်းရင်းသားအဖြစ်သတ်မှတ်ရုံမက ပြည်နယ်ပေးဖို့အဆင့်အထိ ကမ်းလှမ်းခဲ့ပေမဲ့ လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြန်မာမွတ်ဆလင်များဟာ အမေ့ခံပုံရိပ်များဖြစ်ခဲ့ကြရလို့ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုမှာ မြန်မာမွတ်ဆလင် ဘယ်သူတွေ၊ ဘယ်အဖွဲ့အစည်းတွေ ပါခဲ့တယ်ဆိုတဲ့ သမိုင်းကို တိတိကျကျ ပြည့်ပြည့်စုံစုံ ဖေါ်ထုတ်ဖို့ အထူးလိုပြီပေါ့။

ကြုံသည့်အခိုက် ကြော်ငြာဝင်ချင်ပါသည်။ မြန်မာမွတ်ဆလင် သမိုင်းနှင့်ပတ်သက်၍ စာပေ သမားများ အတွက် ကိုးကားလို့ရလောက်အောင် အထောက်အထားများနှင့် တကွ ပြည့်ပြည့်စုံစုံ မှတ်တမ်း တင်ထားတဲ့ နေရာတစ်ခုကတော့ M-Media Web Site (http://www.m-mediagroup.com) ဘဲဖြစ်တယ်ခင်ဗျာ့။ သက်ဆိုင်သူအားလုံးကို သမိုင်းတာဝန်ကျေသူများဟု ဂုဏ်ပြုခေါ်ဝေါချင်ပါသည်။

       မြန်မာမွတ်ဆလင်များဟာ တိုင်းပြည်အတွက် အရေးကြီးတဲ့အချိန်တိုင်းမှာ ဘယ်သူမှ ဖိတ်ခေါ်နေစရာ မလိုဘဲ ကိုယ့်အသိစိတ်ဓါတ်နဲ့ကိုယ် တာဝန်သိခဲ့ကြတာကိုက ဂုဏ်ယူစရာဖြစ်ပါတယ်။

၃။ ပြည့်စုံမှန်ကန်သော သမိုင်းကို ပြည်သူများထံ ဖေါ်ထုတ်တင်ပြဖို့ တာဝန်ရှိပြီ။

ယခုအခါ စာပေစိစစ်ရေး အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီဖြစ်လို့ မြန်မာနိုင်ငံအနေဖြင့် ကဏ္ဏအသီးသီးတွင် တိုးတက်ရန် လမ်းစများ ပွင့်သွားပြီဟုဆိုနိုင်သည့် အပြင် တရုတ်ထက် ခြေတစ်လှမ်း သာသွားပြီ ဟုလည်း ဆိုနိုင်ပါသည်။ စာပေကင်ပေတိုင် ဖျက်သိမ်းသည်ကို အခွင့်ကောင်းယူပြီး ကိုအောင်ထွန်း၏ ကျောင်းသား သမိုင်း စာအုပ်ကဲ့သို့ မြန်မာမွတ်ဆလင် သမိုင်းစာအုပ်ကိုလည်း အကိုးအကား ခိုင်ခိုင်မာမာနှင့် ပြုစုထုတ်ဝေဖို့ အချိန်တန်ပြီဖြစ်၏။

ထို့အပြင် ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသုံးမြန်မာ့သမိုင်းဖတ် စာအုပ်များပါ အထူးသဖြင့် ရခိုင်အင်ပါယာသမိုင်း၊ ရိုဟင်ဂျာသမိုင်း နှင့် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း ကို ပြည့်ပြည့်စုံစုံ ပြန်လည်ရေးသားပြီး သမ္မတကြီး အသစ်ဖွင့်လှစ်ပေးမည့် ရခိုင်နှင့် ရိုဟင်ဂျာဒေသရှိ ကျောင်းများတွင် သင်ကြားပေးသင့်ပါသည်။

သမိုင်းဘွဲ့လွန်ကျောင်းသားများအတွက် (Thesis/Dissertation) ကျမ်းပြုရာတွင် မြန်မာမွတ်ဆလင် တို့၏ လွတ်လပ်ကြိုးပမ်းမှုသမိုင်း၊ ပုဂံခေတ်နှင့် မြန်မာမွတ်ဆလင်၊ ကုန်းဘောင်ခေတ်နှင့် မြန်မာမွတ်ဆလင် စသည်ဖြင့် ခေါင်းစဉ်များ  ချပေးခြင်းဖြင့် နိုင်ငံသားအချင်းချင်း ချစ်ကြည်ရင်းနှီးစေမည်ဟု ထင်ပါသည်။

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးနု၏ အကြောင်းသာမက သခင်စိုး၊ သခင်သန်းထွန်း၊ သိန်းဖေမြင့်၊ သမ္မတ မန်းဝင်းမောင်၊ ဦးဥတ္တမ၊ ကျောင်းသား ခေါင်းဆောင် များဖြစ်ကြသော ဦးထွန်းစိန်(သံတွဲ)နှင့် ဦးရာရှစ်၊ ပင်လုံစာချုပ် အတွင်းရေးမှူး ဦးဖေခင်တို့အပြင် အမျိုးသား ကျောင်းဆရာကြီး ဦးရာဇတ် စသည့်လူပုဂ္ဂိုလ်တို့၏ အကြောင်းများနှင့် ဖ.ဆ.ပ.လ အဖွဲ့ကြီးနှင့် လက်တွဲလုပ်ဆောင်ခဲ့တဲ့ မြန်မာမွတ်ဆလင် ကွန်ဂရက် (ဗ.မ.က) ၊ YMBA၊ GCBA အသင်းများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဖြည့်စွက် ရေးသားသင့်ပါသည်။

       ထိုအချိန်က လွတ်လပ်ရေး မယူလိုဘဲ ဗြိတိသျှတို့နှင့် ဓနသဟာရနိုင်ငံအဖြစ် ဆက်၍ တွဲနေလိုသော အုပ်စု၏ အမြှော်အမြင်ကြီးမှုကိုလည်း အသိအမှတ်ပြုကာ သမိုင်းတွင် မှန်မှန်ကန်ကန် သုံးသပ်ပြ ရပါလိမ့်မည်။

နောက်ဆုံးအနေဖြင့် အကြံပြုလိုသည်မှာ သမိုင်းအမှောင်ချခေတ်မှ အလင်းခေတ်သို့ ပြောင်းစေရန် မြန်မာ့သမိုင်း ကျောင်းသင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့၏ လုပ်ထုံး လုပ်နည်းများကို ပြန်လည်ပြင်ဆင် သတ်မှတ်ပေးပြီး၊ သမိုင်းနှင့် သတင်းအမှောင်ချ ပြန်ကြားရေး ၀န်ကြီးဌာန ရေဒီယို၊ ရုပ်မြင်သံကြားနှင့် သတင်းစာ ဆင်ဆာအ ဖွဲ့ကိုလည်း အမြန်ဆုံးဖျက်သိမ်းခြင်းဖြင့် မြန်မာနိုင်ငံမှာ နောက်ထပ် လူမျိုးရေး အဓိကရုန်းများ မဖြစ်အောင် ကာကွယ်နိုင်ပါသည် ခင်ဗျား။

၎။ ဂုဏ်ယူစရာ မြန်မာမွတ်ဆလင်များသည် အမေ့ခံ ပုံရိပ် မဖြစ်သင့်။

                  ဆိုလိုချင်တာက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကာလ (Transitional Period) အတွင်း လွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလ ကဲ့သို့ ဒုက္ခခံဖို့ ပြည်သူအားလုံး (Whole Community) ကို သမ္မတကြီးက ဖိတ်ခေါ်ခဲ့သော်လည်း အခွင့်အရေး (Privilege) ပေးဖို့၊ (ဝါ) အကာအကွယ် (Safeguard) ပေးဖို့ အချိန် ရောက်ရင် မြန်မာမွတ်ဆလင်များဟာ အမေ့ခံပုံရိပ်ဖြစ်မှာ စိုးရိမ်ပါတယ်။ မြန်မာမွတ်ဆလင်တို့ရဲ့ သမိုင်းပုံရိပ် ဘယ်လိုဘဲ ကောင်းကောင်း နိုင်ငံအရေး ဆုံးဖြတ်ပိုင်ခွင့် ရှိသူတွေရဲ့ အသိအမှတ်ပြုခံရဖို့ကလည်း အရေးကြီး ပါတယ်။

လွှတ်တော်သို့ တင်သွင်းသော သမ္မတကြီး၏ ရခိုင်ပဋိပက္ခဆိုင်ရာ ပထမ သဝဏ်လွှာနှင့်အတူ ပူးတွဲ ပေးပို့လာသော သတင်းဖြစ်စဉ် မှတ်တမ်းကို တာဝန်မယူသော သမ္မတနှင့် သူ့ရုံးအဖွဲ့ဝင်များ၏ နိုင်ငံကို ဦးဆောင်နိုင်မှု၊ တာဝန်ယူနိုင်မှု နှင့် နိုင်ငံအရေး ဆုံးဖြတ်နိုင်မှုပေါ် သံသယဝင်မိပါသည်။ တစ်ခါတစ်ရံ ခေါင်းဆောင်ဆိုသူများသည် ကွန်မြူနစ်ဝေါဟာရကို ငှားသုံးလျှင် ဖေါက်ပြန်တတ်သော သဘောရှိ၏။

စစ်အစိုးရလက်ထက်တွင် အစ္စလာမ်ဘာသာဝင် ဝန်ထမ်းများကို ရာထူးတိုးပေးရန်အတွက် ခွဲခြား ဆက်ဆံခြင်း ခံကြရ၏။ လွတ်လပ်ရေးကြိုးပမ်းမှုမှာ တာဝန်သိ သိပါခဲ့တဲ့ မြန်မာမွတ်ဆလင်တွေကို ပြည်တွင်းနေ အစ္စလာမ် ဘာသာဝင် လို့ သုံးနှုံးပြီး ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဦးသိန်းစိန်အစိုးရက ကျေးဇူးဆပ်ဖူးတယ်။

နိုင်ငံတော်အာဏာ မရမီက ရိုဟင်ဂျာတွေကို မဲဆွယ်စည်းရုံးခဲ့တဲ့ ဦးသိန်းစိန်နှင့် RNDP ဒေါက်တာ အေးမောင်တို့သည် ရွေးကောက်တင်မြှောက်ခံရပြီးနောက် ရိုဟင်ဂျာတွေကို ခြံခတ်ပြီး တတိယ နိုင်ငံကို တင်ပို့မယ်လို့ ပြောခဲ့ကြတယ်။

(၈) လေးလုံးဒီမိုကရေစီ တိုက်ပွဲတွင် တက်ကြွစွာပါဝင်ခဲ့သော မြန်မာမွတ်ဆလင်များကို မင်းတို့ ကုလားတွေနဲ့ ဒီမိုကရေစီ ဘာဆိုင်လို့လဲဟု စစ်ထောက်လှမ်းရေးက မေးမေးပြီးရိုက်၏။ မွတ်ဆလင် အာဇာနည် ခေါင်းဆောင်ကြီး ဦးရာဇတ်ကို ရည်ညွှန်းကိုးကား ဂုဏ်ယူပြောကြားသူများကို ပိုမိုနှိပ်စက်ခဲ့ကြ၏။ ယ္ခုအခါ ပြည်သူများဆန္ဒအရ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းသည်ဟု ကမ္ဘာကိုကြေငြာ၏။

၈ လေးလုံးအရေးတော်ပုံကာလ ရွှေတိဂုံစေတီတော် အနောက်ဖက်မုဒ်တွင် ဗိုလ်မှူးဘသော် (မောင်သော်က)  ခြံရံလျှက် ပြည်သူအားလုံးပါဝင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ခေါ်မှုကြောင့် ထိုအချိန်က စစ်တွေမြို့ ဆန္ဒပြမှုများတွင် တက်ကြွစွာပါဝင်ခဲ့ဘူးသော ရိုဟင်ဂျာများကို ၂၄ နှစ်ကြာသောအခါ မေ့သွား၏။ အင်္ဂံလန် မြေပေါ်တွင် I don’t know rohingya ဟုပြောခဲ့ဘူး၏။

ဒီမိုကရေစီ ဘယ်တော့လောက်ရမလဲလို့ မေးတိုင်း အမေစုဖြေတာက တစ်မျိုးသားလုံးပါဝင်မှု (National Commitment) ကအရေးကြီတယ်၊ လူတိုင်းလူတိုင်း ဒီမိုကရေစီရဖို့ ဘယ်လောက်လုပ်ပြီးပြီလဲ လို့ပြန်မေးလေ့ရှိတယ်။ NLD ကိုထောက်ခံပြီး အမေစုကို ဝိုင်းရံထားသူတွေ၊ ဒီမိုကရေစီအရေး ကြိုးပမ်းသူတွေ   အထဲမှာ မွတ်ဆလင်တွေ အများကြီးပါလို့ အမေစုအတွက် မြန်မာမွတ်ဆလင်တွေဟာ အမေ့ခံပုံရိပ် မဖြစ်သင့်ဘူးလို့ မြင်ပါတယ်။

လူထုခေါင်းဆောင်၊ နိုင်ငံခေါင်းဆောင် ဆိုသူများသည် အသုံးချလိုသောအခါ ချွင်းချက်မရှိ ဖိတ်ခေါ်လေ့ ရှိကြပြီးလျှင် အခွင့်အရေးပေးရန်၊ ရပိုင်ခွင့်များကို ခံစားစေရန်အတွက်မူ ဘက်လိုက်တတ်သည့် သဘောကို ကျွန်ုပ်တို့ကိုယ်တိုင် တွေ့ကြုံခဲ့ကြဘူးပါသည်။  (Political leader’s Invitation to whole community unconditionally in case of shortage but right and privilege to specific small group and bias afterward.) ဤသဘာဝကို Min Ba Din blog post တစ်ခုတွင်လည်း ဖတ်ခဲ့ ဘူးပါသည်။ ထို့ကြောင့် ထိုအဖြစ်မျိုး နောက်ထပ်မဖြစ်ရလေအောင် ကျွန်ုပ်တို့ ပခုံးပေါ်တွင် တာဝန်ရှိလာပါသည်။

၅။ လိုလျှင်တစ်မျိုး၊ မလိုလျှင်တစ်မျိုးပြော၏။                                              

        လဝက ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ရခိုင်လူမျိုးများနှင့် ဘင်္ဂါံလီ ရိုဟင်ဂျာ များသည် ပြည်တွင်းမှာ အစဉ်အဆက် တစ်အိမ်တည်းနေ ညီအစ်ကိုတွေဖြစ်လို့ ကုလသမဂ္ဂမှ ဝင်ရောက် စစ်ဆေးရန် မလိုပါဟု သုံးနှုံးပြောဆိုဘူးပါသည်။

ထို့ကြောင့် လ.ဝ.က ဝန်ကြီး ဦးခင်ရီပြောသည့် သွေးနှင့်ဆုံးဖြတ်ပါသည်ဆိုသော မြန်မာနိုင်ငံ၏ နိုင်ငံသားပြုမှု ဥပဒေအရ ရခိုင်နှင့် ညီအစ်ကိုတော်သော ရိုဟင်ဂျာများသည် အလိုအလျှောက် မွေးရာပါ နိုင်ငံသားများဖြစ်ကြ၏။ လ.ဝ.က ဝန်ကြီး တစ်ဦး၏ နုတ်ထွက်စကားသည် လူဝင်မှုဥပဒေနှင့် လိုက်လျှော် ညီထွေရှိသင့်သည်။

၆။ မြန်မာမွတ်ဆလင် သတင်းစာတိုက်နှင့် Islamic Bank တည်ထောင်သင့်သည်။

နိုင်ငံရေးခေါင်းဆောင်များက ပြည်သူတစ်ရပ်လုံးကို ပါဝင်ရန်ဖိတ်ခေါ်တိုင်း ထိုအထဲတွင် အစ္စလာမ် ဘာသာဝင် မွတ်ဆလင်များ ပါ၊ မပါ မေးရန် စတုတ္ထမဏ္ဍိုင် မြန်မာမွတ်ဆလင် သတင်းစာခေါင်းကြီးလို၏။ တနည်းအားဖြင့် ဖေါက်ပြန်တတ်သော ခေါင်းဆောင်များနှင့် အိပ်ချင်ယောင်ဆောင်နေသူများကို သတိပေးရန် သတင်းစာ အာဘော်သည် ကလောင် ထက်၏။ အိပ်ချင်ယောင်ဆောင်နေသူများကို ရေလောင်းပြီး ပြောရန်လိုတယ်လို့ ၈ လေးလုံး မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ဆို၏။

ဘာသာရေး။ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် အားကစား ကဏ္ဍအသီးသီး ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ပုဂ္ဂလိက သတင်းစာတိုက်များ တည်ထောင်ခွင့်ပြုနေချိန်တွင် မြန်မာမွတ်ဆလင် သတင်းစာ တိုက်ကို တည်ထောင်ရန် ကျွန်ုပ်တို့တွင် တာဝန်ရှိ၏။ ရိုဟင်ဂျာများကလည်း သတင်းစာထုတ်ဝေဘူးပါသည်။ ရည်ရွယ်သည်မှာ မြန်မာမွတ်ဆလင်များ အမေ့ခံပုံရိပ် မဖြစ်စေရန်ဖြစ်၏။

သတင်းစာအထိ မလှမ်းနိုင်မီ မြန်မာမွတ်ဆလင် မဂ္ဂဇင်းနှင့် ဂျာနယ်တို့ ထုတ်ဝေနိုင်ရန် မျှော်မှန်း လုပ်ဆောင်သင့်သည်ဟု မြင်ပါသည်။

ရန်ကုန်နှင့် မန္တလေးတွင် အခွင့်အရေးပေးလျှင် အစ္စလာမ်တရားတော်နှင့် ညီသော ဘဏ်တစ်ခုစီ ဖွင့်သင့်သည်။ ထိုဘဏ်များမှရမည့် တရားတော်နှင့်အညီပေးသော အမြတ်ငွေများကို သုံးနိုင်၊ လှူနိုင်၊ နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ထိရောက်စွာ သုံးစွဲနိုင်မည်ဖြစ်၍ မြန်မာမွတ်ဆလင်တို့၏ ပုံရိပ်ကို ကောင်းစေမည့် ကိစ္စတစ်ခု ဟုမြင်ပါသည်။ ယ္ခုအခါ မလွဲသာမရှောင်သာ ဘဏ်နှင့်ဆက်ဆံ၍ ရလာသော အတိုးငွေများသည် စားမရ၊ လှူမရနှင့် မြန်မာမွတ်ဆလင်တို့အတွက် အဟောသိကံ ဖြစ်ရ၏။

၇။ မြန်မာမွတ်ဆလင်များ၏ ပုံရိပ်ကို အမေ့မခံရလေအောင် ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပါ။

        သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့အနေဖြင့် ဘင်္ဂါံလီ ရိုဟင်ဂျာများသည် ဒေသခံ တိုင်းရင်းသား (သို့မဟုတ်) မြန်မာနိုင်ငံသားများ ဟုတ်၊ မဟုတ်၊ ယတိဖြတ် မဆုံးဖြတ်နိုင်လျှင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းကာ လွှတ်တော် ကိုယ်စားလှယ်ကြီးများကလည်း မြန်မာ့သမိုင်း၊ ရခိုင်အင်ပါယာ သမိုင်းနှင့် ရိုဟင်ဂျာသမိုင်းကို ယှဉ်တွဲလေ့လာရန်နှင့် ကမ္ဘာ့ သမိုင်း ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးရန်    လုံလောက်သော အချိန်ကာလတစ်ခုကို တောင်းဆို ပြီးနောက် မဲခွဲဆုံးဖြတ် လိုက်လျှင် အမှန်အကန်ဆုံးနှင့် အထိရောက်ဆုံး အဖြေကို ကျိန်းသေတွေ့မည်ဟု ယုံကြည်မိပါသည် ခင်ဗျား။

 လေးစားစွာဖြင့်

မောင်သမာဓိ

ကျားနဲ့ဆင်နဲ့ လယ်ပြင်မှာ တွေ့တော့မယ်

Friday, January 04, 2013  

 

“ရိုဟင်ဂျာ” ဆိုတာ မရှိ၊ ကိုလိုနီခေတ်မှာ လယ်ကူလီ လုပ်ဘို့အင်္ဂလိပ်ကိုလိုနီများကခေါ်လာသူများသာ ဖြစ် တယ်-လို့ ပြောထားတဲ့ ရခိုင်သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းအား-၊

ရိုဟင်ဂျာ ဆိုတာ ရှိတယ်၊ မူလဒေသခံ လူမျိုးဖြစ်တယ်၊ ရိုဟင်ဂျာတို့ဟာ ဘင်္ဂလီမဟုတ် ကျေးကျွန်များ မဟုတ်ကြောင်း Debate လုပ်ဘို့ စိန်ခေါ်လိုက်တဲ့ ဦးဌေးလွင်ဦးကို ဒေါက်တာအေးချမ်းက လက်ခံ လိုက်ပြီ။-
စိန်ခေါ်သည့်နေ့ ၂၀၁၂ ဒီဇင်ဘာ ၁၆ ရက်-၊
လက်ခံသည့်နေ့ ၂၀၁၂ ဒီဇင်ဘာ ၂၉ ရက်-
ဦးဌေးလွင်ဦးဘက်မှ- သတ်မှတ်ခေါင်းစဉ် တစ်ခုအားရွေးရန်-၊ ပရိသတ်များရှေ့၊ မီဒီယာများရှေ့၌ Debate လုပ်ရန်၊ သတ်မှတ်နေရာအားရွေးရန်- ဒေါက်တာအေးချမ်းအား အကြောင်းပြန်လိုက်ပေပြီ။ အကယ်၍ သတ်မှတ် မည့်နေရာသည် ဂျပန်နိုင်ငံ အပါအ၀င် အာရှဒေသ နိုင်ငံတစ်ခုခု၌ ဖြစ်ခဲ့သော်- ဦးဌေးလွင်ဦး ဘက်မှ ၂၀၁၃ မတ်လတွင် အချိန်ပေးနိုင်ကြောင်းလည်း ဒေါက်တာအေးချမ်းအား ရွေးချယ်မည့်နေရာနှင့် အချိန်သတ်မှတ်နိုင်ရန် အကြောင်းပြန်လိုက်ပေပြီ။

ကျားနဲ့ ဆင် လယ်ပြင်မှာ တွေ့တော့ကြတော့မည်။ ပရိသတ်များမှ- သူ့ဘက်ကိုယ့်ဘက် ရင်တမမနှင့် ပွဲကြည့်ရတော့မည်- ဖြစ်သည်။

ရခိုင်သမိုင်းသည် ဒေါက်တာ အေးချမ်းတင်ပြထားသကဲ့သို့ ဆက်လက်ရပ်တည်မည်လော–၊ သို့မဟုတ် ဦးဌေးလွင်ဦး တင်ပြသကဲ့သို့ သမိုင်းပြောင်းသွားမည်လော– ဟူသည်ကား–။

ဆက်လက်၍ ကြည့်ကြပါကုန်-။

ဌေးလွင်ဦး

ကုရ်အံကျမ်းတော် ဘာသာပြန်ဆရာ၊

BA (မြန်မာစာ- ရန်ကုန်)၊
AA (Media Marketing, NY USA),of Buddhism, Christianity & Islam
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
မြန်မာမွတ်ဆလင် တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု အဖွဲ့
အမေရိကန် ပြည်ထောင်စု

ကျောက်တော်မှတိမ်းရှောင်ခိုလှုံလာသောဒုက္ခသည်များဘူးသီးတောင်၌အကြမ်းဖက်ခံရ

၂၀၁၂ ခုနှစ် ဇွန်၊ အောက်တိုဘာလတွင် ရခိုင်ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုကို ခံခဲ့ရပြီးနောက်ပိုင်းတွင်လည်း အဆိုပါရခိုင်ဗုဒ္ဓဘာသာဝင် အကြမ်းသမားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မနားတမ်းရန်ပြု ဒုက္ခပေးနေမှုကြောင့်ကျောက်တော်မြို့နယ်မှ အမျိုးသမီးများနှင့် ကလေးငယ်များ အပါ အ၀င် ရိုဟင်ဂျာ ဒုက္ခသည်မိသားစု (၃၀) ခန့်သည် မိမိတို့နေရပ်ကို စွန့်ကာ ဘူးသီးတောင်မြို့နယ်သို့ ခိုလှုံရန် စိုင်းတင်တောင်တန်းများကို သက်စွန့်ဆံ ဖျားဖြတ်ကျော် လာခဲ့သည်။ အဆိုပါဒုက္ခသည်များသည် (၂-၁-၁၃) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ်၊ ဖုံညိုလိပ် တိုက်နယ် ဘက်သို့ရောက် ရှိလာခဲ့ရာ အနီး အနားရှိ ရခိုင်ရွာများမှ အစွန်းရောက် ရခိုင်ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားများက ထိုဒုက္ခ သည်များအား အကြင်နာမဲ့စွာ သွားရောက် အကြမ်းဖက်တိုက်ခိုက်ခဲ့၍ နစကနှင့်ရဲများအား ဖမ်းဆီး ရန်အကြောင်းကြား ခဲ့ကြသည်။ လေးမြို့ရွာရှိ အမှတ် (၂၁) နစကစခန်းနှင့် ဘူးသီးတောင်မြိ့နယ် ရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များ သည် ၎င်းဒုက္ခသည်များအား သွားရောက် ဖမ်းဆီးခဲ့သည်။ ထိုသို့ခိုလှုံ လာသူ များ ထဲမှ(၂၀)ဦးကို ယနေ့ ဖမ်းဆီးပြီးဘူးသီးတောင် ရဲစခန်းတွင် ထိန်း သိမ်းထားကြောင်း သတင်းရ ရှိပါ သည်။

ကျန်ဒုက္ခသည်များနှင့် ပတ်သက်၍ RB News မှစုံစမ်းလျက်ရှိသည်။ အဆိုပါဒုက္ခသည်များသည် (၄) ရက်တိတိ ထမင်းမစားခဲ့ရသဖြင့် ခန္ဓာကိုယ်ပိန်ချူံးပြီး ရခိုင်ဗုဒ္ဓဘာသာဝင် အကြမ်းဖက်သမားများ၏ လူစိတ်ကင်းမဲ့စွာ တိုက်ခိုက်မှုကြောင့်လည်း တကိုယ်လုံးဒဏ်ရာဒဏ်ချက်များနှင့်ပြည့်နှက်ကြောင်းမျက်မြင် သက်သေတစ်ဦးမှ RB News သို့ပြောသည်။

အဆိုပါဒုက္ခသည်များအား အာဏာပိုင်များက အကူအညီမပေးသည့်အပြင် တရားမ၀င်မြိ့နယ်ကျော်သည့် အမှုဖြင့်လူမဆန်စွာ တရားစွဲဆိုတင်ပို့ရန်ပင် စီစဉ်နေကြောင်းသိရှိရပါသည်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးရခိုင်ပြည်နယ်သို့သွားမည်

ဂျကာတာ ။ ။ အင်ဒိုနီးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၀န်ကြီး Mr. Marty Natalegawa သည်လာမည့် တနင်္လာနေ့တွင် မြန်မာနိုင်ငံသို့ မြန်မာအစိုးရ၏ဖိတ်ကြားချက်အရသွားရောက်မည်ဖြစ်ပြီး၊ နှစ်ရက်ကြာခရီး စဉ်အတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်၍ဒုက္ခသည်များ၏အခြေအနေကိုသွားရောက်လေ့လာမည်ဟု ယနေ့ထုတ် The Wall Street Journal တွင် ရေးသားဖော်ပြထားသည်။

နိုင်ငံခြားရေးဝန်ကြီး Mr. Marty Natalegawa မှ စာနယ်ဇင်းသမားများ ကိုပြောကြားရာတွင် ၎င်း၏ခရီးစဉ် သည် အလည် အပတ်သဘော ခရီးစဉ်မျိုးသာဖြစ်ပြီး၊ အမှန်တကယ်ဖြစ်ပေါ်နေသည့်အခြေအနေများနှင့် စိန်ခေါ်နေ သည့်အခြေ အနေများ ကိုလေ့လာရန်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ ၎င်း၏ ခရီးစဉ်အတွင်း ဒုက္ခသည်များကို လူသားချင်းစာနာသည့် အထောက်အပံ့များ ကူညီရန်အတွက် အမေရိ ကန်ဒေါ်လာ တစ်သန်းကို တရားဝင်ကြေညာ၍သုံးစွဲသွားမည်ဟုသိရသည်။

လွန်ခဲ့သည့် တနင်္ဂနွေနေ့က စင်ကာပူနိုင်ငံမှ လက်ခံရန်ငြင်း ဆိုခဲ့သည့် ရိုဟင်ဂျာမွတ် စလင်ဒုက္ခသည် ၉ ဦးကို အင်ဒိုနီးရှား နိုင်ငံက လက်ခံခဲ့ပြီး၊ မလေးရှားနိုင်ငံကလည်း စင်ကာပူနိုင်ငံမှ လက်မခံသည့် ရိုဟင်ဂျာ ဒုက္ခ သည် ၄၀ ဦးကို လွန်ခဲ့သည့် ရက်သတ္တပတ်ကလက်ခံခဲ့သည်။ အင်ဒိုနီးရှားနိုင် ငံခြားရေးဝန်ကြီးဌာန မှ ပြောရေးဆိုခွင့်ရှိသူက ရိုဟင်ဂျာမွတ်စလင်ဒုက္ခ သည်များကိုအခြားသော ဒုက္ခသည်များကို လက်ခံ သကဲ့သို့ လက်ခံ၍ လူသားချင်းစာနာသော အထောက်အပံ့ များပေးမည် ဖြစ်ပြီး၊ နေရပ်သို့ပြန်၍ ပို့မည် မဟုတ်ကြောင်း ယနေ့ပြောကြားလိုက်သည်။

Mr. Natalegawa ၏ရခိုင်ပြည်နယ်ခရီးစဉ်တွင် အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ စီးပွားရေးပညာရှင် များကိုအတူတကွခေါ်ယူသွားပြီး ရခိုင်ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးမှုနှင့် ပတ်သက်၍လည်းလေ့ လာသွား မည် ဖြစ်သည်။

ပြည့်တန်ဆာနှင့် ဥပဒေ

(အောက်တွင် ဖေါ်ပြမည့် အကြောင်းအရာများသည် အသက် ၁၈နှစ် ပြည့်မှ ဖတ်သင့်သည့် အပြင် ဖေါ်ပြမည့် အကြောင်းအရာကို လိုက်၍ ကြမ်းတမ်းသည်ဟု ယူဆနိုင်သော စာသားများ ပါဝင်နိုင်သဖြင့် မဖတ်ရှုလိုသူများ ဤနေရာမှ စတင်၍ ရပ်တန့်နိုင်ကြောင်း သတိပေးပါသည်)

၁။ အမျိုးသမီး လွှတ်တော် အမတ်တစ်ဦးမှ နိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင်လုပ်ကိုင်နိုင်ရန် ဥပဒေရှိသင့်ကြောင်း အဆိုတင်သွင်းမည်ဟု ကြားသိရသောအခါ ထုံးစံအတိုင်းပင် ကန့်ကွက်သံ၊ လက်ခံသံ တဝေေ၀ ကြားရပါသည်။ ခံစားချက်ကို အဓိကထား ပြောနေသည်ကများပါသည်။ ခံစားချက်ကို ဘေးဖယ်၍ ပြောပြချင်သည်များရှိလာသည်။

၂။ ပြည့်တန်ဆာဟု ခေါ်သည်ဖြစ်စေ၊ မိန်းမရွှင်ဟု ခေါ်သည်ဖြစ်စေ၊ လိင်လုပ်သားဟု ခေါ်သည်ဖြစ်စေ အမှန်စင်စစ် “ဖာ” ပင်ဖြစ်သည်။ (စကားရိုင်းလျှင်သည်းခံပါ၊ ဆက်ရှင်းပါမည်) အခေါ်အဝေါ်က စကားပြောပါသည်။ ဖာကို ဖာဟု မခေါ်ပဲ လိင်လုပ်သားဟု ခေါ်သောအခါ တမျိုးသော ဂုဏ်ရှိနေသယောင်ထင်နေရသည်။ (ဂုဏ်မရှိဟု ပြောခြင်းလည်း မဟုတ်ပါ၊ ပုဂ္ဂလအစွဲကြောင့် ခံစားချက်ပြောင်းသွားတတ်ကြောင်း ပြောလိုရင်း ဖြစ်သည်။) ကေတီဗီမှာ အဆိုတော်လုပ်သည်ဟု နာမည်တတ်ထားသော မိန်းကလေးများကို ဖာဟု ခေါ်သော အခါ ဆတ်ဆတ်ခါ နာပါလိမ့်မည်။ ထို အနာသည်လည်း ထိုဘ၀မှ ရုန်းထွက်ရန် တွန်းအား တစ်ခု ဖြစ်နိုင်ပါသည်။ ထို့အပြင် ထိုအလုပ်ကို တရားဝင်ရေးမ၀င်ရေးထက် “ဖာ” ဟူသော စကားကိုပင် နှုတ်မှ မထွက်ရဲသော အမျိုးကောင်း သမီးငယ်များ ရှိနေကြောင်း ထင်ရှားစေရန် ဖြစ်သည်။ ယခုစာသည် ထိုဖာများကို တရားဝင်သင့် မ၀င်သင့်ထက် တွေးတောထိုက်ဖွယ်ရာများကို ပြောပြရန်သာ ဖြစ်ပါသည်။

၃။ လက်ခံလိုသူတို့ကမူ အကြောင်း အမျိုးမျိုးပြကြသည်။ ပြည့်တန်ဆာသည် ဘုရားရှင်လက်ထက်ကပင် ရှိခဲ့ကြောင်း (ဘုရားရှင်နှင့် လောကီရေး မဆိုင်ပါ၊ ဘုရားရှင်လက်ထက်တွင် သူခိုးလည်းရှိပါသည်၊ မည်သည့်လက်ထက်တွင်မဆို ပြည့်တန်ဆာရှိပါသည်၊ ရှိတိုင်း လက်ခံရန်မလိုပါ) တိုင်းပြည်ကို အလှတန်ဆာဆင်ပေးသဖြင့် ပြည့်တန်ဆာဟုခေါ်ကြောင်း (မည်သို့နာမည်တတ်တတ်၊ ဖာသည်ဖာပင်ဖြစ်သည်) တရားဝင် သတ်မှတ်ခြင်းဖြင့် ရဲများကို လိုင်းကြေး ဆတ်ကြေးပေးရခြင်းမှ ကင်းလွတ်နိုင်ကြောင်း၊ ဆေးစစ်ချက်များ လုပ်နိုင်သဖြင့် စိတ်ချရကြောင်း များ ပြောပြကြပါသည်။ (ထိုကိစ္စများကိုလည်း ရှင်းရပါမည်၊ ခဏသည်းခံပါ)

၎။ ကလေးပြော ပြောလိုက်လျှင်မူ ကိစ္စပြတ်ပါသည်။ ပြည့်တန်ဆာ ကိစ္စ တရားဝင်ရေး သဘောတူသူများသည် မိမိမိတ်ဆွေများကို “ငါ့ညီမကတော့ လိုင်စင်ရဖာကွ” ဟု ပြောရဲပါမည်လား။ ကိုယ့်အမျိုးထဲတွင် တရားဝင် ဖာခန်းထောင်သူများရှိလျှင် သဘောတူမည်လား။ မိုက်ရိုင်းချင်၍ မဟုတ်ပါ။ လူဆိုသည်မှာ ကိုယ့်နှလုံးသားထဲတွင်ရှိသော ကြိုးကို ဆွဲလှုပ်မှ နာချင်သည်။ ဖာများကို မသနား၍ မဟုတ်ပါ။ သနားသည်နှင့် တရားဝင်လုပ်ကာ သူရဲကောင်းဘွဲ့ပေးရန်လည်း မလိုပါ။ ဖခင်နဖူးမှ ခြင်ကို ရဲတင်းနှင့် ထုသတ်သော စေတနာကို စေတနာဟု မသတ်မှတ်လိုပါ။ စေတနာကို ပညာတွဲမှ သာဓုခေါ်ရပါမည်။

၅။ ပြည့်တန်ဆာ ကိစ္စကို အစိုးရတစ်ရပ်အနေဖြင့် သုံးမျိုး ဆောင်ရွက်နိုင်ပါသည်။ ၁) ပြစ်မှု အဖြစ် သတ်မှတ်ခြင်း Criminalisation ၊ ၂) ဥပဒေဘောင်အတွင်း ကန့်သတ်ဆောင်ရွက်စေခြင်း Legalisation ၊ ၃) ပြစ်မှုအဖြစ် လုံးဝ မသတ်မှတ်တော့ခြင်း Decriminalisation တို့ ဖြစ်ပါသည်။ ဒီမိုကရေစီ အစိုးရတိုင်း ပြည့်တန်ဆာကိစ္စကို တရားဝင် ခွင့်ပြုသည်မဟုတ်ပါ။ အထက်ပါ သုံးမျိုးကို နိုင်ငံအလိုက် ဆောင်ရွက်ကြသလို နိုင်ငံတစ်ခုအတွင်းရှိ ဒေသအလိုက်ဆောင်ရွက်ကြ၊ ငြင်းပယ်ကြ၊ လက်ခံကြသည်လည်း ရှိပါသည်။

၆။ ပြည့်တန်ဆာကိစ္စကို ပြစ်မှုဘောင်အတွင်း သွတ်သွင်းရာတွင်လည်း နှစ်မျိုးရှိပါသည်။ အလုံးစုံသော လိင်အရောင်းအ၀ယ်ကိစ္စမှန်သမျှ တားမြစ်ခြင်း Prohibitionist နှင့် လိင်အရောင်းအ၀ယ်ကို ခွင့်ပြုပြီး ကျန်ဆက်စပ်သမျှတားမြစ်ခြင်း Abolitionist (ဥပမာ- အများပြည်သူနေရာလိင်ရောင်းဝယ်ခြင်း၊ မြူဆွယ်ခြင်း၊ ဇိမ်နန်းထောင်ခြင်း) တို့ ဖြစ်ပါသည်။ ယခု မြန်မာနိုင်ငံတွင် ပြောနေကြသူများသည် ဥပဒေအတွင်းမှ ပြည့်တန်ဆာ လုပ်ကိုင်ခွင့်ပြုခြင်းကို တောင်းဆိုနေသည်ဟု ယူဆသည့် အလျောက် ထိုကိစ္စကို အသေးစိတ်ပါမည်။

၇။ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် ခွင့်ပြုလိုက်သောအခါ တရားဝင်စေရန် လုပ်ရသော ကိစ္စများ ပါလာပါသည်။ မှတ်ပုံတင်ခြင်း၊ လိုင်စင်ချပေးခြင်း၊ မစစ်မနေရ ဆေးစစ်စေခြင်း စသည်တို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် ဖာများသည် များသောအားဖြင့် နယ်လှည့်လိင်လုပ်သားများ ဖြစ်ပါသည်။ တစ်နေရာတွင် ကြာရှည်နေလျှင် ဖောက်သည်ရသည်ဟု ယူဆနိုင်သော သာမန်အရောင်း အ၀ယ်ကိစ္စမဟုတ်ပါ။ နေရာသစ်မှ လူအသစ်ဟုထင်ကြပါသည်။ မှတ်ပုံတင်ဝယ် သက်တမ်းရင့်နေသော ပြည့်တန်ဆာကို မည်သူမှ ငှားရမ်းပျော်ပါးလိုမည် မဟုတ်ပါ။ ထိုပြည့်တန်ဆာများအား တရားဝင် မှတ်ပုံတင်လာမည်ဟု ထင်လျှင်ထိုင်စောင့်ပါ။ မလာပါ။ လိုင်စင်သက်တမ်းတိုးခြင်း၊ ဆေးစစ်ခြင်းကိုလည်း တစ်နေရာတည်းတွင် လုပ်ပါမည်လား။ သံသယရှိရပါသည်။ ဆေးမအောင်လျှင်လည်း “ကောင်းရောင်းကောင်းဝယ်” လုပ်စားမည်လား။ တရားဝင်ဖာမှာ တရားမ၀င်ဖာအဖြစ် ပြောင်းသွားခြင်းသာ ဖြစ်ပါမည်။ အသက်မပြည့်၍ မှတ်ပုံတင်မလုပ်ရသော ပြည့်တန်ဆာသည် ထိုအလုပ်ကို အသက်ပြည့်သည် အထိ စောင့်နေမည်လား။

၈။ နောက်တစ်ချက်သည် ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် သတ်မှတ်ခြင်းဖြင့် ရာဇ၀တ်မှု လျော့ကျနိုင်သည် ဆိုသော အကောက်အယူဖြစ်သည်။ ရာဇ၀တ်မှုတွင် အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်း၊ ရဲကြေးပေးရခြင်း၊ ကလေးပြည့်တန်ဆာ၊ လူကုန်ကူးမှု စသည်တို့ လျော့ကျမည်ဟု ဆြိုခင်းဖြစ်ပါသည်။ အရောင်းအ၀ယ်သဘောကို နားမလည်၍ ပြောခြင်း ဖြစ်ပါသည်။ ငယ်ငယ်ကိုမှ တပ်မက်သူ၊ အပျိုဘ၀ ၀ယ်လိုသူ (ကန်တော့ပါသည်၊ မရှင်းမည်စိုး၍ ရိုင်းရိုင်းဆိုပါမည်၊ ပါကင်ဖောက်လိုသူ) စသည်တို့ရှိနေလျှင် မှောင်ခိုဈေးကွက်ရှိနေမည်သာဖြစ်သည်။ ထိုသို့ရှိနေလျှင် ရဲအဂတိကိစ္စ ရှိနေဦးမည်သာဖြစ်သည်။ ရဲများ ရဲကြေးတောင်းသည်ကို ပပျောက်ရန် ပြည့်တန်ဆာ တရားဝင်ရေးလုပ်မည်လား၊ ရဲအဂတိလိုက်စားမှု ပပျောက်ရေးလုပ်ရမည်လား ရှင်းအောင်တွေးစေချင်ပါသည်။ ရဲကမူ ဖာကြေး မရလျှင် နှစ်လုံးသုံးလုံးသမားဆီမှတောင်းပါမည်။

၉။ လိင်အရောင်းအ၀ယ်ကိစ္စသည် ရောင်းသူဝယ်သူ နှစ်ဦးတည်းသာ ရှိသော ကိစ္စလို မရိုးရှင်းပါ။ တတိယလူ အမြဲလိုလိုရှိပါသည်။ ထို ပြည့်တန်ဆာများကို ကြိုးကိုင်ခြယ်လှယ်နေသော ဇိမ်ခေါင်းပင်ဖြစ်ပါသည်။ ထိုခေါင်းများသည် များသော အားဖြင့် လူဆိုးလူမိုက်များဖြစ်ကြပါသည်။ တရားဝင်ဖြစ်လာသော ပြည်တန်ဆာကိစ္စများတွင် ထို မန်နေဂျာများ တရားဝင် ပေါ်ပေါက်လာပြီး ရာဇ၀တ်မှုကို ကျူးလွန်နိုင်ခြေ ပိုများလာပါမည်။ ပြည့်တန်ဆာများကို ခေါင်းပုံဖြတ်ခြင်း၊ ပချုပ်ဆိုင်ထောင်ခြင်း၊ အတင်းအကြပ် ဖာဇာတ်သွင်းခြင်းတို့ကို တရားဝင်လုပ်လာနိုင်ပါသည်။ ဖြစ်ပြီးလျှင် မျက်စေ့မှိတ်သည်က များပါသည်။ ပြည့်တန်ဆာနွံသည် ရုန်းထွက်ရန် ခက်ပါသည်။ ပြည့်တန်ဆာကိစ္စကို ဥပဒေပြုလျှင် ထို ဖာခေါင်းများအတွက် ဥပဒေ ထပ်၍ ပြုရပါသည်။ နိုင်ငံတကာကို ကြည့်စေချင်ပါသည်။

၁၀။ နေရာကိစ္စသည်လည်း စဉ်းစားစရာ ကိစ္စ ဖြစ်လာပါမည်။ လမ်းပေါ်မှ ဖာများအတွက် မြူဆွယ်ရန် နေရာ သတ်မှတ်ပေးရပါမည်။ တွေ့ရာတွင် မြူဆွယ်၍ မရပါ။ ဇိမ်နန်းထောင်ရာတွင်လည်း ထို့အတူပင် ဖြစ်ပါသည်။ ထိုအရပ်ဒေသရှိ အမျိုးကောင်း သားသမီးများ အနှောက်အယှက် မဖြစ်စေရန် သီးသန့်နေရာ သတ်မှတ်ပေးရပါမည်။ ထို့အပြင် အများပြည်သူနှင့် ဆိုင်သော နေရာများတွင် လိင်အရောင်း အ၀ယ်လုပ်ခြင်း soliciting ကိုလည်း ထိန်းချုပ်ရပါမည်။ မည်သူသည် မိမိနေရပ်ကို တရားဝင် ဖာအရပ် အဖြစ် သတ်မှတ်ခံလိုပါမည်နည်း။ ပြည့်တန်ဆာ ဥပဒေကို လက်ခံလျှင် ထိုကိစ္စများကို ထည့်သွင်း ခွင်ပြုရမည်ဖြစ်သည်။ တံခါးပေါက်မှာ မြူဆွယ်ခွင့်၊ လမ်းပေါ်တွင် မြူဆွယ်ခွင့်၊ အိမ်သို့ အလုပ်သို့ ဖာခေါ်ခွင့်၊ ဇိမ်နန်းထောင်ခွင့် စသဖြင့် ပါဝင်လာပါမည်။ သားပျိုသမီးပျိုရှိသော အိမ်ရှေ့တွင် ပချုပ်ဆိုင်ထောင်သည်ကို မည်သည့်ဖခင်က လက်ခံလိုပါမည်နည်း။

၁၁။ ထပ်မံစဉ်းစားစရာကိစ္စသည် ဥပဒေ အသက်ဝင်ခြင်း ကိစ္စ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဆေးလိပ်အရက်များကို ၁၈နှစ် မကျော်သူများအား မရောင်းရန် ဥပဒေရှိပါသည်။ အားလုံးလိုလို မလိုက်နာပါ။ ထိုသို့ ထိန်းညှိရန် အဖွဲ့ အစည်း အားကောင်းမှု မရှိပဲ တရားဝင် ခွင့်ပြုလိုက်လျှင် အာဏာဖြင့် ထိန်းချုပ်၍ ရသော ဘ၀မှ ထိန်းချုပ်ရန် အခွင့်အာဏာ ပင်ပျောက်သွားနိုင်ပါသည်။ ဘာနှင့်မှ ကိုင်တွယ်မရပဲ လူကုန်ကူးမှု၊ ကလေးပြည့်တန်ဆာအမှုတို့ တရားဝင် ဖြစ်လာနိုင်ပါသည်။ ထိုသို့ တရားဝင်လာလျှင် မှောင်ခိုပြည့်တန်ဆာကိစ္စကို မည်သူကိုင်တွယ်မည်နည်း။ ရဲများကမူ ဖာကြေးကောက်ရသည့် အရသာကို သိပြီး ဖြစ်ပါသည်။

၁၂။ ပြည့်တန်ဆာကိစ္စကို ဥပဒေဖြင့် ကန့်သတ်ခြင်းသည် လူထုအတွင်း လိင်မှုရောဂါများကူးစက်မှုကို ကန့်သတ်ရန်ဖြစ်ပါသည်။ လူထုကို ဦးတည်ပါသည်။ ပြည့်တန်ဆာကိစ္စကို ပြစ်မှုအဖြစ်မှ ဖယ်ရှားလိုက်ခြင်းသည် လူ့အခွင့်အရေးကို ဦးတည်ပါသည်။ လူ့အခွင့်အရေးထောင့်မှ ကြည့်သူများသည် ပြည့်တန်ဆာအမှုကို သာမန်အရောင်းအ၀ယ်ကိစ္စ အဖြစ် ဥပဒေလုပ်ရန်မလိုပဲ ရှိရင်းစွဲ တားမြစ်ဥပဒေကို ပယ်ဖျက်ရုံသာရှိပါသည်။ ထိုအထိ လုပ်ရဲပါမည်လား။ ဥပဒေဖြင့် ကန့်သတ်လျှင်လည်း ပြည့်တန်ဆာများကို အန္တရာယ်ရှိသော လိင်ကိစ္စများအကြောင်း သင်တန်းပေးခြင်း၊ ဆာတီဖီကိတ် လက်မှတ်ထုတ်ပေးခြင်းတို့ ဆောင်ရွက်ရပါမည်။

၁၃။ ထိုသို့ ဆောင်ရွက်ပါသော်လည်း ပြည့်တန်ဆာကို ဥပဒေဖြင့် ခွင့်ပြုခြင်း၏ အကျိုးရလာဒ်ကို သိသာထင်ရှားစွာ မတွေ့ရကြောင်း သူရို့ ၀န်ခံကြပါသည်။ ၁) ရလာဒ်ကို သုတေသနပြုမှု၊ စောင့်ကြည့် အဆင့်မြှင့်ပေးမှု နည်းပါးခြင်းLittle evaluative research ၊ ၂) ဥပဒေဘောင်ဖြင့် ချဉ်းကပ်နည်းများ အတိုးအလျော့ လုပ်ရန်လွယ်ခြင်းVariations in legal frameworks within approaches ၊ ၃) အစီရင်ခံစားများ၏ ရလာဒ်ကို တိုင်းတာတွက်ချက်ရန် ခဲယဉ်းခြင်းValidity of reports ၊ ၄) အငြင်းပွားဖွယ်ရလာဒ်များရှိခြင်း Conflicting results (ဘာသာရေးသမားတို့က သိပ်များနေပြီထင်မည်၊ လူ့အခွင့်အရေးသမားက လိုသေးသည်ထင်မည်) တို့ကြောင့် ဖြစ်ပါသည်။

၁၄။ အဆုံးသတ်ပြောရလျှင် ဖူကူယားမား၏ နိုင်ငံတည်ဆောက်ရေး စာအုပ်မှ အမှတ်ရမိသည်ကို ပြောပြလိုပါသည်။ ဒီမိုကရေစီဖေါ်ဆောင်ရာတွင် ယဉ်ကျေးမှုဖက်တာသည် ရွေ့ပြောင်းရ အလွန်ခက်ပါသည်။ ပြည့်တန်ဆာကိစ္စကို ယဉ်ကျေးမှုဖက်တာပေါ်တင်ကြည့်စေချင်ပါသည်။ (ယဉ်ကျေးမှုကို အကြောင်းပြ၍ ငြင်းခြင်း မဟုတ်ပါ၊ ပြည့်တန်ဆာကိစ္စကို ပြည်သူတို့၏ ယဉ်ကျေးမှုအပေါ်လက်ခံသော သို့မဟုတ် ငြင်းပယ်သော ဓလေ့အပေါ်တင်ကြည့်စေရန် ဆိုလိုပါသည်။ ပြည်သူတို့ အလွယ်တကူ ခေါင်းငြိမ့်မည်လော၊ ငြင်းပယ်မည်လော ဆိုသည်ကို စဉ်းစားရန် ဖြစ်ပါသည်) ထိုအလုပ်ကို မဆိုထားနှင့်၊ ဖာဟူသောစကားကိုပင် နှုတ်က မထွက်ရဲသူများရှိကြောင်း သိစေလိုပါသည်။

၁၅။ သူရို့ဆီမှာ၊ သူရို့ဆီမှာနှင့် လွယ်လင့်တကူ ဒီမိုကို ကရေစီပြသူများ စဉ်းစားစေချင်ပါသည်။ သူရို့ဆီမှာတိုင်း ပြည့်တန်ဆာဥပဒေကို လက်ခံကြသည်မဟုတ်ပါ။ တားမြစ်သောနိုင်ငံများစွာရှိပါသည်။ ကိုယ့်အခြေအနေကို မသုံးသပ်ပဲ လွယ်လင့်တကူ တင်သွင်းလို၍ မရပါ။ သူ့ရေမြေမှာပေါက်တိုင်း ကိုယ့်ရေမြေနှင့် အံမ၀င်ပါ။ (ယခုစာစုတွင် မြန်မာ့ယဉ်ကျေးမှုကို အကြောင်းပြ၍ မငြင်းခဲ့ပါ၊ ) ဆင်ခြင်တုံတရားကို သုံး၍ သုံးသပ်စေလိုပါသည်ခင်ဗျား။

၁၆။ ထို့ထက်ပို၍ ဆိုရန် မရှိပါ။

နောက်ဆက်တွဲ

ဆရာဦးမောင်မောင်မြင့်မှ ဖုံးဆက်၍ ဆွေးနွေး အားပေးသဖြင့် ကျေးဇူးတင်ရပါသည်။ ဆရာပြောသော ဖြေရှင်းရန် နည်းလမ်းများကို (နားလည်သမျှ) တင်ပေးပါမည်။

(၁) ပြည့်တန်ဆာကိစ္စသည် ပပျောက်ရန် လုပ်မရပါ။ ပပျောက်ရန် လုပ်မရ၍ တရားဝင်လုပ်ရမည်ဟု မဆိုလိုပါ။ တိုးတိုးကြိတ်ကြိတ် ဖြေရှင်းခြင်းကိုသာ ကာယကံရှင်များက ပိုသဘောကျပါသည်။ တရားဝင်ဖာအဖြစ်ရပ်တည်ရန်သည် နောင်ရေးရှိပါသေးသည်။ အသက်ကြီးလာလျှင် မိသားစုနှင့် နေချင်ကြပါလိမ့်မည်။ မည်သူမှ ထာဝစဉ်ဖာလုပ်မရပါ။ ဖာမှတ်ပုံတင်ထားလျှင် အသက်ကြီးလျှင် ခေါင်းဖြစ်သွားပါမည်။ မှတ်ပုံမတင်လျှင် မသိလိုက် မသိဘာသာ စွန့်ခွာ၍ ရနိုင်ပါသည်။

(၂) ဆရာပြောပြသော ဥပမာလေး အလွန်ကောင်းပါသည်။ အမိန့်ရ အပေါင်ဆိုင်သည် အပေါင်ဆိုင် သတ်သတ်လုပ်ပါက မည်သူမှ မ၀င်လိုပါ။ (ဆိုင်ထဲဝင်လျှင် ပေါင်ရန်မှန်း လူတိုင်း သိပါသည်) အပေါင်ဆိုင်ကို စတိုးဆိုင်လေးနှင့် တွဲဖွင့်ပါမှ ပစ္စည်းလေး တစ်ခုခု ၀ယ်သလိုနှင့် ၀င်ပေါင်ပါသည်။ ကေတီဗီအဆိုတော်လုပ်ခြင်းသည် ထိုသို့ သဘောပါနေပါသည်။ ဖာများမှတ်ပုံတင်မည်မဟုတ်ပါ။ မတင်မည့်အတူတူ အခြားသော နည်းလမ်းများဖြင့် ဖာကိစ္စ ပပျောက်ရန် ကြိုးစားစေချင်ပါသည်။

(၃) ဖာထက် အရေးကြီးသည်မှာ ချုပ်ထားသော ခေါင်းများဖြစ်ပါသည်။ သူရို့က ဖာများကို ခေါင်းပုံဖြတ်ခြင်း၊ ဇိမ်ခန်းထောင်ခြင်း၊ ဖာဇာတ်သွင်းခြင်းများ လုပ်ပါသည်။ ဖာကိုဖမ်းသဖြင့် ပြဿနာ မပြေလည်ပါ။ အညှာက ခေါင်းများဖြစ်ပါသည်။ ဖာများကို ကယ်လိုလျှင် ခေါင်းကို အားပေးသော ဥပဒေပြုရေးထက် သူရို့ကို အရေးယူနိုင်ရန်သာ ကြိုးစားစေချင်ပါသည်။

ကြေးစင်တောင်ကို ကိုယ်ကျိုးအတွက် အသုံး ပြုခဲ့ပုံများနှင့် ဦးတေဇ၊လုလု၊ ဦးပိုင်အရှုပ်တော်ပုံများ၊


We fight We Win မှရယူသည်၊

ကြီးမားလှတဲ့ ကြေးနီစီမံကိန်းဟာ ၁၉၉၈ မှာ ကနေဒါ ကုမ္ပဏီဖြစ်တဲ့ အိုင်ဗင်ဟိုက စတင်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီဟာ နိုင်ငံတကာ သတ္တုတွင်းကုမ္ပဏီဖြစ်ပြီး ကြေးနီ၊ ရွှေနဲ့ ကျောက်မီးသွေးတွေကို အာရှပစိဖိတ်ဒေသမှာ တူးဖော်ပါတယ်။ အိုင်ဗင်ဟိုနဲ့ မြန်မာအစိုးရသတ္တုတွင်းဌာနက ၅၀% စီ စပ်တူလုပ်ခဲ့ကြပါတယ်။

၂၀၁၂၊ သြဂုတ်လမှာ အိုင်ဗင်ဟိုက တာကွိုက်ဟေး သံယံဇာတများ ဆိုတဲ့နာမည်ကို ပြောင်းလိုက်ပါတယ်။ အမှုဆောင်အရာရှိချုပ် ရောဘတ်ဖရိုင်းလန်း က ဧပြီလ ၂၀၁၂ မှာ နှုတ်ထွက်သွားခဲ့ပါတယ်။ ( ဂျာမန်ဘာသာစကားမှာ ဖရိုင်းလန်း ဆိုတာ ငြိမ်းချမ်းသောနယ်မြေ လို့ အဓိပ္ပါယ်ရပါတယ်။ )

လတ်တလောဖြစ်စဉ်

သတ္တုတွင်းကရတဲ့ ၀င်ငွေဟာ စစ်အစိုးရရဲ့ တရားဝင်အများဆုံးရတဲ့ငွေပါပဲ။ အိုင်ဗင်ဟိုနဲ့ အခြား ကနေဒါကုမ္ပဏီတွေဟာလည်း အမေရိကန်တားမြစ်နေပေမယ့် နှစ်ပေါင်းများစွာ ၀င်ငွေသောက်သောက်လဲ ရခဲ့ပါတယ်။ သူတို့ဟာ တခြားလုပ်ငန်းတွေကိုလည်း မြန်မာနိုင်ငံမှာ လုပ်ကိုင်နေပါတယ်။ ( ခင်ဗျားတို့ လက်ညှိုးထိုးချင်နေမယ့် Unocal/ Chevron ကုမ္ပဏီကို စီမံကိန်းအသစ်တွေ၊ ရှိရင်းစွဲလုပ်ငန်းကို တိုးချဲ့ခွင့်တွေ လုပ်ခွင့်မပေးပါဘူး။ လက်ရှိကတော့ တရုတ်နဲ့ ထိုင်းက အသေအလဲလိုချင်နေတဲ့ ပိုက်လိုင်းတခုပဲလုပ်နေတာပါ။ Chevron သာထွက်သွားမယ်ဆိုရင်လည်း ငွေတွေနဲ့ ဓါတ်ငွေ့တွေကတော့ ကုမ္ပဏီအသစ်လက်ထဲမှာ စီးမြဲစီးနေမှာပါပဲ။ Chevron ရဲ့ မြန်မာပြည်တွင်းမြှပ်နှံမှုက ၂-၃% လောက်ရှိပါတယ်။ )

၂၀၀၇ ခုနှစ်မှာ ကနေဒါနိုင်ငံက ပိတ်ဆို့မှုတွေလုပ်ဖို့ သဘောတူလိုက်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာက ၂၀၀၇ ခုနှစ်အစောပိုင်းမှာ အိုင်ဗင်ဟိုက မြန်မာပြည်ကလုံးဝထွက်သွားပါပြီလို့ ကြေငြာခဲ့ပါတယ်။ သူ့လုပ်ငန်းတွေကိုလည်း အမည်မဖော်တဲ့ တတိယအုပ်စုကိုလွှဲပြောင်းလိုက်ပြီး ငွေစာရင်းရှင်းတမ်းတွေနဲ့ ပိုင်ဆိုင်မှုတွေကို လျို့ဝှက်ထားခဲ့ပါတယ်။

အိုင်ဗင်ဟိုက တရုတ်ကုမ္ပဏီ ၃ ခုနဲ့ ဈေးဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် မြန်မာအစိုးရက သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၁) ကိုသာရောင်းရမယ်လို့ ဆိုပါတယ်။ ပြီးတော့ အိုင်ဗင်ဟိုက မြန်မာအစိုးရကို အခွန်တွေအများကြီးဆောင်ရပါမယ်။ ဒါပေမယ့်လည်း နိုင်ငံတကာ ပိတ်ဆို့မှုတွေကတင်းကျပ်လာပြီး ပြသနာတွေများလာတော့မှာ၊ သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးထိခိုက်မှုအတွက် ကုန်ကျစားရိတ်တွေကြီးမြင့်လာတော့မှာတွေကြောင့် အိုင်ဗင်ဟိုက အရမ်းကိုထွက်သွားချင်နေပါပြီ။ အိုင်ဗင်ဟိုနဲ့ သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၁) တို့ဟာ ဈေးနှိမ်ပြီး ဒေါ်လာသန်း၁၀၀ နဲ့ စာချုပ်ချုပ်ကြပါတယ်။ စစ်အစိုးရက အပေါ်စီးနဲ့ပါ။ ပြီးတော့ သတ္တုတွင်းဌာနက ပေးစရာပိုက်ဆံမရှိဘူးလို့ပြောပါလေရော။ တကယ်က သတ္တုတွင်းဌာနက အိုင်ဗင်ဟိုရှယ်ယာအားလုံးကိုယူပြီး တရုတ်ကိုရောင်းချင်တာပါ။ ဒီရှူပ်ထွေးပွေလီပြီး မယုံကြည်ရတဲ့အခြေအနေမှာ( ဦးသန်းရွှေသမီးနဲ့လက်ထပ်ထားတဲ့) ဦးတေဇကို တရုတ်တွေနဲ့ ပွဲစားလုပ်ပေးဖို့ ပြောပါတယ်။ တရုတ်တွေက ဒေါ်လာသန်း ၂၅၀ ပေးဖို့သဘောတူပါတယ်။ ဦးတေဇက ဒေါ်လာသန်း၅၀ ပွဲစားခရပါတယ်။

( တကယ်တော့ ဦးတေဇရဲ့ လက်ထောက်၊ ပုဂံလေကြောင်းလိုင်း ဒုဥက္ကဌ လုလု ကသာ အများဆုံးလုပ်သွားတာပါ။ လုလုဟာ ကောက်ကျစ်စဉ်းလဲတဲ့ စီးပွားရေးသမားဖြစ်ပြီး တရုတ်စကားပြောကျွမ်းကျင်ပါတယ်။ တခါတလေမှာ သူ့ဆီက ဦးတေဇကသင်သွားတာပါလို့ ထုတ်ကြွားတတ်ပါတယ်။ )

တရုတ်တွေကကော၊ မြန်မာတွေကပါ သဘောတူထားတာထက်ပိုရချင်ကြတော့ ၂၀၁၁ အထိကြာသွားပါတယ်။ ဒီနောက်မှာတော့ မုံရွာကြေးနီစီမံကိန်းဟာ ၀မ်ပေါင်နဲ့ (၀မ်ပေါင်က နော်ရင်ကို လက်နက်ကုမ္ပဏီကြီးရဲ့ လက်အောက်ခံပါ။) မြန်မာဦးပိုင် က ပိုင်သွားတယ်လို့ဆိုပါတယ်။

အမေရိကန်သံရုံးက အိုင်ဗင်ဟိုကို အနီးကပ်စောင့်ကြည့်ခဲ့ပါတယ်။ အိုင်ဗင်ဟိုဟာ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့ရဲ့ ပိတ်ဆို့မှုတွေကို အာခံခဲ့ပြီး ၂၀၀၇ မှာ ရုတ်သိမ်းခဲ့တယ်လို့ လိမ်ပြီးကြေငြာခဲ့တာ ပေါ်လာပါပြီ။ သက်သေအထောက်အထားတွေ အမေရိကန်သံရုံးမှာ ရှိပါတယ်။ အိုင်ဗင်ဟိုက လဘ်ထိုးမှုတွေ၊ အပေးအယူတွေကို ဖုံးကွယ်မှုတွေနဲ့ တားမြစ်ချက်တွေကို အနှောင့်အယှက်ပေးခဲ့ပါတယ်။

သတ္တုတွင်းနေရာ

မုံရွာကြေးနီတွင်းဟာ တွင်းဟောင်းလောင်းကြီးပါ။ ဒါဟာသစ်ပင်တွေ၊ စိုက်ပျိုးပင်တွေကို ပျက်စီးမှုအများဆုံး သတ္တုတွင်းတူးနည်းပါပဲ။

အဲဒီဒေသမှာ ရေစီးဆင်းမှုနဲ့ မြေပြင်ဟာပျက်စီးသွားပါတယ်။ ဒီတွင်းဟောင်းကြီးကလည်း အနာဂတ်မှာ ပြန်သုံးလို့မရတော့ပါဘူး။ ၂၀၀၆ ခုနှစ်က အဲဒီနေရာကို ကျွန်တော်ရောက်ဖူးပါတယ်။ မန္တလေးကနေတဆင့် စစ်ကိုင်းနားမှာ ဧရာဝတီမြစ်ကို ဖြတ်ပြီး မုံရွာကို တော်တော်ကြာအောင်သွားရပါတယ်။ မုံရွာကနေတဆင့် ချင်းတွင်းမြစ်ကိုဖြတ်ပြီး ကွင်းပြောင်ကြီးကို တော်တော်ဖြတ်ရပါသေးတယ်။ သစ်ပင်လုံးဝမရှိ၊ ရေအိုင်အစိမ်းရောင်၊ အနီရောင်၊ လိမ္မော်ရောင်၊ အနက်ရောင်ရေတွေနဲ့ သိပ်ဆင်းရဲတဲ့ အိမ်လေးတွေမှာ ကလေးတွေက အဆိပ်ရေအိုင်တွေနားမှာပဲ ကစားနေကြပါတယ်။ ဓါတ်ပုံတော့ရိုက်လို့မရခဲ့ပါဘူး။ အဲဒီနားမှာ ရဲတွေရှိနေပြီး ကျွန်တော်တို့ကို စောင့်ကြည့်နေကြပါတယ်။ အိုင်ဗင်ဟိုက ဒီလိုပျက်စီးမှုတွေကနေ ထွက်ပြေးသွားပြီး နောက်ဆက်တွဲ တရားရင်ဆိုင်ရမယ့်အဖြစ်ကနေ ရှောင်သွားတယ်ဆိုတာ ရှင်းနေတာပါပဲ။

တရုတ်တွေတူးမယ့်နေရာက လက်ပံတောင်းတောင်လို့ခေါ်ပြီး အခု ဆန္ဒပြပွဲတွေနဲ့ အကြမ်းဖက်နှိမ်နင်းမှုတွေ ဖြစ်နေတဲ့နေရာပါ။

ဦးနေ၀င်းနှင့် မြေယာပိုင်ဆိုင်မှုမူဝါဒ

၁၉၆၂ ဦးနေ၀င်းအာဏာသိမ်းတုန်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုပြီး မြေယာအားလုံးနဲ့ စက်ရုံတွေကို ပြည်သူပိုင်သိမ်းခဲ့ပါတယ်။ ဒါကြောင့် အစိုးရက မြေရှင်ဖြစ်ပြီး ပြည်သူနည်းနည်းကပဲ ဘိုးဘွားပိုင်အထောက်အထားတွေရှိကြပါတယ်။

၁၉၉၀ ဦးခင်ညွန့်လက်ထက်မှာ စစ်အာဏာရှင်တွေက မြေယာဧကပေါင်းတော်တော်များများကို သူတို့နဲ့အဆက်အသွယ်ရှိတဲ့ ကုမ္ပဏီကြီးတွေ၊ အာဏာရှင် မိသားစုနဲ့ဆွေမျိုးတွေ၊ ခရိုနီ ဦးတေဇ နဲ့ စတီဗင်လော တို့လို စီးပွားရေးသမားတွေကို ရောင်းချခဲ့ပါတယ်။ အများအားဖြင့် လယ်သမားတွေက ဒါကို မသိကြပါဘူး။ နေရာအတော်များများမှာ လယ်မြေတွေက မဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် လယ်သမားတွေက စိုက်ပျိုးမြဲ စိုက်ပျိုးနေကြပါတယ်။ စူပါသူဌေးတွေက ပေါချောင်ကောင်းရထားပြီး အခွန်လည်း မပေးကြပါဘူး။

အခု ရင်းနှီးမြှပ်နှံသူတွေလည်းလာရော အဲဒီလို အာဏာ၊လုပ်ပိုင်ခွင့်တွေသုံးပြီး၊ အကျင့်ပျက်ပြီး ရထားတဲ့ ပိုင်ရှင်တွေက ရွာသားတွေကို ဖယ်ခိုင်းကြပါတယ်။ ကိုယ်ချင်းလည်းမစာ၊ ထိုက်သင့်တဲ့လျော်ကြေးလည်း မပေးတဲ့အပြင် အာဏာရှင်ဟောင်း ဒါမှမဟုတ် အာဏာရှင်စိတ်မပျောက်သေးတဲ့ လက်ရှိအစိုးရအဖွဲ့နဲ့ပေါင်းပြီး ဒီလိုအလွဲသုံးစားလုပ်ထားတာကို ရှက်လည်းမရှက်ကြပါဘူး။

မည်သူ့တွင် တာဝန်ရှိသနည်း

ရှင်းရှင်းပြောရရင်တော့ ကြေးနီစီမံကိန်းသပိတ်စခန်းကို ဖြိုခွင်းဖို့ အမိန့်ပေးတာ သမ္မတဦးသိန်းစိန်လည်းမဟုတ်၊ ပြုပြင်ပြောင်းလဲလိုစိတ်ရှိတဲ့ အစိုးရအဖွဲ့ဝင်တွေလည်း မဟုတ်ဘူး။ အဖြစ်နိုင်ဆုံးကတော့ တရုတ်ပိုင်ရှင်တွေ(ဒါမှမဟုတ်) မန်နေဂျာတွေ(ဒါမှမဟုတ်) ရင်းနှီးမြှပ်နှံသူတွေ က ဒေသခံရဲတပ်ဖွဲ့နဲ့ စစ်တပ်အရာရှိတွေကို လာဘ်ထိုးပြီး ဆန္ဒပြတာတွေကို ရပ်ခိုင်းတာပဲ။ အဲဒီနေရာက ရန်ကုန်၊မန္တလေး၊နေပြည်တော်ကနေ အဝေးကြီး။ အရမ်းဆင်းရဲတယ်။ ခြောက်သွေ့တယ်။ အနားမှာဘယ်သူမှ မသိခင် လုပ်လိုက်လို့ရတယ်လို့ တွေးလိုက်တာထင်တယ်။

အမိန့်ပေးခဲ့တဲ့ ကိုယ်တိုင်ကျုးလွန်ခဲ့တဲ့လူတွေ တရားဥပဒေအတိုင်း ရင်ဆိုင်ရမယ်။

အိုင်ဗင်ဟို၊ သတ္တုတွင်းဝန်ကြီးဌာန (၁) နဲ့ တရုတ်ကုမ္ပဏီတွေကလည်း သူတို့လုပ်ခဲ့တာတွေက သဘာဝပတ်ဝန်းကျင်၊ ဒေသခံလူထုနဲ့ တိုင်းပြည်ပုံရိပ်တွေကို ပျက်စီးစေခဲ့တာမို့ တာဝန်ယူရမယ်။

ဒါ့အပြင် ရောဘတ်ဖရိင်းလန်းကလည်း အများကြီး ရထားတာတွေကို ပြန်သုံးပြီး လက်ပံတောင်းဒေသကို သူ့နာမည်အတိုင်း ငြိမ်းချမ်းသောနယ်မြေဖြစ်အောင် ကြိုးစားသင့်တာပေါ့။

ဆောင်းပါးရှင်းက

Rick Heizman ဖြစ်ပါတယ်။ သူရဲ့  Facebook မှာ ရေးထားတာကို ဘာသာပြန်ထားပါတယ်။

( ဦးလုလုဆိုတာကတော့ မြန်မာပေါက် တရုပ်ပါ။ အမေရီကန်နိင်ငံ က ဂရင်းကဒ် နဲ့ နေနေတယ်လို့ သိရပါတယ်။ ဆန်ဖရန်စစ်စကိုဖက်မှာနေလေ့ရှိတယ်။ )

နိုင်ငံမဲ့ဖြစ်ရန် လွယ်ကူသော်လည်း နိုင်ငံသားဖြစ်ရန် ခက်ခဲလှသည့် ၁၉၈၂ နိုင်ငံသား ဥပဒေ

နေမင်း (Eastern Star)

နိုင်ငံမဲ့ဖြစ်ရန် လွယ်ကူသော်လည်း နိုင်ငံသားဖြစ်ရန် ခက်ခဲလှသည့် ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေ

justice3
၂၀၁၂-ခုနှစ်အတွင်း ရခိုင်ပြည်နယ်၌ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ဆက်စပ်၍ လွန်ခဲ့သော နှစ် ၃၀ က ပြဌာန်းခဲ့သော ၁၉၈၂ နိုင်ငံသားဥပဒေကို ဝေဖန်သံများကြားနေရပါသည်။ ဘင်္ဂါလီဟုခေါ်ခံရသူများ၊ ရိုဟင်ဂျာဟု မိမိကိုယ်မိမိ သတ်မှတ်သူများဘက်မှ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေကို ပြောင်းလဲပြင်ဆင်လိုကြသကဲ့သို့ အမျိုးသားရေးစိတ်ဓါတ်အခံဖြင့် တိုင်းရင်းသားလူမျိုးသစ်တစ်မျိုး ဖန်တီးမှုကို လက်မခံနိုင်သောအုပ်စုများကလည်း ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေကို ပြောင်းလဲ ပြင်ဆင်စရာမလို။ အစစပြီးပြည့်စုံသော ဥပဒေဖြစ်သည်ဟု ပြောဆိုဝေဖန်သံများ၊ ထောက်ခံ ဆန္ဒပြုမှုများကိုလည်း မြင်တွေ့ရပါသည်။ ပြည်တွင်းပြဿနာကို နိုင်ငံတကာပြဿနာဖြစ်အောင် လုပ်နေကြသည်ဟု စွပ်စွဲသံများကိုလည်း ကြားရပါ၏။ ၂၁-ရာစု ကမ္ဘာ့ရွာကြီးတွင် ယခင်က ပြည်တွင်းပြဿနာဟု သတ်မှတ်ထားသော အရာများသည် ယနေ့  နိုင်ငံတကာဆိုင်ရာ ပြဿနာဖြစ်လာနိုင်သည်ကို ကျွန်တော်တို့ မြန်မာနိုင်ငံသားများ သတိရှိရှိ ဝေဖန်သိမြင်ဖို့ လိုအပ်လာကြောင်း အသိပေးလိုသဖြင့် ဤစာတမ်းကို ရေးသားရခြင်းဖြစ်ပါသည်။

1982 Lawလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေအား ပယ်ဖျက်သင့်ကြောင်း အဆိုတင်သွင်းဆွေးနွေးသူ အမျိုးသားလွှတ်တော်အမတ်များအား ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ မည်သည့်အခန်း မည်သည့်ပုဒ်မသည် အားနည်းနေကြောင်း၊ ပြင်ဆင်ရန်လိုကြောင်း၊ တိကျစွာ အတည်ပြုထောက်ပြပေးသင့်ပါသည်ဟု ၆.၁၁.၂၀၁၂ လွှတ်တော်အစည်းဝေးတွင် အကြံပြုသွားသည်ဟု သိရပါသည်။ အလားတူ နိုင်ငံရေးခေါင်းဆောင်တစ်ဦး အနောက်ဥရောပခရီးစဉ်တစ်ခုတွင် ရခိုင်ပြည်နယ်မှ လူမှုပဋိပက္ခများအကြောင်း သတင်းထောက်တစ်ဦးက စူးစမ်းမေးမြန်းသောမေးခွန်းတစ်ခုကို နိုင်ငံသားဥပဒေ၏ အားနည်းချက်ကြောင့်ဖြစ်ရသည်ဟု တစ်နေရာတွင် ထင်မြင်ချက်ပေးခဲ့၏။ အခြားတစ်နေရာတွင် နိုင်ငံသားဥပဒေ၏ အားနည်းချက်ဆိုသည်မှာ ဘယ်အချက်ကို ဆိုလိုပါသလဲဟု အမေးခံရသောအခါ မိမိအဆိုပါနိုင်ငံသား ဥပဒေကို ကောင်းစွာ မလေ့လာရသေးဟု ၀န်ခံစကားပြောလိုက်ရသည်ဟု သတင်း ဂျာနယ်ဖတ်သူများက ကျွန်တော့်အား လာရောက်ပြောကြားရင်း နိုင်ငံခေါင်းဆောင်လုပ်မည့်သူများ အကဲဆတ်လှသည့် ကိစ္စများကို လွယ်လွယ်မပြောသင့်ကြောင်း၊ ယခုလည်း ဥပဒေသမားတွေ၊ နိုင်ငံရေးသမားတွေ၊ ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေအကြောင်းကို ပြည်တွင်းမှာ အပြောများ၍ ပြည်ပက မေးလာပါလျှင် ဘယ်လိုဖြေကြ၊ ပြောကြမည်မသိပါ။ ခင်ဗျားလည်း ရှေ့နေ တစ်ယောက်ဖြစ်ခဲ့သဖြင့် ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေအကြောင်းကို ဘယ်လိုမြင်ပါသလဲဟု မေးမြန်းတာ မကြာခဏ ကြုံနေရပါသည်။

အဆိုပါပုဂ္ဂိုလ်များအတွက် ဤစာတမ်းသည် ကျွန်တော်၏ ကိုယ်တွေ့အမြင်နှင့် သုံးသပ်ချက် အဖြေဖြစ်ပါသည်။

ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းတွင် နေထိုင်ခဲ့သော ရန်ကုန်မွေးဇာတိ တိုင်းရင်းသား ကရင်လူမျိုး ခရစ်ယာန်ဘာသာဝင် ဦးအောင်မြင့် (ခ) Mr. L.Ambrosejustice4 အသက် ၆၂-နှစ်ရှိသူအပေါ် ၁၉၄၇-ခုနှစ်၊ လ၀က အက်ဥပဒေ ပုဒ်မ ၁၃(၁)အရ အရေးယူ ခံရမှုနှင့်ပတ်သက်၍ ကျွန်တော်၏ တပည့် ရှေ့နေ ဦးကျော်ညွန့်က ဗဟိုတရားရုံးတွင် လိုက်ပါဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံသဖြင့် ၁၉၈၆-ခုနှစ် ဖေဖော်ဝါရီလတွင် ကျွန်တော် လက်ခံဆောင်ရွက်ခဲ့ပါသည်။

အမှုဖြစ်စဉ်အကျဉ်းချုပ်မှာ ဦးအောင်မြင့်၏သမီး Mrs. P. Ambrose, 121, Mills Street, Queens Park, W.A.6107 နေသူက တစ်ကွဲတစ်ပြားစီနေထိုင်ရသည့်အဖြစ်ကို လွမ်းဆွတ်လှသဖြင့် မိဘများကို တွေ့လိုကြောင်း ၁၉၈၂-ခုနှစ်ခန့်ကစ၍ အကြိမ်ကြိမ် မှာကြားဖိတ်ခေါ်သည်ကို သွားရောက်ရန်အတွက် မိဘများကလည်း သမီးထံ သွားရောက်နိုင်ရေး အကြိမ်ကြိမ် မဆလအစိုးရလက်အောက်ခံ ပြည်ထဲရေးဌာနတွင် Passport နှင့် Visa များရရှိအောင် ကြိုးစားခဲ့သော်လည်း မရရှိခဲ့ပါ။ ပွဲစားများ၏ အကြံပေးချက်အရ Passport မယူပဲ Certificate of Identity (C of I) ကို ယူ၍ နိုင်ငံခြားထွက်လို့ရကြောင်း (C of I) မှာ အလွယ်တကူ ရယူနိုင်ကြောင်းပြောသည်ကို ယုံကြည်ပြီး ဦးအောင်မြင့်သည် ပြည်ထဲရေးဌာနမှ (C of I) ကို လျှောက်ထားရယူခဲ့ပါသည်။

ပြည်ထဲရေးဌာနမှ ၃.၆.၁၉၈၅ ရက်နေ့တွင် (C of I) လက်မှတ်အမှတ် ၁၁၇၄ ကို ဦးအောင်မြင့်အား ထုတ်ပေးခဲ့ပြီး အဆိုပါလက်မှတ်သည် မြန်မာနိုင်ငံအတွင်း ၂.၆.၈၆ နေ့အထိ အတည်ဖြစ်သည်ဟု လည်းကောင်း၊ ဦးအောင်မြင့်သည် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်မှ အပြီးအပိုင်ထွက်ခွာသွားပြီး ၃-လအကြာတွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံသား အဖြစ်မှ ရပ်စဲပြီးဖြစ်ပါသည်ဟုလည်းကောင်း အဆိုပါလက်မှတ်တွင် ဖော်ပြထားပါသည်။ (အဆိုပါ C of I ကို ပူးတွဲ-၁ အဖြစ် ဖော်ပြထားပါသည်။)

justice 1ဦးအောင်မြင့်သည် ၂၉.၆.၈၅ နေ့တွင် BAC လေကြောင်းခရီးစဉ် UB 221 နှင့် ဘန်ကောက်မှတဆင့် သြစတြေးလျသို့ သွားရောက်ခဲ့ပြီး ၁-လခန့်အကြာတွင် မြန်မာနိုင်ငံတွင်ကျန်ရှိသော ဇနီးဖြစ်သူက နှလုံးရောဂါ အသည်းအသန်ဖြစ်၍ မသေမီ တွေ့လိုပါသည်ဟု အကြောင်းကြားခြင်းခံရပါသည်။ ဦးအောင်မြင့်အနေဖြင့် ဇနီးနှင့်သမီးကြား  ဗျာများခဲ့ရပြီး နောက်ဆုံးအခြေအနေ ကြုံနေရသော ဇနီးထံပြန်ရန် ဆုံးဖြတ်ခဲ့ပါသည်။ သို့သော် မိမိလက်ဝယ်ရှိ (C of I)သည် မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံသားတစ်ယောက်အဖြစ် ပြန်လို့ ရမရ ဒွိဟဖြစ်စရာရှိသဖြင့် Camberra ရှိ မြန်မာသံရုံးသို့ ၇.၈.၈၅ နေ့စွဲဖြင့် တရားဝင် စာရေသားမေးမြန်းမှု ပြုခဲ့ပါသည်။ ၉.၈.၈၅ နေ့ နေ့လည် ၂-နာရီခန့်တွင် သံရုံးမှ တာဝန်ရှိပုဂ္ဂိုလ် မစ္စက်လင့် ဆိုသူထံမှ ဦးအောင်မြင့်သည် မြန်မာနိုင်ငံသားအဖြစ် ရှိနေသေးသဖြင့် (C of I) သက်တမ်း ၃-လအတွင်း မြန်မာနိုင်ငံသို့ အချိန်မီပြန်နိုင်ကြောင်း ပထမဦးစွာ ဖုန်းဖြင့်ပြန်ကြားခဲ့သည်။ ထို့နောက် သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့ရှိ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာ နိုင်ငံတော် သံရုံးမှ စာဖြင့် အောက်ပါအတိုင်း သဘောထားမှတ်ချက် ထပ်မံပေးပို့ခဲ့ပါသည်။ အဆိုပါစာကို ဦးအောင်မြင့်မှ တရားရုံးတွင် သက်သေခံ ၃ အဖြစ် တင်ပြထားပါသည်။ အဆိုပါစာကို ပူးတွဲ-၂ အဖြစ် ဖော်ပြထားပါသည်။

ဦးအောင်မြင့်သည် သံရုံးမှ တယ်လီဖုန်းဖြင့် အကြောင်းပြန်ကြားချက် ရလျှင်ရချင်း မြန်မာနိုင်ငံရှိ နှလုံးရောဂါသည် ဇနီးသည်ထံ အမြန်ပြန်နိုင်ရေး ကြိုးစား ဆောင်ရွက်ခဲ့ရာ ၂၄.၄.၈၅ ရက်နေ့တွင် မင်္ဂလာဒုံလေဆိပ်သို့ ထိုင်းလေကြောင်းဖြင့် ခရီးစဉ်အမှတ် TG-305  နှင့် ညနေ ၄-နာရီအချိန် ဘန်ကောက်မြို့မှတဆင့် ပြန်လည်ဝင်ရောက်ခဲ့ပါသည်။ လေဆိပ်တွင် လ၀ကဌာနမှ လူဝင်မှုကြီးကြပ်ရေး လတ်တလောဥပဒေပုဒ်မ ၃(၁) ၁၃(၁)အရ ဦးအောင်မြင့်အား ဖမ်းဆီးတရားစွဲဆိုမှု ပြုခဲ့ပါသည်။ လ၀ကဌာနမှ ဦးအောင်မြင့်သည် နိုင်ငံသားဥပဒေပုဒ်မ-၁၆ နိုင်ငံသားလုပ်ထုံးလုပ်နည်း ဥပဒေပုဒ်မ-၂၇တို့အရ မြန်မာနိုင်ငံသား အဖြစ်မှ ရပ်စဲခဲ့ပြီဖြစ်၍ မြန်မာနိုင်ငံအတွင်း သက်ဆိုင်ရာအာဏာပိုင်၏ ခွင့်ပြုချက်မပါရှိပဲ ၀င်ရောက်ခွင့်မရှိသဖြင့် ယခုကဲ့သို့ အရေးယူခြင်းဖြစ်ကြောင်း လ၀က ဦးစီးမှူးက တရားရုံးတွင် ထွက်ဆိုသွားပါသည်။

အဆိုပါအမှုတွင် ဦးအောင်မြင့်၏ မူလ မင်္ဂလာဒုံမြို့နယ် ပြစ်မှုကြီးအမှုအမှတ် (၁၇၃၂/၈၅) တရားရုံးရှေ့နေ ဦးကျော်ညွန့်က လိုက်ပါ ဆောင်ရွက်ခဲ့ပြီး ဦးအောင်မြင့်လက်ဝယ်ရှိ (C of I) justice2သက်တမ်းမှာ ကုန်ဆုံးခြင်းမရှိသေး၍ မြန်မာနိုင်ငံသားအဖြစ် တရားဝင် တည်ရှိဆဲဖြစ်ကြောင်း သြစတြေးလျရှိ မြန်မာနိုင်ငံ သံရုံးမှ ဦးအောင်မြင့်ထံ တရားဝင် ပြန်ကြားကြရန်လည်း ဦးအောင်မြင့်သည် မြန်မာနိုင်ငံသားဖြစ် ပြန်ခွင့်ရှိကြောင်း ဖော်ပြပါရှိသဖြင့် ဦးအောင်မြင့် မြန်မာနိုင်ငံသို့ပြန်လာခြင်းသည် ဥပဒေနှင့်အညီဖြစ်၍ အပြစ်မရှိကြောင်း၊ ခုခံချေပ ဖြေရှင်းခဲ့ပါသည်။

မင်္ဂလာဒုံတရားရုံးမှ ဦးအောင်မြင့်အပေါ် လ၀က (အရေးပေါ်ပြဌာန်းချက်) အက်ဥပဒေပုဒ်မ-၁၃(၁)အရ ငွေဒဏ် ၂၀၀ ထမ်းဆောင်စေ၊ မဆောင်က ထောင်ဒဏ် ၆-လ ကျစေဟု အမိန့်ချခဲ့ပါသည်။ တိုင်းတရားရုံးကလည်း အောက်ရုံးအမိန့်ကိုပင် ထပ်ဆင့်အတည်ပြုပါသည်။ ယင်းအမှု ဗဟိုတရားရုံးတက်ရောက်ရန် အောက်ရုံးရှေ့နေ ဦးကျော်ညွန့် လွှဲအပ်သဖြင့် ကျွန်တော်သည် ဦးအောင်မြင့်အမှုကို ဗဟိုတရားရုံးအတွက် လိုက်ပါဆောင်ရွက်ခွင့်ရခဲ့ခြင်းဖြစ်ပါသည်။ ကျွန်တော်က အမှုသည် ဦးအောင်မြင့် ယခုဘယ်မှာလဲဟုမေးမြန်းရာ ဦးအောင်မြင့်၏ မိတ်ဆွေများက မြို့နယ်တရားရုံးက စွဲဆိုသောအမှု၏ ဒဏ်ငွေ ၂၀၀ ကို ဦးအောင်မြင့်က ချက်ချင်းပေးဆောင်ခဲ့သော်လည်း လ၀ကမှ ဦးအောင်မြင့်သည် ယခု မြန်မာနိုင်ငံသားမဟုတ်တော့ကြောင်း မည်သည့်နိုင်ငံသားဟုလည်း သတ်မှတ်ရန်မဖြစ်နိုင်ပဲ နိုင်ငံမဲ့ဖြစ်သွားပြီဖြစ်၍ အင်းစိန်ထောင်အတွင်း ထည့်ထားရမည်ဖြစ်ကြောင်း ပြောဆိုပြီး အင်းစိန်ထောင်သို့ခေါ်သွားပြီဖြစ်ကြောင်း ပြောပါသည်။

၁-လနှင့် ၂၅-ရက်အတွင်း မွေးရာပါ မြန်မာနိုင်ငံသား ကရင်တိုင်းရင်းသား၊ ရန်ကုန်ဇာတိဖွား ပုဂ္ဂိုလ်တစ်ယောက် နိုင်ငံမဲ့ဖြစ်သွားစေသည့် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေ နိုင်ငံသားလုပ်ထုံးလုပ်နည်း ဥပဒေ၏ အစွမ်းကို အထူးပင် တုန်လှုပ်သွားပါသည်။ ထို့ကြောင့် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကိုလည်း အပြန်ပြန်အလှန်လှန် လေ့လာဖြစ်ခဲ့ပါသည်။ နိုင်ငံသားလုပ်ထုံးလုပ်နည်းဥပဒေကို လေ့လာလိုသဖြင့် ရှာဖွေရာ ၁၉၈၆-ခုနှစ်ဝန်းကျင်က ရန်ကုန်တိုင်းအတွင်း လ၀ကမြို့နယ် ဦးစီးမှုအဆင့်ပင်တွင် စုံစမ်းမရခဲ့ပါ။ ရန်ကုန်မြို့ ကမ်းနားလမ်း ၆-ထပ်လုံးရှိ လ၀က တိုင်းအဆင့် ပုဂ္ဂိုလ်တစ်ဦးထံတွင် ရှားရှားပါးပါး လုပ်ထုံးလုပ်နည်း ဥပဒေပုဒ်မ-၂၇ ကို ကူးယူမှတ်သားခွင့်ရခဲ့ပါသည်။ စာအုပ်တစ်အုပ်လုံး ဖတ်ရှုခွင့်မရပါ။ ထို့ကြောင့် အဆိုပါရှားပါးလှသော လုပ်ထုံးလုပ်နည်းစာအုပ်ကို ဖတ်ရှုလိုသဖြင့် ကြိုးစားလုပ်ဆောင်ရင်း ကံအားလျော်စွာ ထိုစဉ်က ၀န်ကြီးချုပ်ရုံးနှင့်သက်ဆိုင်သော ဌာနတစ်ခုမှ ညွှန်မှူးတစ်ယောက် ကူညီသောကြောင့် ထိုစာအုပ်တစ်အုပ်ကို ရရှိခဲ့ပါသည်။ နိုင်ငံသား လုပ်ထုံးလုပ်နည်းစာအုပ်ကို ဖတ်ရသဖြင့် ထိုစဉ်က ကျွန်တော်တို့ မြန်မာနိုင်ငံသားများကိုင်ဆောင်ထားသော အမျိုးသား မှတ်ပုံတင်များသည် အနာဂတ်တွင် နိုင်ငံသားစိစစ်ရေးကတ်များကို ပြောင်းလဲ ကိုင်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကာလ လွန်မြောက်ပြီးမှ နိုင်ငံသားစာအုပ်ကို ပြောင်းလဲကိုင်ဆောင်ရမည်ဖြစ်ကြောင်း နမူနာကတ်နှင့် စာအုပ်ကိုပါ လုပ်ထုံးလုပ်နည်းစာအုပ်တွင် ပူးတွဲပါရှိသည်ကို တွေ့မြင်ဖတ်ရှု သိရှိခဲ့ရပါသည်။

justice5ထို့ကြောင့် ယနေ့ ပန်းရောင်နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ခွင့် ရသည့်သူများ ငါတို့တော့ မြန်မာနိုင်ငံသား ဖြစ်ပြီဟု ၀မ်းမြောက်မှု မစောကြစေချင်ပါ။ ယခု မြန်မာနိုင်ငံ ပြည်သူအားလုံး နိုင်ငံသားဖြစ်ထိုက်မဖြစ်ထိုက် စိစစ်ခံနေရသည်မှာ မြန်မာနိုင်ငံသားဥပဒေ စတင်ပြဋ္ဌာန်းသည့် ၁၉၈၂-ခုနှစ်မှရေတွက်လျှင် နှစ်ပေါင်း ၃၀-ကျော်တော့မည်ဖြစ်ပါသည်။ နိုင်ငံတော် သမ္မတကြီးမှစ၍ လွှတ်တော်အမတ်များအပါအ၀င် ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေကို ပြောင်းလဲပြင်ဆင်စရာမလို အစစပြည့်စုံသော ဥပဒေဖြစ်သည်ဟု ထောက်ခံပြောဆိုသူများထဲတွင် မြန်မာနိုင်ငံသားလုပ်ထုံးလုပ်နည်း ဥပဒေတွေပါရှိသော နိုင်ငံသားစာအုပ်ကိုင်ဆောင်ခွင့်ရသူ မည်သူပါရှိပါသနည်းဟု အလျဉ်းသင့်၍ ကျွန်တော် မေးလိုပါသည်။

ကျွန်တော်သည် ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေနှင့် အထက်ပါဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်ခန့်အကြာ ၂၀.၉.၈၃ နေ့စွဲပါ ၀န်ကြီးအဖွဲ့ အမိန့်ကြော်ငြာစာအမှတ် (၁၃/၈၃)ဖြင့် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း ဥပဒေများကို လေ့လာခဲ့ပြီးနောက် ဗဟို တရားရုံးသို့ ဦးအောင်မြင့်ကိုယ်စား ပြစ်မှုပြင်ဆင်မှုအတွက် (၁၀၄(ခ)/၁၉၈၆)ကို ၂၄.၂.၈၆ နေ့တွင် တင်သွင်းမှုပြုခဲ့ပါသည်။ အမှုတင်သွင်းသည့်အခါ အမှုတွဲစိစစ်လက်ခံသူ တရားရေးအရာရှိနှင့် ပြဿနာပေါ်ပါသည်။ ကျွန်တော်က လျှောက်ထားသူအမှုသည် ဦးအောင်မြင့်၏အမည်အောက်တွင် (နိုင်ငံမဲ့အကျဉ်းသား အင်းစိန်ထောင်)ဟု ဖော်ပြထားချက်ကို တရားရေးအရာရှိက အထူးအဆန်းဖြစ်နေသဖြင့် အမှုတွဲတွင် ခပ်ကြောင်ကြောင် အရေးအသားများရေးသည်ကို တရားသူကြီးများက မကြိုက်ကြောင်း (နိုင်ငံမဲ့အကျဉ်းသား)ဟူသောအသုံးအနှုန်းကို ပြင်ဆင်ရေးသားရန် တောင်းဆိုပါသည်။ ကျွန်တော်က မိမိအမှုသည် ဦးအောင်မြင့် အကျဉ်းထောင်ထဲ ရောက်နေခြင်းမှာ ယခုပြင်ဆင်မှုတင်သွင်းသော အမှုကြောင့် ရောက်နေခြင်းမဟုတ်ကြောင်း ယခုပြင်ဆင်မှုနှင့်ပတ်သက်၍ ပြစ်ဒဏ်ချမှတ်သော ဒဏ်ငွေ ၂၀၀ ကို ပေးဆောင်ပြီးဖြစ်ကြောင်း၊ အဆိုပါ ဒဏ်ငွေပေးဆောင်ရသော အမှု၏ နောက်ဆက်တွဲအကျိုးဆက်ကြောင့် နိုင်ငံမဲ့သူဖြစ်၍ အင်းစိန်ထောင်အတွင်း ရောက်ရှိနေထိုင် ရသူဖြစ်သဖြင့် နိုင်ငံမဲ့အကျဉ်းသား အသုံးအနှုန်းကို မပြင်နိုင်ကြောင်း ဤအသုံးအနှုန်းကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်ကို မိမိလက်ခံမည်ဖြစ်ကြောင်း ကျွန်တော်က ပြန်လည်ရှင်းလင်းခဲ့ရပါသည်။

အထက်ပါအတိုင်း ပြဿနာရှိသော အမှုဖြစ်သဖြင့် ဤအမှုနှင့်ပတ်သက်၍ ကျွန်တော့်ဘက်က လစ်ဟင်းမှုမရှိအောင် အထူးဂရုစိုက်ပြီး လက်ခံသင့် မခံသင့် လျှောက်လဲချက်ကိုလည်း ပြင်ဆင်ထားခဲ့ပါသည်။ ပြင်ဆင်မှုလျှောက်လွှာတွင် “(၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေနှင့်ပတ်သက်သော အဓိကအားနည်းချက်အဖြစ် ဤဥပဒေကို ၁၉၈၂-ခုနှစ်တွင် ပြည်သူ့ လွှတ်တော်မှ ပြဌာန်းခဲ့စဉ်ကပင် အာဏာတည်ရမယ့်နေ့ရက် ဖော်ပြပါရှိခြင်းမရှိသောကြောင့် ယင်းဥပဒေသည် ယနေ့တိုင် တရားဝင် အကျိုးသက်ရောက်အာဏာတည်ခြင်း ရှိ/မရှိ ဒွိဟဖြစ်စရာအခြေအနေ ပေါ်ပေါက်နေပါကြောင်း) မြန်မာနိုင်ငံသားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများမှာလည်း ၀န်ကြီးအဖွဲ့က လွှတ်တော်မှ ဥပဒေပြဋ္ဌာန်းပြီး တစ်နှစ်ခန့်အကြာ (၂၀.၉.၈၃-နေ့တွင်) အမိန့်ကြော်ငြာစာအမှတ် (၁၃/၈၃)ဖြင့် နောက်ကျထုတ်ပြန်ခဲ့ခြင်း ဖြစ်သဖြင့် ဥပဒေကိုလိုက်နာမည့် ပြည်သူများသာမက ယင်းဥပဒေကို အကောင်အထည်ဖော်ရသည့် ဌာနများတွင်ပင် အခက်အခဲများစွာ ရှိနေပါကြောင်း” နိုင်ငံသားလုပ်ထုံးလုပ်နည်း ဥပဒေအရ တာဝန်လွှဲခြင်းခံရသော သြစတြေးလျနိုင်ငံရှိ မြန်မာနိုင်ငံ ကိုယ်စားပြု မြန်မာသံရုံးတာဝန်ရှိ သံအရာရှိများက ဦးအောင်မြင့်၏ရည်မှန်းချက်အရ မြန်မာနိုင်ငံသားအဖြစ် ရှိနေဆဲဖြစ်ပါကြောင်း မြန်မာနိုင်ငံသို့ တရားဝင် ပြန်နိုင်ကြောင်း အဆုံးအဖြတ်ပေးခဲ့သော်လည်း မြန်မာနိုင်ငံ မင်္ဂလာဒုံမြို့နယ်မှ လ၀က အရာရှိများကမူ ဦးအောင်မြင့်သည် မြန်မာနိုင်ငံသားမဟုတ်တော့သဖြင့် မြန်မာနိုင်ငံသို့ ခွင့်ပြုချက်မရှိပဲ ပြန်လာခွင့်မရှိကြောင်း ယခုအခါ ကမ္ဘာပေါ်တွင် နိုင်ငံမရှိသော လူသားတစ်ဦးသာဖြစ်ကြောင်း ထို့ကြောင့် အင်းစိန်ထောင်ထဲတွင်သာ ထည့်ထားရမည့် လူသားတစ်ဦးဖြစ်ကြောင်း ဆန့်ကျင်ကွဲလွဲစွာ အဆုံးအဖြတ်ပေးခဲ့ကြခြင်းက ထင်ရှားသော သာဓကတစ်ရပ်ဖြစ်နေပါကြောင်း၊ ထို့အပြင် ဦးအောင်မြင့်အား ထုတ်ပေးခဲ့သော (C of I) သက်သေခံမှုလက်မှတ်တွင် ပြဋ္ဌာန်းပါရှိသော စည်းကမ်းချက်များသည် လ၀က လတ်တလော အက်ဥပဒေပုဒ်မ-၄(၂)အရ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းသို့ ၀င်ခွင့်ပြုထားသော သို့မဟုတ် နေထိုင်ခွင့်ပြုထားသော စည်းကမ်းချက်များအဖြစ် မှတ်ယူရမည်ဟူသော ပြဌာန်းချက်ကြောင့် သတ်မှတ်ကာလ ၃-လအတွင်း မြန်မာနိုင်ငံသို့ မြန်မာနိုင်ငံသားတစ်ဦးအဖြစ် တရားဝင် ပြန်လာခြင်းဖြစ်ပါကြောင်း တင်ပြလျှောက်ထားခဲ့ပါသည်။ ကျွန်တော့်အနေဖြင့် အထက်ဖော်ပြပါ ပြင်ဆင်မှုလျှောက်လွှာပါ ဥပဒေအချက်အလက်များနှင့် ဆက်စပ်၍ လျှောက်လဲချက်ပေးရန် ထပ်ဆင့်ပြင်ဆင်ခဲ့ရာတွင်

(၁) မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂-ခုနှစ် ပြည်သူ့လွှတ်တော်ဥပဒေ အမှတ်-၄)တွင် ဥပဒေအာဏာတည်သည့်နေ့ သတ်မှတ်ပြဌာန်းထားခြင်းမရှိသော်လည်း ယင်းဥပဒေ ပုဒ်မ-၆၊ ၃၈၊ ၃၄၊ ၄၅၊ ၅၂၊ ၆၁၊ ၇၂ တို့တွင် ဤဥပဒေအာဏာတည်သည့်နေ့အပေါ် တည်မှီ၍ လုပ်ဆောင်ခွင့်ရှိသည့် အချက်များကို ကန့်သတ်မှုတွေ့ရသဖြင့် ဤဥပဒေ အာဏာတည်သည့်နေ့သည် အလွန်အရေးကြီး အဓိကကျနေပါကြောင်း၊

(၂) မြန်မာနိုင်ငံသားဥပဒေပုဒ်မ (၇၅)တွင် ၀န်ကြီးအဖွဲ့သည် လိုအပ်သော လုပ်ထုံးလုပ်နည်းများကို နိုင်ငံတော်ကောင်စီ၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်ရမည်ဟု လွှတ်တော်က လုပ်ကိုင်အပ်နှင်းထားသော်လည်း မူလ “မြန်မာနိုင်ငံသားဥပဒေ အာဏာမတည်သရွေ့ ကာလပတ်လုံး ၁၉၇၃-ခုနှစ် စကားရပ်များအနက် အဓိပ္ပါယ်ဖွင့်ဆိုရေး (တော်လှန်ရေးကောင်စီဥပဒေ အမှတ် -၂၂) အခန်း-၅ “အာဏာမတည်သေးသော ဥပဒေနှင့်စပ်လျဉ်းသည့် လုပ်ပိုင်ခွင့်များ”ကဏ္ဍ ပုဒ်မ-၁၇(ဂ)တွင် “ယင်းသို့ ထုတ်ပြန်သော နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ သို့မဟုတ် အမိန့်သည် ယင်းဥပဒေ စတင် အာဏာမတည်သေးသမျှ ကာလပတ်လုံး အကျိုးသက်ရောက်မှု မရှိစေရ”ဟူသော အဓိပ္ပါယ်ဖွင့်ဆိုချက်အရ မြန်မာနိုင်ငံသားဥပဒေပုဒ်မ-၁၆၊ လုပ်ထုံးလုပ်နည်း ဥပဒေပုဒ်မ-၂၇အရ ဦးအောင်မြင့်သည် မြန်မာနိုင်ငံသားအဖြစ်မှ ရပ်စဲခဲ့ပြီဟု မင်္ဂလာဒုံမြို့နယ် လ.၀.က မှဆုံးဖြတ်၍ အင်းစိန် အကျဉ်းထောင်အတွင်း ထည့်သွင်းထားခြင်းသည် မြန်မာနိုင်ငံအတွင်း အာဏာမတည်သေးသော ဥပဒေလုပ်ထုံးလုပ်နည်း လုပ်ပိုင်ခွင့်ကို အလွဲသုံးရာရောက်ပါကြောင်း၊

(၃) ယခုအမှုတွင် အရေးကြီးသော ပြဿနာအဖြစ် တင်ပြလိုသောအချက်မှာ ၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေတွင် ဥပဒေအာဏာတည်သည့်နေ့ကို လွှတ်တော်က အတည်ပြုပြဋ္ဌာန်းပေးခြင်းမရှိဘဲ ချန်လှပ်ထားမှုပင်ဖြစ်ပါသည်။ မ.ဆ.လအစိုးရလွှတ်တော်က ပြဋ္ဌာန်းထားသော မူလဥပဒေများစွာတွင် အာဏာတည်သည့်နေ့ရက်များပါရှိပါလျက် ယခုကဲ့သို့အရေးကြီးလှသော နိုင်ငံသားဥပဒေတွင် ပြဋ္ဌာန်းဖော်ပြရန် ပျက်ကွက် နေပါကြောင်း၊ ယင်းဥပဒေပုဒ်မ-၇၅ တွင် နိုင်ငံသားဥပဒေပြဌာန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ၀န်ကြီးအဖွဲ့အား လုပ်ထုံး လုပ်နည်းများရေးဆွဲ၍ နိုင်ငံတော်ကောင်စီ သဘောတူညီချက်ဖြင့် ထုတ်ပြန်ရမည်ဟု ဖော်ပြထားပါကြောင်း၊ “၀န်ကြီးအဖွဲ့က ရေးဆွဲသော လုပ်ထုံးလုပ်နည်းဥပဒေ၏ ပုဒ်မ-၇ နှင့် ၈ တွင် မြန်မာနိုင်ငံသားဥပဒေတည်သည့်နေ့သည် ၁၉၈၂-ခုနှစ် အောက်တိုဘာလ(၁၅)ရက်ဟု ဖော်ပြပါရှိသည်ကို တွေ့ရပါကြောင်း၊ ၀န်ကြီးအဖွဲ့သည် လွှတ်တော်က ဥပဒေပြဌာန်းသည့်ရက်ကိုပင် ဥပဒေအာဏာတည်သည့်ရက်ဟု မိမိသဘောဖြင့် အဓိပ္ပါယ်ဖွင့်ဆိုနေသည်ဟု ယူဆပါကြောင်း၊ အမှန်မှာ ဥပဒေပြဋ္ဌာန်းလိုက်ယုံဖြင့် ယင်းဥပဒေသည် အာဏာသက်ဝင်ခြင်း မရှိကြောင်း၊ အာဏာတည်သည့်နေ့ရက် (၀ါ) ဥပဒေ၏ အကျိုးသက်ရောက်စေ၇မည့် နေ့ရက်ကို ဥပဒေရေးဆွဲသူ လွှတ်တော်ကသာ ပြဋ္ဌာန်းပေးမှ တရားဝင်ပါကြောင်း၊

စကားရပ်များ အဓိပ္ပါယ်ဖွင့်ဆိုသည့် ဥပဒေ အခန်း (၅) ပုဒ်မ-၁၇ပါ ပြဌာန်းချက်များအရ ဥပဒေတစ်ရပ် ပြဌာန်းချက်များအရ ဥပဒေတစ်ရပ် ပြဌာန်းထုတ်ပြန်ပြီး ဖြစ်သော်လည်း ယင်းဥပဒေသည် ချက်ချင်းအာဏာတည်သော ဥပဒေ၊ ချက်ချင်း အာဏာမတည်သော ဥပဒေများဟု ရှိပါကြောင်း။ ယခု နိုင်ငံသား ဥပဒေတွင် “ချက်ချင်း အာဏာတည်စေရမည်” ဟူသော စကားရပ်မပါရှိသလို မည်သည့်အချိန်တွင် အာဏာတည်ရမည်ဟု သတ်မှတ်ဖော်ပြချက်လည်း မပါရှိပါကြောင်း၊ ယင်းအခြေအနေတွင် ၀န်ကြီးအဖွဲ့က (၁၅.၁၀.၈၂)နေ့မှစ၍ နိုင်ငံသား ဥပဒေသည် အာဏာသက်ဝင်သည်ဟု (၂၀.၉.၈၃) ရက်စွဲပါ စာအမှတ် ၃/၆၂(အထူး)၀ဖ ၈၃(၂)ဖြင့် နိုင်ငံသားဆိုင်ရာ လုပ်ထုံးလုပ်နည်းများ စာအုပ်တွင် ၀န်ကြီးအဖွဲ့ အတွင်းရေးမှူး ဦးကျော်တင့်က လက်မှတ်ရေးထိုး ဖော်ပြထားခြင်းမှာ ဥပဒေပြု လွှတ်တော်၏ လုပ်ပိုင်ခွင့် အာဏာကို ၀န်ကြီးအဖွဲ့ကျူးကျော် လုပ်ဆောင်ရာ ရောက်နေပါကြောင်း။

၁၉၇၄-ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ (၄၄)အရ ဥပဒေပြုမှု အာဏာသည် ပြည်သူ့လွှတ်တော်မှာသာရှိပြီး ၀န်ကြီးအဖွဲ့မှာ အခြေခံ ဥပဒေပုဒ်မ-၈၃၊ ၈၄အရ လွှတ်တော်ကိုjustice6 တာဝန်ခံရသည့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး အဖွဲ့သာ ဖြစ်ပါကြောင်း၊ (၁၉၇၃-ခုနှစ် စကားရပ်များ အနက်အဓိပ္ပါယ် ဖွင့်ဆိုရေး ဥပဒေသည် မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမရှိဘဲ တော်လှန်ရေး ကောင်စီ ဥက္ကဌတစ်ဦးတည်းက အချုပ်အချာအာဏာ (၃)ရပ်ကို ကိုင်စွဲအုပ်ချုပ်သော ကာလအတွက် အဓိက ရည်စူးရေးဆွဲထားခဲ့ခြင်း ဖြစ်ကြောင်း၊ ၁၉၇၄-ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်လာချိန်တွင် ဥပဒေပြုမှုအာဏာ၊ ဥပဒေအာဏာ သက်ဝင်ရမည့် ကာလကို ပြည်သူ့လွှတ်တော်ကသာ သတ်မှတ်ခွင့် ရှိပါသဖြင့် အခြားပုဂ္ဂိုလ် အဖွဲ့အစည်းများတွင် မရှိနိုင်သည်ကို သတိပြုသင့်ပါကြောင်း။)

စကားရပ်များအနက် အဓိပ္ပါယ်ဖွင့်ဆိုသည့် ဥပဒေပုဒ်မ-၁၇(ဂ)အရ မူလရေးဆွဲ ပြန်ဌာန်းထားသော ဥပဒေအာဏာ မတည်သေးသမျှ ကာလပတ်လုံး ကြိုတင် ထုတ်ပြန်ထားသော နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ (သို့မဟုတ်) အမိန့်သည် အကျိုးသက်ရောက်မှု မရှိစေရဟု ပြဌာန်းထားမှုအရ ၀န်ကြီးအဖွဲ့၏ နိုင်ငံသား လုပ်ထုံး လုပ်နည်းအမိန့် ကြော်ငြာစာအမှတ် (၁၃/၈၃)သည် မျက်မှောက်ကာလ၌ အကျိုးသက်ရောက်သော၊ ယနေ့တရားဝင် အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရှိသော အမိန့်ဟုတ်မဟုတ် ဗဟိုတရားရုံးတော်မှ အလေးထား ဆုံးဖြတ်ပေးပါရန် အရေးကြီးလှပါကြောင်း။

အလားတူပင် ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ ရုတ်သိမ်းသော ဥပဒေမှာ ၁၉၄၈-ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ(၂)ရပ်သာ ဖြစ်ပါသည်။ ဦးအောင်မြင့်အား (C of I) တရားဝင် ထုတ်ပေးခဲ့သော ၁၉၄၇-လ၀က (လတ်တလောပြဌာန်းချက်များ) အက်ဥပဒေ အပါအ၀င် အခြားဥပဒေ ပြဌာန်းချက်များမှာ တရားဝင် တည်ဆဲ ဥပဒေများအဖြစ် တည်ရှိဆဲ ဖြစ်ပါသည်။

မိမိအသစ် ပြဌာန်းထားသော ဥပဒေနှင့် ဆန့်ကျင်သော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်များကို ဥပဒေပြုစဉ်ကပင် ပြင်ရန်လိုပါသည်။ ယခု အသစ်ပြဌာန်းထားသာ ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ပုဒ်မ-၁၆သည် လ၀က လတ်တလော ဥပဒေပုဒ်မ(၂)ဆနှင့် ပုဒ်မ(၃)နှင့်လည်းကောင်း ဆက်စပ် ထုတ်ပေးသော (C of I) ပေါ်ရှိ စည်းကမ်းများ အပါအ၀င် အခြား လူဝင်မှု စည်းကမ်းများကို မပြင်ဆင်ဘဲ အုပ်ချုပ်ရေး အာဏာပိုင် ကိုယ်လိုရာဆွဲ အရေးယူမှု ပြုနေလျှင် မြန်မာနိုင်ငံအတွင်း မလိုလားအပ်သော နိုင်ငံသား ပြဿနာများ ပေါ်ပေါက်လာနိုင်ပါကြောင်း။ ဦးအောင်မြင့်နှင့် ပတ်သက်၍ မြန်မာနိုင်ငံသားမဟုတ်ဟု သတ်မှတ်လိုသော ဆန္ဒပြင်းပြနေကြသည်ဆိုလျှင်လည်း လ၀က (လတ်တလော) ပုဒ်မ-၄(၂) အရ မြန်မာနိုင်ငံတော် သမ္မတ (နိုင်ငံတော်ကောင်စီဥက္ကဌ)က မြန်မာနိုင်ငံမှ နှင်ထုတ်နိုင်ပါကြောင်း၊ ယခုမူ ဦးအောင်မြင့်အား နိုင်ငံမဲ့ဖြစ်၍ အင်းစိန်အကျဉ်းထောင်ထဲမှာ နေရမည်ဟု အုပ်ချုပ်ရေးအာဏာကိုင်စွဲသူတို့၏လုပ်ရပ်မှာ မည်သည့်ဥပဒေ စံနှုန်းနှင့်မျှ ထိန်းညှိ၍ မရနိင်သောအခြေအနေဖြစ်၍ ဗဟိုတရားရုံးတော်မှ တည့်မတ်ပေးရန် အထူးလိုအပ်နေပါကြောင်း၊

(၄) U Aung Myint (a) Mr. LAmbrose. “Cases to be citizen of the Socialist Republic of the Union of Burma after three months from the date of depature” and since you departed from buma on 29th June 1985, and as such as you are still a citizen of Burma, we are of the opinion that you can still return to Burma within the period of three months.” ဟု သဘောထား မှတ်ချက်ပေး၍ မြန်မာနိုင်ငံသို့ပြန်နိုင်ကြောင်း လမ်းညွှန်ခဲ့သူပုဂ္ဂိုလ်သည် မြန်မာနိုင်ငံ ကိုယ်စားပြု ပထမအတွင်းဝန်အဆင့် သံတမန်တစ်ဦးဖြစ်ပါသည်။ ၁၉၆၁-ခုနှစ် ဗီယာနာ သံတမန်စာချုပ် (1961 Vienna Convention on Diplomatic relations) ယင်းစာချုပ်အပိုဒ်(၃)အရ ၎င်းသံတမန်သည် မြန်မာနိုင်ငံကိုယ်စားပြု ပြောဆိုဆောင်ရွက်ရသူဖြစ်ပါသည်။ မိမိနိုင်ငံနှင့် နိုင်ငံသားတို့အကျိုးအတွက် အကာအကွယ်ပေးရန် မိမိတာဝန်ထမ်းဆောင်ရာ သြစတြေးလျနိုင်ငံတွင် တာဝန်ရှိသူပုဂ္ဂိုလ်ဖြစ်ပါသည်။ အဆိုပါပုဂ္ဂိုလ်၏လမ်းညွှန်ချက်ကိုပင် ယုံကြည်စိတ်ချနိုင်သော အခြေအနေမရှိလျှင် နိုင်ငံခြားရောက် မြန်မာလူမျိုးများအတွက် မိမိသံရုံးကိုပင် အားကိုးရာမရှိဖြစ်သွားနိုင်ပါကြောင်း။

(၅) ကုလသမဂ္ဂလူ့အခွင့်အရေး ကြော်ငြာစာတမ်း အပိုဒ်-၁၅ တွင် လူသားတိုင်းသည် မိမိနှင့်သက်ဆိုင်ရာနိုင်ငံ၌ နိုင်ငံသားဖြစ်ခွင့်ကို အသိအမှတ်ပြုထားပါသည်။ အကယ်၍ မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူများက မွေးရာပါနိုင်ငံသား တိုင်းရင်းသား ကရင်လူမျိုး ဦးအောင်မြင့်ကို မြန်မာနိုင်ငံသားအဖြစ် လက်မခံလိုပါက (C of I) ပါ သက်တမ်းတရားဝင်ကျန်ရှိနေသောကြောင့် မြန်မာနိုင်ငံမှ ပြန်ထွက်သွားရန်၊ ယင်းသို့မထွက်ပဲ ငြင်းဆန်လျှင် နိုင်ငံမဲ့ဖြစ်သွားသော ဦးအောင်မြင့်အား ထောင်ထဲသို့ ထည့်ထားမည်ဖြစ်ကြောင်း ရှင်းပြခဲ့လျှင် ဦးအောင်မြင့်သည် မြန်မာနိုင်ငံမှ (C of I) ကိုင်ဆောင်၍ ထွက်သွားချိန်ရပါလျက် ထွက်သွားခွင့်မပေးဘဲ ချက်ချင်း ထောင်ထဲသို့ ဆွဲသွင်းခဲ့သည့်လုပ်ရပ် သည် လူသား၏ နိုင်ငံသားဖြစ်ခွင့်ကို တန်ဖိုးမထားပဲ လူသားချင်းမစာနာ အလွန်ရက်စက်ရာရောက်နေပါကြောင်း၊

(၆) မကြင်မွှေးနှင့်နိုင်ငံတော် (ပြစ်မှုပြင်ဆင်မှု ၂၅၀(ခ)၁၉၆၈) စီရင်ထုံးကိုထောက်ထား၍ ပြည်သူတို့၏ အန္တရာယ်ကို တရားရုံးမှ စောင့်ရှောက်ကာကွယ်ရန် တာဝန်ဝတ္တရားရှိပုံကို ထောက်ထား၍ ဦးအောင်မြင့်၏ နိုင်ငံသားအခွင့်အရေး လူ့အခွင့်အရေးများကို နစ်နာမှုမရှိအောင် ကုစားပေးပါရန်အလို့ငှာ ယခုအမှုကို လက်ခံစဉ်းစားပေးတော်မူပါဟု လျှောက်လဲချက်ကို ပြင်ဆင်ထားခဲ့ပါသည်။ ဗဟိုတရားရုံး၌ ဦးအောင်မြင့်အမှု လက်ခံသင့်မသင့် လျှောက်လဲချက်ပေးရန် ချိန်းဆိုသောနေ့တွင် အထက်ပါအတိုင်း မိမိဘက်က လျှောက်လဲချက်ပေးရန် အသင့်သွားရောက်ခဲ့သော်လည်း တရားရုံး၌ လျှောက်လဲချက်ပေးခွင့်မရခဲ့ပါ။ သက်ဆိုင်ရာတရားရုံးအရာရှိမှ ကျွန်တော် တင်သွင်းခဲ့သော ဦးအောင်မြင့်အမှုနှင့်ပတ်သက်၍ လက်ခံသင့်မသင့် လျှောက်လဲချက်ပေးရန် ချိန်းဆိုသောနေ့တွင် အထက်ပါအတိုင်း မိမိဘက်က လျှောက်လဲချက်ပေးရန် အသင့်သွားရောက်ခဲ့သော်လည်း တရားရုံး၌ လျှောက်လဲချက်ပေးခွင့်မရခဲ့ပါ။ သက်ဆိုင်ရာတရားရုံးအရာရှိမှ ကျွန်တော်တင်သွင်းခဲ့သော ဦးအောင်မြင့်အမှုနှင့်ပတ်သက်၍ ဗဟိုတရားရုံးမှ လက်ခံကြားနာ ဆုံးဖြတ်နိုင်သော အခြေအနေမရှိဟု ယူဆပါသောကြောင့် ယင်းအမှုကို အဆုံးအဖြတ်ပေးရန် နိုင်ငံတော်ကောင်စီသို့ လွှဲအပ်လိုက်ပြီ ဖြစ်ကြောင်း၊ နိုင်ငံတော်ကောင်စီ၏ အဆုံးအဖြတ်ကိုသာ စောင့်ဆိုင်းနာယူပါဟု ကျွန်တော်နှင့် အမှုသည် မိသားစုအား ရှင်းပြပါသည်။

ဦးအောင်မြင့်၏ မိသားစုဝင်များဘက်မှ နိုင်ငံတော်ကောင်စီတွင် ဒေါက်တာမောင်မောင်နှင့် အဆက်အသွယ် ရှိသောကြောင့် နိုင်ငံတော်ကောင်စီနှင့် သက်ဆိုင်သော အမှုကို ၄င်းတို့ကိုယ်တိုင် ဆောင်ရွက်မည်ပြောသဖြင့် ကျွန်တော်နှင့် အမှုသည် ဦးအောင်မြင့် ဆွေမျိုးများအကြား ထိုအချိန်မှစ၍ အမှုကိစ္စလုပ်ငန်း တာဝန်ရပ်စဲသွားခဲ့ပါသည်။

(၂)နှစ်ခန့် ကြာသည့်တိုင်အောင် နိုင်ငံတော်ကောင်စီသည် ဦးအောင်မြင့်အမှုကို အဆုံးအဖြတ် မပေးခဲ့သဖြင် ၁၉၈၈-ခုနှစ်တွင် မဆလ နိုင်ငံတော် ပြိုကွဲသွားသည့်တိုင် ဗဟိုတရားရုံးမှ စစ်ဆေးစီရင်နိုင်ခြင်း မရှိ၍ နိုင်ငံတော်ကောင်စီသို့ လွှဲပြောင်းတင်ပြထားသော အမှုလက်ကျန် (၂၀)ကျော်တွင် ဦးအောင်မြင့်အမှုလည်း တစ်မှုအဖြစ် ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံသား၊ ကရင်တိုင်းရင်းသား ဦးအောင်မြင့်တစ်ယောက် နိုင်ငံမဲ့ဘ၀ဖြင့် အင်းစိန်ထောင်အတွင်း (၁၃)နှစ်ကျော် ရောက်ရှိပြီးနောက် ၁၉၉၇-ခုနှစ် အောက်တိုဘာလ (၂၉)ရက်နေ့တွင် ၄င်းအမှုကို လက်ခံသင့် မခံသင့် လျှောက်လဲချက်ပေးရန် အမှုခေါ်စာရင်း စစ်အစိုးရခေတ် တရားရုံးချုပ်၌ ပေါ်ပေါက်ခဲ့သည်။

ကျွန်တော်အနေဖြင့် နိုင်ငံရေးအရ ၁၉၈၈-ခုနှစ်တွင် ပထမတစ်နှစ် ထိန်းသိမ်းခံရစဉ်ကပင် ရှေ့နေလိုင်စင် ရုတ်သိမ်းခံထားရပြီးဖြစ်ကြောင်း၊ ဗဟိုတရားရုံးမှ နိုင်ငံတော်ကောင်စီသို့ အမှုလွှဲအပ်စဉ်ကပင် အမှုလိုက်ပါခွင့်တာဝန် ပြီးဆုံသွားပါကြောင်း၊ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြေငြာချက် (၄/၈၉)အရ ဦးအောင်မြင့်တစ်ယောက် လွတ်မြောက်ခဲ့ပြီဟု ယူဆခဲ့ပါကြောင်း ယခုအခါတွင် ၄င်းအတွက် လိုက်ပါဆောင်ရွက်မည့် ရှေ့နေမရှိသောကြောင့် ၄င်း၏ အခွင့်အရေးများ မဆုံးရှုံးသင့်ပါကြောင်း ဖြေရှင်းလွှာတစ်စောင်ကို တရားရုံးချုပ်သို့ ကျွန်တော်တင်ပြခဲ့ပါသည်။

ဤစာရေးချိန်အထိ ဦးအောင်မြင့် မိသားစုနှင့် အဆက်အသွယ်မရှိသဖြင့် ဦးအောင်မြင့် အခြေအနေ မည်သို့ရှိသည်ကို ကျွန်တော်မသိပါ။ တရားရုံးချုပ်က မည်သို့ ဆုံးဖြတ်သည်ကိုလည်း ယနေ့တိုင် မသိသေးပါ။ ကျွန်တော်ကိုယ်တိုင် အလွန်သိချင်ပါသည်။ ၁၉၈၂-ခုနှစ် နိုင်ငံသား ဥပဒေသည် လွှတ်တော်မှ မူလ ရေးဆွဲစဉ်ကပင် ဥပဒေအာဏာသက်ဝင်စေသည့် ကာလသတ်မှတ်ချက် မပါရှိဘဲ ၀န်ကြီးအဖွဲ့မှ မိမိသဘောဖြင့် ကာလသတ်မှတ်၍ အကောင်အထည် အဖော်မှုသည် ဥပဒေနှင့် ညီမညီ ကျွန်တော်တင်ပြခဲ့သည်ကို မဆလခေတ် ဗဟိုတရားရုံး တရားသူကြီးများကလည်း အလေးထား ဆုံးဖြတ်ရမည့် ပြဿနာဟု ယူဆသောကြောင့်သာ ဦးအောင်မြင့်အမှုကို နိုင်ငံတော်ကောင်စီသို့ လွှဲအပ်ခဲ့ခြင်းဖြစ်သည်ဟု ကျွန်တော်ယူဆပါသည်။

ဝန်ကြီးအဖွဲ့၏ နိုင်ငံသားလုပ်ထုံးလုပ်နည်းဥပဒေမှာ နိုင်ငံတော်ကောင်စီ၏ သဘောတူညီချက်ဖြင့် ထုတ်ပြရန်ခြင်း ဖြစ်သဖြင့် ကျွန်တော်တင်ပြသော ဥပဒေပြဿနာတွင် နိုင်ငံတော်ကောင်စီပါ တာဝန်မကင်းသော အခြေအနေဆိုက်ရောက်သွားပြီဟု ယူဆရပါသည်။ သို့ဖြစ်ပါ၍ ဦးအောင်မြင့်၏အမှုသည် နိုင်ငံတော်ကောင်စီ ပျက်စီးသွားသည့် ၁၉၈၈-ခုနှစ်တိုင်အောင် ၃-နှစ်ခန့် နိုင်ငံတော်ကောင်စီက အဆုံးအဖြတ်မပေးပဲ ခေါက်သိမ်းထားခြင်းခံရသော အမှုတွဲစာရင်းသို့ ရောက်ရှိ သွားခဲ့ခြင်းဖြစ်သည်ဟု ယူဆရမည်ဖြစ်ပါသည်။

ဦးအောင်မြင့်အမှုနှင့်ပတ်သက်၍ ကျွန်တော်၏တင်ပြချက်များသည် မဆလခေတ် ဗဟိုတရားရုံးအဆင့်အထိ လက်ခံ စဉ်းစားပေးခဲ့သော်လည်း ၀န်ကြီးအဖွဲ့နှင့် နိုင်ငံတော်ကောင်စီသည် မိမိတို့အမှားကို တာဝန်မယူပဲ လူညီလျှင် ဤကိုကျွဲဖတ်လိုက်ကြစို့ဟူသည့် သဘောဖြင့် နိုင်ငံသားတစ်ဦး နိုင်ငံမဲ့ ဘ၀ရောက်သွားရသည့် နိုင်ငံသားဥပဒေ လုပ်ထုံးလုပ်နည်းပါ မှားယွင်း အကောင် အထည်ဖော်မှုကို အနည်းငယ်မျှ ပြင်ဆင်ပေးခြင်း မရှိဘဲ မျက်စိမှိတ်၍ ဇွတ်တိုးခဲ့သည်မှာ နှစ်(၃၀) ရှိတော့မည်ဖြစ်ပါသည်။

နိုင်ငံသားလုပ်ထုံးလုပ်နည်း ကျွဲခတ်၍ နိုင်ငံသားမည်မျှ နိုင်ငံသားဘ၀ ဆုံးရှုံးခဲ့ပြီကို ကျွန်တော် မမှန်းဆနိုင်တော့ပါ။

ကျွန်တော် လက်လှမ်းမီသမျှ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနဆိုင်ရာ အက်ဥပဒေ၊ နည်းဥပဒေများနှင့် ၎င်းဥပဒေပါ အာဏာတည်မှုဆိုင်ရာ ပြဋ္ဌာန်းချက်အချို့ကို ၁၉၈၂-ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့် ယှဉ်တွဲလေ့လာနိုင်ရန် ရှာဖွေတင်ပြ ပေးလိုက်ပါသည်။

(၁)    The Registration of Forigners Act (နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေ) ပုဒ်မ-၁(၂)
This act shall come into force on the 28th March 1940.
ဤအက်ဥပဒေသည် ၁၉၄၀-ခုနှစ် မတ်လ(၂၈)မှစ၍ အာဏာတည်စေရမည်။
(၂)    The Registration of Forigeners Rules, 1949 (၁၉၄၈-ခုနှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေးနည်းဥပဒေ)
They shall come into force on 4th January 1949.
ဤနည်းဥပဒေသည် ၁၉၄၉-ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့မှစ၍ အာဏာတည်ရမည်။ ပုဒ်မ-၁(၂)
(၃)    The Burma Immigation (Emergency Provisions) Act, 1947
(၁၉၄၇-ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များမှာ) It shall come into force at once.
ဤအက်ဥပဒေသည် ချက်ချင်းအာဏာတည်စေရမည်။
(၄)    ၁၉၄၉-ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ၊ မှတ်ပုံတင်ရေးအက်ဥပဒေပုဒ်မ-၁(၂) ဤအက်ဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြေငြာစာထုတ်ပြန်ကြော်ငြာ၍ သတ်မှတ်သည့်နေ့ရက်၌ အာဏာတည်ရမည့်အပြင် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းပါဝင်သော အရပ်ဒေသများကို ပိုင်းခြားပြီး နေ့ရက်များကို ခွဲခြား၍ သတ်မှတ်နိုင်သည်။
(၅)    ၁၉၇၂-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ သန်းခေါင်စာရင်းဥပဒေပုဒ်မ-၁(၂)
ဤဥပဒေသည် ပြည်ထောင်စုမြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ချက်ချင်းအာဏာတည်ရမည်။
(၆)    UNION CITIZENSHIP (ELECTION) ACT, 1948
၁၉၄၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားအဖြစ် (ရွေးချယ်ရေး)အက်ဥပဒေ
(၁၉၄၈-ခုနှစ် အက်ဥပဒေအမှတ်-၂၆) (၈၂ နိုင်ငံသားဥပဒေအရ ပယ်ဖျက်ပြီး)
Wheres it is necessary to make provision ——- under section 11 (iv) of the constitutions.
အထက်ပါ ဥပဒေနိဒါန်းတွင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံပုဒ်မ-၁၁(ဃ) အရ ———— အောက်ပါအတိုင်း အက်ဥပဒေ ပြဋ္ဌာန်းလိုက်သည်ဟု ဖော်ပြထားပါသည်။
(၇)    The Union Citizenship Act, 1948
၁၉၄၈-ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု အက်ဥပဒေ (၈၂ နိုင်ငံသားဥပဒေအရ ပယ်ဖျက်ပြီး) ပုဒ်မ-၁(၂)
It shall extend to the whole of the Burma and shall be deemed to have come info force on the 4th day of January, 1948.
ဤအက်ဥပဒေသည် ပြည်ထောင်စု မြန်မာနိုင်ငံတော်တစ်ဝှမ်းလုံးနှင့်သက်ဆိုင်သည်။ ၁၉၄၈-ခုနှစ် ဇန်န၀ါရီလ(၄)၇က်နေ့ ၁၃၀၉-ခု ပြာသိုလပြည့်ကျော် (၉)ရက်နေ့မှစ၍ အာဏာတည်သည်ဟု မှတ်ယူရမည်။
(၈)    မြန်မာနိုင်ငံသားဥပဒေ ၁၉၈၂-ခုနှစ် ပြည်သူ့လွှတ်တော် ဥပဒေအမှတ်(၄)

ဤဥပဒေတွင် မြန်မာ နိုင်ငံ၏ မည်သည့်ဒေသတွင် မည်သည့်အချိန်ကစ၍ အာဏာတည်ရမည်ဟု ဖော်ပြပါရှိခြင်း အလျင်းမရှိပါ။ သို့သော်လည်း –
ဤဥပဒေ၏
ပုဒ်မ-၆ တွင် ဤဥပဒေ အာဏာတည်သည့်နေ့တွင် —–
ပုဒ်မ-၃၈ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —–
ပုဒ်မ-၄၃ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —–
ပုဒ်မ-၄၅ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —–
ပုဒ်မ-၅၂ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မတိုင်မီ —–
ပုဒ်မ-၆၁ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —–
ပုဒ်မ – ၇၂ တွင် ဤဥပဒေ အာဏာတည်သည့်နေ့မှစ၍ —– ဟု ဥပဒေအာဏာတည်မှုပြဿနာကို ပုဒ်မ-၇ တွင် (၇)ကြိမ် ဖော်ပြထားပါသည်။ ဥပဒေအာဏာတည်မှုပြဿနာသည် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေတွင် မည်ရွေ့မည်မျှ အရေးပါခြင်း ရှိ-မရှိ စဉ်းစားကြပါ။

မူရင်းဥပဒေအာဏာ မတည်သေးသမျှ ယင်းဥပဒေအပေါ် တည်မှီထုတ်ပြန်ရသော နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ သို့မဟုတ် အမိန့်သည် အကျိုးသက်ရောက်မှု မရှိစေရဟု ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၁၇ ပါ ပြဋ္ဌာန်းချက်များကို အလေးထားသုံးသပ်ကြပါ။

နိုင်ငံသားလုပ်ထုံးလုပ်နည်းများကို လမ်းညွှန်မည့် နိုင်ငံသား ဥပဒေပုဒ်မ-၇၅ ရှိ နိုင်ငံတော်ကောင်စီစကားရပ်၏နေရာတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မည်သူက တာဝန်ယူရမည်ကိုလည်း စဉ်းစားဆုံးဖြတ်ကြပါ။ အထက်ပါ ဥပဒေအကြောင်းအချက်များကို ထည့်သွင်းစဉ်းစားလျှင် ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း ပြုသင့်၊ မသင့် တစ်စုံတစ်ရာ အဖြေထုတ်နိုင်မည်ဟု ကျွန်တော်ယူဆပါသည်။

ကျွန်တော်သည် ဥပဒေပညာရှင် မဟုတ်ပါ။ မြေလတ်ကျေးလက်မှ တောသားရှေ့နေ ဘ၀ ခေတ္တမျှ ကျင်လည်ခဲ့ဖူးသူသာ ဖြစ်ပါသည်။ နှစ် ၃၀-ခန့်ကြာသည့်တိုင် ကျွန်တော် အပါအ၀င် မြန်မာနိုင်ငံသားများ စိစစ်ခံနေရဆဲ ဘ၀မှ မလွတ်မြောက်သေးသည့် အတွက် နိုင်ငံသားဥပဒေ အကောင်အထည်ဖော်သည့် လုပ်ထုံးလုပ်နည်းတစ်နေရာတွင် မှားနေသည်က သေချာပါသည်။ မမှားသင့်သည်များ မမှားရအောင် ကျွန်တော်သိသမျှ တင်ပြလိုက်ရခြင်းဖြစ်ပါသည်။

ပညာ+သတိ ကြီးသူများ ဖြစ်ကြပါစေ။
ဖြစ်ရပါလို၏။
(နေမင်း)

မဏ္ဍိုင်ဥပဒေ မဂဇင်းတွင် ဖော်ပြခဲ့သည့် စာတမ်းဖြစ်ပါသည်။

လူစာရင်းလိမ်ခံရသဖြင့် မွတ်စလင်မ်များဒုက္ခသည်စခန်း ရိက္ခာပြတ်တော့မည်

ရခိုင်ဒေသရှိ ဒုက္ခသည်စခန်းတစ်ခုဖြစ်သည့် ဒါးပိုင်စခန်းရှိ ဒုက္ခသည်ဦးရေကို တာဝန်ရှိသူများက WFR ထံ စာရင်းလိမ် လျှော့ပေါ့ တင်သွင်း ခဲ့သဖြင့် ယခုအခါ ရိက္ခာပြတ်လပ်မှုနှင့် ရင်ဆိုင်ရတော့ မည်ဖြစ်ကြောင်း အဆိုပါစခန်းတွင် တာဝန်ရှိသူ တစ်ဦးက ပြောကြားလိုက်သည်။

”ဒုက္ခသည်တွေ ဆန္ဒပြမှာစိုးလို့ ၁၀ ရက်စာရိက္ခာကို မချန်တော့ဘဲပေးမှာ၊ လူစာရင်းအများကြီးလျှော့ နေတဲ့အတွက်(၄)ရက်နဲ့ကုန်မှာ၊ (၅)ရက်မြောက်နေ့ကစပြီး ရိက္ခာမရှိတော့ဘူး” ဟု ဒါးပိုင်စခန်းမှ ….တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဒါးပိုင်ဒုက္ခသည်စခန်းတွင် ဒုက္ခသည် ၁၂၆၇၅ ဦး ရှိသော်လည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က WFP ထံ အဆိုပါစခန်း၌ လူဦးရေ ၅၀၀၀ သာရှိကြောင်း စာရင်းလိမ်တင် သွင်းခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ မွတ်စလင်မ်ဒုက္ခသည်စာရင်းလျော့ပြမှုကြောင့် မွတ်စလင်မ် ဒုက္ခသည် တစ်သောင်းနှစ်ထောင်ကျော်ရှိ သည့်အနက် ဒုက္ခသည် ၅၁၅၀ ခန့်အတွက်သာ WFP က ရိက္ခာဝေစုထုတ် ပေးကြောင်း သိရသည်။
”လူဦးရေစာရင်း အရမ်းကွာနေကြောင်း ၁၂ ရက်နေ့ကတည်းက စာတင်ထားတယ်၊ စီးပွားရေးဝန်ကြီး ဦးမြင့်အောင်နဲ့ စခန်းမှာ နေရာချထားရေးတာဝန်ရှိသူလို့ဆိုတဲ့ ဦးကျော်ဇောလှ တို့ဆီ စာတင်ထားတယ်”။ အခု အထိတော့ တစ်ခုမှ အဖြေထွက် မလာသေးဘူး”ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ယခုအခါ WFP က ၁၀ရက်စာ ရိက္ခာကြိုတင်ထုတ်ပေးထားခြင်းဖြစ်ကြောင်း၊ ဇူလိုင် ၂၂ ရက်နေ့ရောက်မှ အသစ်ထပ်မံ ရရှိမည်ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ လူစာရင်းကွာဟမှုကြောင့် ဇူလိုင်လ ၁၈ ရက်နေ့ကစပြီး ရိက္ခာပြတ်လပ် တော့မည်ဖြစ်ကြောင်း ဒုက္ခသည် တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

SK (MMM)http://myanmarmuslim.net/news.php?item.749.22