Daily Archives: January 9th, 2013

ရခိုင်မှတ်တမ်းက ရိုဟင်ဂျာလူမျိုးအတွက် အထောက်အထား တစ်ခု

ရခိုင်-ရိုဟင်ဂျာအဓိကရုဏ်းဖြစ်ကတည်းက “ရိုဟင်ဂျာလူမျိုးစု”ဟာ တိုင်းရင်းသား ဟုတ်၊ မဟုတ်၊ တုတ်စွဲ၊ ဓါးစွဲငြင်းခုန်နေကြရတယ်။ ကဲ…….. ရိုဟင်ဂျာလူမျိုးစုဟာ တိုင်းရင်းသားဖြစ်၊ မဖြစ်ဆိုတာကတော့ အမုန်းတရားတွေကို ဘေးဖယ်ပြီး သမာသမတ်ရှိတဲ့စိတ်ဓါတ်နဲ့ သမိုင်းကို ပြန်ပြောင်းကြည့်ကြရမှာပါ။ အဲဒီလို ပညာတတ် သူတော်ကောင်းတွေက သမိုင်းစစ်၊ သမိုင်းမှန်ကို ဖော်ထုတ်ကြမယ်ဆိုရင်ဖြင့် “ရိုဟင်ဂျာလူမျိုးစု”ဟာ တိုင်းရင်းသားဖြစ်ခဲ့ကြောင်း အခု လိပ်ထွက်အောင် အော်ပြီး “ရိုဟင်ဂျာလူမျိုးစု”ဟာ တိုင်းရင်းသားမဟုတ်ပါဘူးလို့ ငြင်းပယ်နေတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ အဓိကပါတီကြီးဖြစ်ခဲ့တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီအပါအ၀င် အခြားသော ရခိုင်တွေကိုယ်တိုင် “ရိုဟင်ဂျာလူမျိုးစု”ဟာ တိုင်းရင်းသားဖြစ်တဲ့အကြောင်း ရေးသားထားတဲ့ ရေးသားချက်ပေါင်း မြောက်များစွာကို လေ့လာတွေ့ရှိရမှာ ဖြစ်ပါတယ်။

အဲဒီရေးသားချက်တွေထဲက အထောက်အထားတစ်ခုကို အခု ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

မုသားဝါဒီ လူလိမ် Khin Mg Ye Sein ရဲ့ တက်တက်စင်အောင် လွဲချော်သော ဘာသာပြန်

မုသားဝါဒီ လူလိမ်တစ်ဦးဖြစ်တဲ့ Khin Mg Ye Sein ရဲ့ ဖဘမှာ တင်ထားတဲ့ ပို့စ်တစ်ခုထဲမှာ တွေ့ရတဲ့ တက်တက်စင်အောင် လွဲချော်နေတဲ့ ဘာသာပြန်ဆိုမှုကို အများပြည်သူ သိရှိစေရန် တင်ပေးလိုက်ပါတယ်။

Khin Mg Ye Sein က In addition, “If a woman dies while her husband was pleased with her,” it is explained that “she will enter into Paradise.” ဆိုတဲ့ စာပိုဒ်လေးကို အခုလို ဘာသာပြန်ဆိုထားပါတယ်။ “လင်ယောကျာင်္းနှင့် ပျော်ပါး ဆက်ဆံနေချိန်မှာ ဇနီးမယား ဖြစ်သူ သေဆုံးသွားခဲ့လျင် သူမဟာ သုခဘုံ (ကောင်းကင်ဘုံ) ကို ရောက်သွားမှာ ဖြစ်တယ်လို့ လဲ ဆိုထားပါတယ်။”

ယင်းသို့ ဘာသာပြန်ဆိုခြင်းဟာ လုံးဝ လုံးဝ မမှန်ကန်ကြောင်း အင်္ဂလိပ်စာပေနဲ့ ဘာသာစကားကို အနည်းငယ် တီးခေါက်မိသူများပင် သိနိုင်ပါတယ်။ အဲဒီစာပိုဒ်ရဲ့ ဘာသာပြန်ဆိုအချက် အမှန်ကို ဖော်ပြပေးပါ့မယ်။

ထပ်၍ ဆိုရသော် “အကယ်၍ အမျိုးသမီးတစ်ဦးအနေနဲ့ သူမရဲ့ ခင်ပွန်းက သူမအား ကျေနပ်နှစ်မြို့လျှက် ကွယ်လွန်သေဆုံးခဲ့သော်၊” ဆိုလိုတာကတော့ “သူမဟာ ဂျန္နသ်သုခဘုံကို ၀င်ရောက်ရမှာ ဖြစ်ပါတယ်။”

ဒါပေမဲ့ မုသားဝါဒီ လူလိမ် Khin Mg Ye Sein ရဲ့ ဘာသာပြန်မှာ ၎င်းဟာ ရည်ရွယ်ချက်ရှိရှိ အစ္စလာမ်ရဲ့ လှပပြီး သိမ်မွေ့နက်နဲတဲ့ တရားတော်မြတ်ကို အလှပျက်အောင် ဖျက်စီးဖို့ ကြိုးစားခြင်းသာ ဖြစ်ပါတယ်။ အဲဒီအတွက် သူဟာ မူရင်းစာသားနဲ့ မည်သို့မျှ မသက်ဆိုင်တဲ့ လိင်ကိစ္စကို ဘာသာပြန်မှာ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ “လင်ယောကျာင်္းနှင့် ပျော်ပါးဆက်ဆံနေချိန်မှာ” ဆိုပြီး လိုရာစွဲပြီး တက်တက်စင်အောင် လွဲချော်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီးပြီး ဘာသာပြန်ချလိုက်ပါတော့တယ်။

ဒီစာပိုဒ်ရဲ့ မူရင်းဟာ ကျုပ်တို့ မုစ်လင်မ်တွေရဲ့ မြတ်တမန်တော်သခင်ရဲ့ သြ၀ါဒတော်တွေထဲက သြ၀ါဒတော် တစ်ပါးဖြစ်ပါတယ်။ ကျုပ်တို့ရဲ့ မြတ်တမန်တော်သခင်ဟာ မုစ်လင်မ်အမျိုးသမီးတွေကို ဇနီးမယားဝတ္တရား ကျေပြွန်တဲ့ ဇနီးမယား အလိမ္မာလေးတွေဖြစ်လာအောင် သွန်သင်ထားတာ ဖြစ်တယ်။ ဇနီးမယားကောင်းဖြစ်မှသာလျှင် မိခင်ကောင်း ဖြစ်နိုင်ပါလိမ့်မယ်။ မိခင်ကောင်းက မွေးဖွားပြီး ထိန်းသိမ်းစောင့်ရှောက် သွန်သင်ခြင်းခံခဲ့ရတဲ့ သားသမီးတွေဟာ သားသမီးကောင်းလေးတွေ၊ လူတော်လူကောင်း လူရည်ချွန်လေးတွေ ဖြစ်လာဖို့ များပါတယ်။ ဘာကြောင့်လဲဆိုတော့ မိခင်ရဲ့လက်ဟာ ကမ္ဘာကို ကိုင်လှုပ်နိုင်လို့ပါပဲ။ ဒီမူရင်းစာပိုဒ်ဟာ Sex လိင်ကိစ္စနဲ့ မည်သို့မျှ မပတ်သက်ပါ။ ဒီစာပိုဒ်ရဲ့ ဆိုလိုတဲ့ အဓိပ္ပါယ်က ဇနီးသည်တစ်ဦးဟာ သူ့ရဲ့ မယားဝတ္တရားတွေ ကျေပြွန်ပြီး၊ သူမရဲ့ ခင်ပွန်းက “အော်-ငါဟာ ဒီလို မိန်းမရတာ တော်တော် ကံကောင်း ပါလားနော်။ ဒီလို အဖိုးတန် မယားအလိမ္မာမျိုး ရဖို့ဆိုတာ လွယ်ကူလှတာ မဟုတ်ပေဘူးဆိုပြီး ခင်ပွန်းသည်ရဲ့ နှလုံးသားထဲကနေ ကျေနပ်ပီတိတွေ တစ်ဖွားဖွား ပေါ်ပေါက်လာစေတဲ့ ဇနီးမယားအလိမ္မာကို ဆိုလိုခြင်း ဖြစ်ပါတယ်။”

မြန်မာ့ယဉ်ကျေးမှုမှာလည်း ကောင်းမြတ်တဲ့ ဇနီးမိန်းမတွေကို တန်ဖိုးထားကြပါတယ်။ ကောင်းမြတ်တဲ့ ဇနီးသည်တွေရဲ့ အရည်အချင်းတွေထဲက တစ်ချို့ကတော့ သူတို့ရဲ့ ခင်ပွန်းသည်တွေရဲ့ ချစ်ခင်ယုယမှု၊ ကြင်နာမှု၊ မေတ္တာတရားထားမှု၊ တန်ဖိုးထားမှု၊ အမြတ်တနိုးရှိမှုနဲ့ ကျေနပ်နှစ်မြို့မှုတွေကို ရရှိအောင် ကြိုးစားတတ်ခြင်းပဲ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာ ကျုပ်တို့ရဲ့ ဖန်ဆင်းရှင်ဖြစ်တဲ့ အိုခြင်း၊ နာခြင်း၊ သေခြင်းစတဲ့ ချို့တဲ့မှုအပေါင်းကနေ ကင်းစင်တော်မူတဲ့၊ တစ်ဆူတည်း၊ တစ်ပါးတည်းဖြစ်တော်မူတဲ့ အလ္လာဟ်အရှင်မြတ်နဲ့ အရှင်မြတ်ရဲ့ တမန်တော်ကနေပြီး ခင်ပွန်းသည်တွေကိုလည်း ဇနီးမယားတွေရဲ့ အပေါ်မှာ ချစ်ခင်ယုယဖို့၊ ကြင်နာဖေးမ၍ မေတ္တာတရားထားဖို့၊ အမျိုးသမီးများကို မြတ်နိုး တန်ဖိုးထားပြီး မလိမ္မာမှုတွေ့တဲ့အခါမှာ အကျိုးသင့်၊ အကြောင်းသင့် ရှင်းပြသွန်သင်ကြဖို့ မိန့်တော်မူ၍ လမ်းညွှန်သင်ကြားထားပါတယ်။

အချုပ်အားဖြင့် Khin Mg Ye Sein ကဲ့သို့သော မုသားဝါဒီလူလိမ်တို့အနေနဲ့ မဟုတ်မမှန် လိမ်လည်လုပ်ကြံ ဖန်တီးပြီး၊ မမှန်သတင်း၊ လန်ကြုပ်သတင်း၊ လိမ်လည် ဘာသာပြန်ဆိုခြင်းများကို ပြုလုပ်၍ ဘာသာမတူသူများအကြား အမုန်းတရားများ ကြီးထွားကာ ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းများ ဖြစ်ပေါ်စေရန် ဆက်၍ ဆက်၍ ကြိုးစားအားထုတ်နေကြမည်ဖြစ်သကဲ့သို့ အမှန်တရားကို ချစ်မြတ်နိုး၍ တရားမျှတမှုကို ခုံမင်တွယ်တာသော မုစ်လင်မ်များသည်လည်း ၎င်းမုသားဝါဒီတို့၏ မဟုတ်မမှန် လုပ်ကြံဖန်တီးထားသော အချက်အလက်များကို ကျူပင်ခုတ်၊ ကျူငုတ်ပင်မကျန်ရလေအောင် ဉာဏ်ပညာကို ရှေ့ဆောင်၍ မေတ္တာတရားကို ဦးထိပ်ပန်ဆင်ကာ ရှင်းလင်းပြီး ပြည်သူလူထုရှေ့မှောက် ချပြခြင်းဖြင့် ဘာသာမတူ သူများအကြား အမုန်းတရားများကို ဖယ်ရှား၍ အပြန်အလှန် လေးစား ချစ်ခင်ခြင်းကို ပေါ်ပေါက်စေရန် စွမ်းစွမ်းတမံ ကြိုးပမ်းလုံ့လ စိုက်ထုတ် သွားကြပေလိမ့်မည်။

Khin Mg Ye Sein ကဲ့သို့သော မုသားဝါဒီ လူလိမ်တို့၏ အလိမ်အညာအမျိုးမျိုး၊ လုပ်ဇာတ်အသွယ်သွယ်တို့မှ ကင်းဝေး၍ ကိုယ်၊ စိတ်၊ ၀ိညာဉ်သုံးပါးစလုံး အေးချမ်းကြပါစေ။ အာမီးန်။

ချမ်းမြေ့
09-01-2013

မှတ်ချက် ။ ။ Khin Mg Ye Sein ရဲ့ ဖဘလိပ်စာ (http://www.facebook.com/seinkhinmg.ye)

သုံးယောက်ပေးပြီး စကားစစ်ထိုးမဲ့ မုစ်လင်မ်သူရဲကောင်း

ဒေါက်တာအေးချမ်းအနေနဲ့ တစ်ယောက်တည်း မယှဉ်ပြိုင်ရဲလျှင် ဒေါက်တာအေးချမ်းကို အကြံပေးနိုင်တဲ့ နောက်ထပ် သမိုင်းပညာရှင် နောက်ထပ်နှစ်ယောက်ပါ ခေါ်ခဲ့နိုင်ကြောင်း မုစ်လင်မ်သမိုင်းသုတေသီဦးဌေးလွင်ဦးမှ ရခိုင်သမိုင်းပညာရှင် ဒေါက်တာအေးချမ်းထံသို့ ယနေ့နံနက်တွင် ထပ်မံ၍ စာတိုတစ်စောင်ပေးပို့၍ သတင်းစကားပါးလိုက်ပါတယ်။

အဲဒီသတင်းစကားထဲမှာ သူတို့နှစ်ဦး သဘောတူညီထားတဲ့ စကားစစ်ထိုးပွဲ (Debate) သို့ ဒေါက်တာအေးချမ်းအနေနှင့် တစ်ဦးတည်း ဦးဌေးလွင်ဦးနှင့် မယှဉ်ပြိုင်ရဲပါက နောက်ထပ်သမိုင်းပညာရှင်နှစ်ယောက်ပါ ခေါ်ခဲ့နိုင်ကြောင်း ထပ်ပြီး မဟာ အခွင့်အရေးတစ်ခု ထပ်မံ၍ ပေးလိုက်ပါသေးတယ်။ ကဲ- သုံးယောက်ကို တစ်ယောက်တည်း အလှဲထိုးမဲ့ မုစ်လင်မ်သူရဲကောင်းကတော့ စိန်ခေါ်လိုက်လေပြီ။ မော့ဂ်ရခိုင်သွေး ဘယ်လောက်ရဲသလဲဆိုတာ ဆက်လက်၍ ကြည့်ရှုနေပါကြောင်း။

ရခိုင်ပဋိပက္ခနှင့် ငြိမ်းချမ်းစွာ အတူနေထိုင်ရေး

ပြုစုတင်ပြသူ

မောင်ရေချမ်း

PDF ဖိုင်ဖြင့် ဒေါင်း၍ ဖတ်ချင်သူများအတွက် လင့်ခ်များ

http://www.scribd.com/doc/119562406/Rakhine-Conflict-And-Peaceful-Co-Exitance-pdf

http://www.mediafire.com/view/?l99y4r9u487d389

https://docs.google.com/open?id=0B4fThqDxAlBUZktVa3VSbzlSUVE

အထူး ကျေးဇူးတင်လွှာ
=============

သုတေသီတို့အဖို့ အလွန် အသုံးဝင်မည့် ဤအစီအရင်ခံစာအား အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်း၊ စိတ်ပင်ပန်းခံကာ ကျနော့ထံသို့ စကန်ဖတ်၍ ပေးပို့ပေးခဲ့သော အစ္စလာမ်သာသနာဝင် မုစ်လင်မ်ညီနောင် တစ်ဦးအား အလွန်ပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။ အလ္လာဟ်အရှင်မြတ် ထိုမုစ်လင်မ်ညီနောင်အား ကောင်းမြတ်လှသည့် အကောင်းအမွန်ကို နှစ်ဘ၀နှစ်ဌာနတွင် ချီးမြှင့်ပေးသနားတော်မူပါစေ။ အာမီးန်။

ရခိုင်သမိုင်းပညာရှင် အေးချမ်းရဲ့ စကားစစ်ထိုးပွဲ လက်ခံခဲ့တဲ့ အထောက်အထား


ရခိုင်သမိုင်းပညာရှင် အေးချမ်းမှ ၂၀၁၂ ဒီဇင်ဘာလ (၂၈) နေ့က သူ့ရဲ့ ဖဘမှာ အခု လို ဖော်ပြခဲ့ပါတယ်။

I have written many times that I have accepted your challenge. Why didn’t you post them? Have courage to face if you have chellenged someone. I am ready. I am ready to hear you challenge me.

အားလုံး နားလည်အောင် ဘာသာပြန်ပေးလိုက်ပါ့မယ်။ “ကျွန်ုပ် လူကြီးမင်းရဲ့ စိန်ခေါ်မှုကို လက်ခံကြောင်း ကျွန်ုပ်အနေနဲ့ အကြိမ်ကြိမ် ရေးခဲ့ပြီးပါပြီ။ လူကြီးမင်းအနေနဲ့ အဲဒီလို လက်ခံခဲ့တဲ့အကြောင်းကို ဘယ်အကြောင်းကြောင့် ပို့စ်အဖြစ် မတင်ခဲ့ပါသလဲ။ လူကြီးမင်းဟာ တစ်ဦးတစ်ယောက် စိန်ခေါ်ပြီးတယ်ဆိုရင်တော့ သူ့ကို ရင်ဆိုင်ဖို့ သတ္တိရှိပါ။ ကျွန်ုပ်ကတော့ အဆင်သင့် ဖြစ်နေပါပြီ။ လူကြီးမင်းရဲ့ စိန်ခေါ်မှုကို နားဆင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။

အားလုံးသိအောင် JPEG နဲ့ တင်ပေးလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အေးချမ်းက လက်မခံခဲ့ပဲ မုစ်လင်မ်တွေဘက်က ကိုယ့်ဘာသာကိုယ် ဖွနေတယ်ဆိုပြီး ကောလဟာလတစ်ခု ပြန့်နေလို့ပါ။

ပြည်သူပြည်သားအားလုံး သိထားဖို့ကတော့ စစ်မှန်တဲ့ မုစ်လင်မ်ဆိုတာ ဘယ်တော့မှ သိသိကြီးနဲ့ မုသားဝါဒီ Khin Mg Ye Sein လို လိမ်လည်လုပ်ကြံပြီး မပြောတတ်ပါ။ မလုပ်တတ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်တို့ရဲ့ အစ္စလာမ်သာသနာတော်မြတ်က လိမ်လည်လုပ်ကြံ ပြောဆိုခြင်းကို တားမြစ်ထားလို့ပါပဲ။

အေးချမ်းအနေနဲ့ ၎င်းရဲ့ စကားတည်၊ မတည်၊ သတ္တိရှိ၊ မရှိကို ပြည်သူတစ်ရပ်လုံး မကြာမီ မျက်ဝါးထင်ထင် တွေ့ရှိကြရတော့မှာ ဖြစ်ပါကြောင်း။

ကိုယ်၊ စိတ်၊ ၀ိညာဉ် သုံးပါးစလုံး အေးချမ်းကြပါစေ။ အာမီးန်။

ချမ်းမြေ့
09-01-2013

— with Mg Thit Sar, Mohammed Naeem, Sa Naa and 108 others.

ရခိုင်သမိုင်းပညာရှင် အေးချမ်းမှ ၂၀၁၂ ဒီဇင်ဘာလ (၂၈) နေ့က သူ့ရဲ့ ဖဘမှာ အခု လို ဖော်ပြခဲ့ပါတယ်။

I have written many times that I have accepted your challenge. Why didn’t you post them? Have courage to face if you have chellenged someone. I am ready. I am ready to hear you challenge me.

အားလုံး နားလည်အောင် ဘာသာပြန်ပေးလိုက်ပါ့မယ်။ “ကျွန်ုပ် လူကြီးမင်းရဲ့ စိန်ခေါ်မှုကို လက်ခံကြောင်း ကျွန်ုပ်အနေနဲ့ အကြိမ်ကြိမ် ရေးခဲ့ပြီးပါပြီ။ လူကြီးမင်းအနေနဲ့ အဲဒီလို လက်ခံခဲ့တဲ့အကြောင်းကို ဘယ်အကြောင်းကြောင့် ပို့စ်အဖြစ် မတင်ခဲ့ပါသလဲ။ လူကြီးမင်းဟာ တစ်ဦးတစ်ယောက် စိန်ခေါ်ပြီးတယ်ဆိုရင်တော့ သူ့ကို ရင်ဆိုင်ဖို့ သတ္တိရှိပါ။ ကျွန်ုပ်ကတော့ အဆင်သင့် ဖြစ်နေပါပြီ။ လူကြီးမင်းရဲ့ စိန်ခေါ်မှုကို နားဆင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။

အားလုံးသိအောင် JPEG နဲ့ တင်ပေးလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အေးချမ်းက လက်မခံခဲ့ပဲ မုစ်လင်မ်တွေဘက်က ကိုယ့်ဘာသာကိုယ် ဖွနေတယ်ဆိုပြီး ကောလဟာလတစ်ခု ပြန့်နေလို့ပါ။

ပြည်သူပြည်သားအားလုံး သိထားဖို့ကတော့ စစ်မှန်တဲ့ မုစ်လင်မ်ဆိုတာ ဘယ်တော့မှ သိသိကြီးနဲ့ မုသားဝါဒီ Khin Mg Ye Sein လို လိမ်လည်လုပ်ကြံပြီး မပြောတတ်ပါ။ မလုပ်တတ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျုပ်တို့ရဲ့ အစ္စလာမ်သာသနာတော်မြတ်က လိမ်လည်လုပ်ကြံ ပြောဆိုခြင်းကို တားမြစ်ထားလို့ပါပဲ။

အေးချမ်းအနေနဲ့ ၎င်းရဲ့ စကားတည်၊ မတည်၊ သတ္တိရှိ၊ မရှိကို ပြည်သူတစ်ရပ်လုံး မကြာမီ မျက်ဝါးထင်ထင် တွေ့ရှိကြရတော့မှာ ဖြစ်ပါကြောင်း။

ကိုယ်၊ စိတ်၊ ၀ိညာဉ် သုံးပါးစလုံး အေးချမ်းကြပါစေ။ အာမီးန်။

ပက်ထရီးယော့ ဒုံးကျည်များ သယ်ဆောင် လာသည့် ပုံဖျက်ထားသော စစ်ကားများနယ်သာလန် စတင် ထွက်ခွာခဲ့

ဆိးရီးယား နိုင်ငံမှ တူရကီ နိုင်ငံအား ဒုံးကျည်ဖြင့် တိုက်ခိုက် လာနိုင်သည့် အတွက် တူရကီ နိုင်ငံအား ကာကွယ်ရန် ပက်ထရီးယော့ ဒုံးကျည်များ သယ်ဆောင် လာသည့် ပုံဖျက်ထားသော စစ်ကားများသည် နယ်သာလန် နိုင်ငံ တောင်ပိုင်းရှိ စစ်အခြေစိုက် စခန်းမှ စတင် ထွက်ခွာခဲ့ကြောင်း သိရှိရ ပါသည်။

နယ်သာ လန် နိုင်ငံမှ ပက်ထရီးယော့ ဒုံးကျည် ၂ စင်းအား သယ်ဆောင်ထားသည့် စစ်ယာဉ်များသည် Eindhoven မြို့ အနီးရှိ စစ်အခြေစိုက် စခန်းမှ Eemshaven ဆိပ်ကမ်းသို့ ပို့ဆောင်မည် ဖြစ်ပြီး တူရကီ နိုင်ငံသို့ သင်္ဘောဖြင့် ဆက်လက် ပို့ဆောင်ပေးမည် ဖြစ်ပါသည်။ ဆီးရီးယား နယ်စပ်ဒေသ တစ်လျှောက်အား ကာကွယ်ပေးရန် တူရကီ နိုင်ငံမှ နေတိုး တပ်ဖွဲ့အား တောင်းဆိုပြီးနောက် နယ်သာလန်၊ ဂျာမနီနှင့် အမေရိကန် နိုင်ငံမှ ပက်ထ ရီးယော့ ဒုံးကျည် ၂ စင်းနှင့် တပ်ဖွဲ့ဝင် ၄ဝဝ ဦးအား တူရကီ နိုင်ငံသို့ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း သိရှိရ ပါသည်။

Source: မြ၀တီ

ဒိန်းမတ်နိုင်ငံတွင် ကျောင်းတက်ပါက ပိုက်ဆံရ

ဥရောပတိုက် မြောက်ပိုင်း၊ ဒိန်းမတ်နိုင်ငံမှာ ကျောင်းတက်ရင် တကယ် ပိုက်ဆံ ရပါတယ်။

အလယ်တန်း၊ အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းသားအားလုံးကို ပိုက်ဆံ ပေးပါတယ်။ မူလတန်းကနေ တက္ကသိုလ်ပြီးတဲ့အထိ၊ ပါရဂူဘွဲ့ ယူတဲ့အထိ ဘာကျောင်းလခမှ ပေးစရာ မလိုပါဘူး။ မလိုတဲ့ အပြင် ထောက်ပံ့ကြေးငွေတောင် ပေးပါသေးတယ်။

မူလတန်းများ၊ Secondary, အလယ်တန်း ကျောင်းသူကျောင်းသားများ အတွက် မိဘရဲ့  စီးပွားရေး အခြေအနေကို ကြည့်ပြီး ကျောင်းလခ အကန့်အသတ် မရှိ ထောက်ပံ့ပေးပါတယ်။ ကျောင်းလခတောင် မဟုတ် ပါဘူး။ နေစရိတ်စားစရိတ် ဖြစ်ပါတယ်။

အသက် ၁၈ နှစ် ၂၀ နှစ် ဝန်းကျင် ကောလိပ်တန်း၊ တက္ကသိုလ်တန်း ဝင်ဖို့ ဖြေဆိုနေတဲ့ ကျောင်းသား၊ ကျောင်းသူ များကိုတော့ တစ်လကို အမေရိကန်ဒေါ်လာ ၉၆၀ ထောက်ပံ့ပါတယ်။ ဆင်းရဲတယ်ဆိုတာကို သက်သေ အထောက်အထားနဲ့ ပြနိုင်ရင် တစ်မိသားစုလုံး စားသောက်ဖို့တောင် ထောက်ပံ့ ပါတယ်။

ကောလိပ်၊ တက္ကသိုလ်၊ အကဲဒမစ်၊ ဒီဂရီ ကျောင်းသူ၊ ကျောင်းသား များအတွက် ထောက်ပံ့ကြေးက ပိုများပါတယ်။ တစ်လကို အမေရိကန်ဒေါ်လာ ၉၆၀ နဲ့မလောက်တဲ့အတွက် အခြေအနေကို ကြည့်ပြီး ယင်းအထက် ထောက်ပံ့ပါတယ်။ ဒီအတွက် ခြောက်နှစ်သတ်မှတ်ထားပေး ပါတယ်။ ခြောက်နှစ်စာ ထောက်ပံ့ပေးပြီး အကြောင်းအမျိုးမျိုးကြောင့် ဒီဂရီ မေဂျာ နောက်တစ်ခုကို စိတ်ကူးပေါက်လို့ တစ်နှစ်အရှုံးခံပြီး ပြောင်း ရင်တောင် ထောက်ပံ့ကြေးက ပေးမြဲ ဖြစ်ပါတယ်။

မသန်မစွမ်း ကျောင်းသူ၊ကျောင်းသား များအတွက် ထောက်ပံ့ကြေး ဘယ် အသက်အရွယ်မရွေးကိုမဆို အပိုပေးပါတယ်။ သာမန်ရနေတဲ့ ထောက် ပံ့ကြေး အပြင် တစ်လကို အမေရိကန်ဒေါ်လာ ၁၃၆၄ ဒေါ်လာ အပိုထပ်ရပါသေးတယ်။

တက္ကသိုလ်ဘွဲ့ရပြီး မာစတာ တက်မယ့် သူများ ကျတော့ ကောလိပ်အဆင့် (Tertiary education) မှာ မပါတော့တဲ့အတွက် ထောက်ပံ့ကြေးငွေ မရတော့ ပါဘူး။ သို့ပေမယ့် ဒီထက်ပိုကောင်းတာ ရပါတယ်။ တက္ကသိုလ်ရဲ့  သုသေတနဌာနတွေမှာ အလုပ်ရပြီး သူတို့ရဲ့  တစ်နှစ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၁၈၀၀၀ (၁သောင်း ၈ ထောင်) ဝန်းကျင်မှာ ရှိပါတယ်။ Ph.D တက်နေတုန်း အခက်အခဲများကို သေချာ ထောက်ပြ တင်ပြနိုင်ရင် ထောက်ပံ့ကြေးငွေလည်း ဆက်ရအုံးမှာ ဖြစ်ပါတယ်။

အထက်ပါ ငွေတွေကို ဒိန်းမတ်အစိုးရက အလကားပေးလိုက်တယ်လို့ မသတ်မှတ်ပါဘူး။ တစ်နေ့ လုပ်ငန်းခွင်ဝင်တဲ့အခါ ပြန်ဆပ်ရမယ့် ဆိုတဲ့ ချေးငွေ သဘောနဲ့ ပေးတာ ဖြစ်ပါတယ်။ သို့ပေမယ့် ကျောင်းပြီးပြီး ၁၅ နှစ်ကြာတောင် ယင်းချေငွေ ပြန်မပေးလည်း ဘာမှ ဥပဒေနဲ့ ညှိစွန်းမှု မရှိဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ဒိန်းမတ်နိုင်ငံဟာ ပညာရေးစနစ်တစ်ခုလုံး အခမဲ့ ဖြစ်တဲ့အပြင် ပိုက်ဆံတောင် ရပါသေးတယ်။ နိုင်ငံကသေး၊ လူဦးရေးကလည်း နည်း၊ ဝင်ငွေများတဲ့ တိုင်းပြည်လည်း ဖြစ်တော့ ပညာရေး စနစ်ကို အကောင်းဆုံး ဖန်တီးပါတယ်။ ကျူရှင်လည်း မရှိပါဘူး။ ယနေ့အထိ ပညာရေး စနစ် တစ်ခုလုံး အခမဲ့ဖြစ်ပြီး ကျောင်းသားတွေကိုတောင် ပိုက်ဆံ ပေးတဲ့အတွက် ကမ္ဘာမှာ ထူးခြားအံ့သြဖွယ် ပညာရေး ဦးစားပေးတဲ့ နိုင်ငံအဖြစ် အသတ်မှတ် ခံထားရကြောင်း သိရပါတယ်။

Ref: wiki
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_6683.html

သကြားဖြင့် အနာကို ပျောက်စေ

သကြားနဲ့ တကယ်ပဲ အနာကို ပျောက်စေပါတယ်။ ယင်းနည်းလမ်းကို အာဖရိကတိုက်မှာ ဟိုးအရင်ကတည်းက အသုံးပြုနေတာ ဖြစ်ပါတယ်။

စားဖို့၊ သောက်ဖို့ မဟုတ်ပါဘူး။ ထိခိုက်ရှနာ၊ ပြည်တည်နာ၊ ဒဏ်ရာ၊အနာဖြစ်တဲ့နေရာကို သကြားနဲ့ တိုက်ရိုက် ဖုံးအုပ်ခြင်းဖြင့် ပျောက်ကင်းစေပါတယ်။ ဘာလို့လဲဆို သကြားမှာ ပါတဲ့ hygroscopic ဟာ ဘက်တီးရီးယားတွေ အသက်ရှင်ဖို့လိုအပ်တဲ့ ရေမှန်သမျှကို ဆုပ်ယူပါတယ်။

ဒါကြောင့် အနာကို ဆက်ရှင်သန်စေမယ့် ဘက်တီးရီးယား ပိုမွားများကို တိုက်ရိုက် သေစေပါတယ်။

Ref: medic-facts
Inernational news for myanmar
http://www.innewsmyanmar.com/2013/01/blog-post_7.html

ထမင်းစားပြီး ရှောင်ကြဉ်ရမည့် အလေ့အထများ

ထမင်းစားစားပြီးချင်း၊ မနက်စာ၊ နေ့လည်စာ၊ ညစာ စားစားပြီးချင်း ရှောင်ကြဉ်ရမယ့် လုပ်ဆောင်ချက်များ ဖြစ်ပါတယ်။

၁။ ဆေးလိပ်မသောက်ရ

ထမင်းစားစားပြီးချင်း ဆီးကရက် ၁ လိပ် သောက်ခြင်းဟာ ၁၀ လိပ်သောက်တာနဲ့ ညီမျှတယ်လို့ သက်သေပြထားပါတယ်။ ဒါကြောင့် ဆေးလိပ် အရမ်းသောက်ချင်တယ်ဆိုရင်တောင်မှ အစာစားပြီးချင်း မသောက်သုံးသင့်သေးပါဘူး။

၂။ အသီးချက်ခြင်း မစားရ

အချို့ က ထမင်းစားပြီးရင် အချိုတည်းအနေနဲ့ သစ်သီးဝလံတို့ကို ချက်ချင်းစားကြ ပါတယ်။ အမှန်တော့ ယင်းဟာ ကောင်းတဲ့ အထတော့ မဟုတ်ပါဘူး။ ဝမ်းမှာ လေခံတတ်ပါတယ်။ ဒါကြောင့် ဝမ်း လေထိုးလေအောင် ဖြစ်ဖို့ ပိုလွယ်ကူပါတယ်။ ထမင်းမစားမှီနဲ့ ထမင်းစားပြီး အနည်းဆုံး တစ်နာရီလောက် ခြားပြီးမှ သစ်သီးဝလံ စားသုံးဖို့ တိုက်တွန်း ထားပါတယ်။

၃။ လက်ဘက်ရည် မသောက်ရ

လက်ဘက်မှာ အက်ဆစ်ဓာတ် ကြွယ်ဝပါတယ်။ ဒါကြောင့် အစားစားပြီး လက်ဘက်ရည် သောက်ရင် စားထားတဲ အစာများကို ပရိုတိန်းဓာတ် တိုးပွားစေပြီး အစာချေဖျက်ရန် ခက်ခဲသွားပါတယ်။ အစာမကြေ၊ ရင်ပြည့် ဖြစ်စေတဲ့ အကြောင်းအရင်း တစ်ခုပဲ ဖြစ်ပါတယ်။

၎။ ခါးပတ်မလျော့ရ

အချို့ က အစားစားနေတုန်းတော့ ဘာမှ မလုပ်ပဲနဲ့ အစားစားပြီးမှ ခါးပတ်လျော့တတ်ပါတယ်။ ဒါဟာလည်း ကောင်းတဲ့ အလေ့အထ မဟုတ်ပါဘူး။ အစာအိမ်နဲ့ အူကို လိမ်စေပြီး အူလမ်းကြောင်း ပိတ်တာတွေ ဖြစ်တတ်ပါတယ်။

၅။ ရေမချိုးရ

ထမင်းစားပြီး တကယ် ရေမချိုးသင့်ပါဘူး။ ရေချိုးတဲ့အခါ ခန္ဓာကိုယ်တွင်းက သွေးကို ခြေဖျား၊ လက်ဖျားအပြင် အခြား ခန္ဓာကိုယ်အစိတ်အပိုင်းများဆီ သွေးစီးဆင်းမှုအား ကောင်းစေပါတယ်။ ဒါကြောင့် ဗိုက်ထဲမှာ သွေးနည်းနည်းပဲ ရှိပါတယ်။ အစာချေဖျက်ဖို့ မလုံလောက်တဲ့အတွက် အစာမကြေခြင်းကို ဖြစ်စေမှာ ဖြစ်ပါတယ်။

၆။ လမ်းမလျှောက်ရ

အစားစားပြီးချင်း လမ်း တစ်ရာ လျှောက်ရင် အသက်၁၀၀ နေရမယ် ဆိုတဲ့ ဆိုရိုးတောင် ရှိခဲ့ပါတယ်။ အမှန်တော့ ဒါဟာလည်း မှားယွင်းတဲံ အလေ့အထ တစ်ခုပဲ ဖြစ်ပါတယ်။ လမ်းလျှောက်တဲ့အတွက် စားသုံးလိုက်တဲ့ အစားစာမှ အာဟာရဓာတ်များကို အစာချေဖျက် စနစ်က လုံလောက်စွာ မဆုပ်ယူနိုင်ပါတယ်။ အခြားသော အကျိုးဆက်များလည်း ရှိနေပါသေးတယ်။

၇။ ချက်ချင်းမအိပ်ရ

အစား စားပြီးချင်းလည်း ချက်ချင်း မအိပ်သင့်ပါဘူး။ ချက်ချင်း အိပ်လိုက်ရင် အစာချေဖျက်မှု စနစ်က ကောင်းကောင်းအလုပ်မလုပ်တော့ပါဘူး။ အူလမ်းကြောင်းကိုလည်း သက်ရောက်မှု ရှိပါတယ်။ ဝမ်းထဲကို Gastric acid တိုးစေပါတယ်။

အထက်ပါ ၇ ချက်ကတော့ ခန္ဓာကိုယ် အာဟာရဓာတ်အတွက် စားသုံးတဲ့ အနှပ်တိုင်းမှာ ရှောင်ကြဉ်ရမယ့် လုပ်ဆောင်ချက်များ ဖြစ်တယ်လို့ သိရပါတ်။


Ref: medic-facts
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_8482.html

ဂဏန်းစတိုင်အက အစ ဘယ်သူက

ပုံမှာ မြင်တွေ့နေရတဲ့ ရှေးဟောင်းအမွေအနှစ် ဗိသုကာ လက်ရာ ကတော့ တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့  က Seokbulsa အမည်ရ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း တစ်ခုကလို့ ဆိုပါတယ်။

ယင်း ဗိသုကာ လက်ရာထဲမှာ- ဘာဘက်က ကလေးပုံဟာ ဘုရားလောင်းမွေးဖွားစဉ် လက်တစ်ချောင်း ထောင်နေတဲ့ပုံ ဖြစ်ပြီး ဘာဘက်ကပုံ အတွက်တော့ ဖြေရှင်းချက် ပေးမထားပါဘူး။

နောက်တစ်မျိုး ကတော့ ယင်းဟာ တောင်ကိုရီးယားရဲ့  နာမည်ကျော် စစ်သူကြီး Jim Rim Hoon မှ တိုက်ပွဲမှ ပြန်လာတိုင်း အောင်ပွဲစဉ်တဲ့ အကလို့ ဆိုပါတယ်။

နောက်တစ်မျိုးကျတော့ တောင်ကိုရီးယားမှ ရှေးပြည်သူများဟာ ဗုဒ္ဓဘာသာ ပွဲတော်များ ကျင်းပတဲ့အခါ အုပ်ရုတ်တုထဲကလို ကခုန်ကြတယ်လို့ ဆိုပါတယ်။

ယင်း လူရုပ်နှစ်ရုပ်ထွင်းထုထားတဲ့ ကျောက်တိုင်ရဲ့  သက်တမ်းကတော့ နှစ် ၁၀၀၀ (တစ်ထောင်) ရှိပြီလို့ ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံ၊ Gangnam ပြည်နယ်နေ လူချမ်းသာများရဲ့  ဘဝနေထိုင်မှုပုံစံကို ရည်ညွန်းတဲ့ Gangnam Style အက ဟာ PSY အတွက် အအောင်မြင်ဆုံး ဖြစ်ခဲ့ပါတယ်။ ဂန်းနမ်းစတိုင် အက (မြင်းစီးအက) နဲ့ ကမ္ဘာကျော်သွားတဲ့ PSY ရဲ့  အက ဘယ်က စတယ်ဆိုတာ ကို တောင်ကိုရီးယား မီဒီယာများမှ မွေနှောက်ရှာဖွေ ထားခြင်း ဖြစ်ကြောင်း သိရပါတယ်။

Ref: buzzpatrol
International news for myanmar

http://www.innewsmyanmar.com/2013/01/blog-post_8.html