Daily Archives: January 11th, 2013

ကချင်ပြည်နယ် မသွားကြဖို့ အမေရိကန်တွေကို သံရုံး သတိပေး

တိုက်ပွဲဖြစ်နေတဲ့ ကချင်ပြည်နယ်ကို အမေရိကန်နိုင်ငံသားတွေ မသွားကြဖို့ ရန်ကုန်မြို့ အမေရိကန်သံရုံးက သတိပေးလိုက်ပါတယ်။

KIA နဲ့ အစိုးရတပ်တို့ရဲ့စစ်ပွဲတွေဟာ အရပ်သားများအတွက် အသက်အန္တရာယ် ရှိတယ် လို့ ပြီးခဲ့တဲ့မိနစ်ပိုင်းအတွင်း ထုတ်ပြန်လိုက်တဲ့ သတိပေးစာမှာ ဖော်ပြထားတာပါ။

ကချင်ပြည်နယ်အခြေအနေများကြောင့် ရန်ကုန်နဲ့တခြားဒေသတွေမှာ ဆန္ဒပြတာတွေ ဖြစ်လာနိုင်ပါတယ် တဲ့။
ငြိမ်းချမ်းတဲ့ဆန္ဒပြပွဲတွေဟာ အကြမ်းဖက်မှုအသွင် ပြောင်းလဲသွားနိုင်တယ်၊ ဘယ်လိုဖြစ်လာမယ်ဆိုတာလည်း ခန့်မှန်းရခက်တယ်လို့ သတိပေးစာမှာ ရေးထားပါတယ်။

ဆန္ဒပြပွဲများ၊ လူစုလူဝေးများနဲ့ ခပ်ကင်းကင်းနေဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာပြည်မှာ ခရီးသည်အဖြစ် ရောက်နေတဲ့ အမေရိကန်တွေ၊ အမေရိကန်နိုင်ငံသား ခံယူထားတဲ့ မြန်မာပြည်သားတွေ အများအပြား ရှိနေပါတယ်။

မူရင်းစာက ဒီလိုပါ –

The Embassy advises all U.S. citizens to avoid travel to Kachin State. Recent military actions in Kachin State by the Kachin Independence Army (KIA) and the Burmese Army have endangered the lives of civilians and reflect escalating violence in the region.
Ongoing hostilities in Kachin State may lead to demonstrations in Rangoon and elsewhere. Please keep in mind that even demonstrations that are meant to be peaceful can become violent and unpredictable. While in public areas, stay alert and aware of the people around you at all times. Stay clear of all demonstrations or public gatherings. If you see something suspicious, report it to the U.S. Embassy or local authorities if possible and leave the area.
The full message, like all our emergency messages, can be found on our website at http://burma.usembassy.gov/warden_messages.html.

ကချင်ဒေသ စစ်ပွဲတွေကြောင့် စိုးရိမ်မကင်း ဖြစ်နေကြောင်း ရန်ကုန်က အမေရိကန်သံအမတ်က
တနင်္လာနေ့မှာ ဧရာဝတီကို ပြောခဲ့ပါသေးတယ်။
တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ မြန်မာအစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေကို တိုက်တွန်းခဲ့တယ်လို့ သူက ဆိုပါတယ်။

၁၇ နှစ်ကြာ တိုက်ပွဲကြီးငယ် မဖြစ်ဘဲ တည်ငြိမ်ခဲ့တယ်လို့ ဆိုနိုင်တဲ့ ကချင်ဒေသဟာ အပြန်အလှန်ပစ်ခတ်ကြ၊ အရပ်သားတွေ အသက်လုပြေးကြရတာ တနှစ်ခွဲ ကြာခဲ့ပါပြီ။

တိုက်ပွဲတွေ ဘယ်တော့မှ ရပ်မယ် ဆိုတာ မသိရသေးပါ။

မနေ့ကတော့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နားပမ်းမြို့မှာ ကချင်ဒေသ စစ်ပွဲများ ရပ်ဆိုင်းရေးအတွက် ဆန္ဒပြပွဲ ပေါ်ပေါက်ခဲ့သလို ဒီကနေ့လည်း ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှာ အလားတူ ဆန္ဒပြ ကန့်ကွက်မှု ဖြစ်ပွားခဲ့ပါတယ်။

စစ်တွေမှ အထင်ကရ နေရာ (၂) ခုတွင် လင်းတနား

သန်းမင်းထိုက်

ရခိုင်ပြည်နယ် မြို့တော် စစ်တွေ၏ အထင်က နေရာ (၂) ခုတွင် လင်းတ တစ်ကောင် လားနားသဖြင့် ဝေဖန်ပြောဆိုမူ အမျိုးမျိုး ထွက်ပေါ်နေသည်ဟု သတင်း ရရှိသည်။

ဇန္န၀ါရီလ ၉ ရက်နေ့ နံနက် ၈ နာရီ ကျော်တွင် စစ်တွေမြို့ လောကာနန္ဒာစေတီတော် အရှေ့ဘက် စောင်းတန်း အနီးရှိ သစ်ပင်ပေါ်တွင် ပထမ လာနားခဲ့သည်ဟု ဆိုသည်။

လောကာနန္ဒာစေတီမှာ စစ်တွေမြို့တွင် အကြီးဆုံး စေတီ ပုထိုးတော် ဖြစ်ပြီး န၀တ၊ နအဖ စစ်အာဏာရှင်များ တည်ထားခဲ့သော စေတီ ဖြစ်သဖြင့် ပြည်သူများ အကြားတွင် အမျိုးမျိုး ဝေဖန်မူ ရှိနေသော စေတီဖြစ်သည်။ ယခုနှစ်ဆန်းပင်တွင် အဆိုပါ စေတီတွင် လင်းတ လာနား သဖြင့် လူအများက နမိတ်မကောင်းဟု ပြောဆိုနေကြသည်ဟု သိရသည်။

အဆိုပါ လင်းတသည် လူများ ၀ိုင်းအုံကြည့်ရှု့စဉ် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး စစ်တွေမြို့ မိုက်ကရိုဝေ့ တိုင်ကြီးတွင် ဆက်လက် နားသည်ဟု မျက်မြင်များက ပြောသည်။

ယခုကဲ့သို့ စစ်တွေမြို့တွင် လင်းတ လာနားသည်မှာ မကြုံဖူးသဖြင့် ကိုယ်တိုင် မြင်တွေ့လိုက်သူ ဆက်သွယ်ရုံးဝင်း တာဝန်ကျနေသူ ဦးလှမောင်သာက ယခုလို ပြောသည်။

“ ကျွန်တော်က ဒီလို ငှက်မျိုးကို တီဗီတွေထဲမှာဘဲ မြင်ဖူးတာ။ ကိုယ်တိုင်မြင်ရတော့ အံ့သြသလို စိတ်ထဲမှာ နမိတ် မကောင်းသလိုလည်း ခံစားရမိပါတယ်။ ရခိုင်ပြည်မှာ ဘေးအန္တရာယ်တွေ မကျရောက်ပါနဲ့လို့ဘဲ ဆုတောင်း ပါတယ်” ဟု ဆိုသည်။

လွန်ခဲ့သော အပတ်ကလည်း ရန်ကုန် ရွှေတိဂုံစေတီတော်တွင် လင်းတငှက်များ လာနားသဖြင့် ပြည်သူများ အကြားတွင် အမျိုးမျိုး ဝေဖန်ပြောဆိုမူများ ထွက်ပေါ်ခဲ့သည်။

စစ်တွေ လာကာနန္ဒာ စေတီ။

အေးချမ်းမွန်မှ Narinjara News တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

နစကမှခြိမ်းခြောက်မှုကြောင့် ရသေ့တောင်မှဘာသာရေးဆရာများထွက်ပြေးတိမ်းရှောင်နေ

ရသေ့တောင် ။ ။ ဇန်န၀ါရီလ (၈) ရက်၊ ယမန်နေ့က ရသေ့တောင်မြို့နယ်၊ ရာဇာဘီလ်ကျေးရွာမှ ဦးအလီ အဟမတ် (ဘ) ဦးကာလူကို တပ်ရင်း (၅၃၈) မှမည်သည့်အကြောင်းပြချက် တစုံတရာ မပေးဘဲ ဖမ်းဆီး သွားခဲ့သည်။ ဦးအလီအဟမတ်အား ပြန်လည် လွှတ်ပေးလိုက်သော်လည်း ရိုက်နှက်မှု ဒဏ်ကြောင့် သေ လုမျောပါးဖြစ်၍လာသည်ဟုသိရသည်။

ဇန်န၀ါရီလ (၆) ရက်နေ့တွင်ရသေ့တောင်မြို့နယ်၊ ဒုန်းစိရွာသို့ နှစ်စဉ်လူဦးရေ စစ်ရန်နှင့် ဘင်္ဂလီဟု အတင်း အဓမ္မလက်မှတ် ထိုးခိုင်းသည့်အဖွဲ့ရောက်ရှိလာခဲ့ရာ လက်မှတ်ထိုးရန်ငြင်းဆန်ခဲ့သူများထဲမှ အစ္စလာမ် ဘာသာရေးဆရာ (၃) ဦးကို ရောက်ရှိလာသည့် နစကနယ်မြေ (၉) စခန်းအမှတ် (၁၉) မှ ရိုက်နှက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထိုသို့ဖမ်းဆီးခဲ့ ရသူ (၃) ဦးမှာ –

(၁) မော်လ၀ီဦးစလင်းအုလ္လာ (ဘ) ဦးအလီအဟမတ် (အသက် ၅၀ နှစ်)
(၂) မော်လ၀ီဦးဆလာမတ်အုလ္လာ (ဘ) ဦးရှော်ဘီရမ် (အသက် ၄၀ နှစ်)
(၃) မော်လ၀ီဦးရာမတ်အုလ္လာ (အသက် ၄၅ နှစ်)

အထက်ပါဘာသာရေးဆရာ (၃) ဦးအားလူမဆန်စွာရိုက်နှက်ဖမ်းဆီးသွားပြီးနောက်၊ နစကများမှရွာအတွင်း ရှိဘာသာရေး ပညာဆည်းပူး ထားသူများအားလုံးကို ဖမ်းဆီး၍ ညှင်းပန်းနှိပ်စက်မည်ဟု သတင်းလွှင့်ရာ ရွာအတွင်း ရှိဘာသာရေး ပညာဆည်းပူးထားသူများ အားလုံးအခြားရွာများသို့ တိမ်းရှောင်နေကြပြီး၊ အချို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း ရသေ့တောင်ဒေသခံ တစ်ဦးမှ RB News သို့ ပြောပါသည်။

ဘူးသီးတောင် ။ ။ ဇန်န၀ါရီလ (၅) ရက်နေ့တွင်ဘူးသီးတောင်မြို့နယ်၊ ဦးလှဖေရွာမှ ဦးအလီဂျိုဟာ (ဘ) ဦးအူလာမျာအား ငွေကြေးလဲလှယ်နေသည်ဟု မဟုတ်မမှန်စွပ်စွဲ၍ နစကစခန်းအမှတ် (၂၁) မှဖမ်းဆီး သွားပြီး၊ ငွေကျပ်တစ်သိန်း ယူ၍ပြန်လည် လွှတ်ပေးခဲ့သည်ဟုသိရသည်။

မောင်တောရှိနစကနယ်မြေ (၈) မှဖမ်းဆီးငွေညှစ်မှုများအဆက်မပြတ်ပြုလုပ်လျက်ရှိ

မောင်တော ။ ။ မောင်းတောမြို့နယ်၊ ကျောက်ပန်းဒိုကျေးရွာအခြေစိုက် နယ်စပ်ဒေသကွပ်ကွဲရေးနယ်မြေ (၈) မှ အနီးအနားရှိရွာများမှ ဆင်းရဲသည့်ရွာသားများကိုဖမ်းဆီး၍ငွေညှစ်နေသောကြောင့် စားရေး သောက်ရေးပင်အခက် အခဲဖြစ်နေရသည်။ ဇန်န၀ါရီလ (၆) ရက်နေ့ညတွင် သီးနှံကြိတ်ခွဲစက်ပိုင်သည့် မော်လ၀ီဦးဟလီမ် (ဘ) ဦးအဘူလ်ဘော်ရှော်ထံမှ ငွေကျပ် ၃ သောင်းယူသွားပြီး၊ အခြားသီးနှံကြိတ်စက် ပိုင်ဆိုင်သည့် ဦးဖေဒန် (ဘ) ဦးမိုဂူလ်နှင့် ဦးဂျမာလ် (ဘ) ဦးမိုဂူလ်တို့နှစ်ဦးထံမှာ ငွေကျပ် ၂ သောင်းခွဲစီယူ ခဲ့ကြောင်းသိရသည်။ သီးနှံကြိတ်ခွဲစက်နှင့်သီးနှံကြိတ်ခွဲ ရာတွင်ခွင့်ပြုချက်တစ်စုံတစ်ရာတောင်းခံရန်မလို အပ်သော်လည်း ထိုသူများထံမှခွင့်ပြုချက်မယူ၍သီးနှံကြိတ်ခွဲသည်ဟု အကြောင်းပြ၍ ထိုငွေများကိုယူသွား ခြင်းဖြစ်သည်။

ညမထွက်ရအမိန့်သည် ည ၁၀ နာရီမှစတင်၍အကျုံးဝင်သောလည်း ဦးမိုဟာမတ်ဟာရွန် (ဘ) ဦးဆယာဒ် အဟမတ်၊ ဦးဟာရှင် (ခ) ဦးအဒူရှကူရ်နှင့် ဦးဇနာလ် (ဘ) ဦးအဒူမိုနာဖ်တို့သည် ည ၉း၂၀ နာရီသို့အိမ်သို့ ပြန်သွားနေရာ နစက နယ်မြေ (၈) မှဖမ်းဆီး၍ တစ်ဦးထံငွေကျပ် တစ်သောင်းစီယူခဲ့ကြောင်းသိရသည်။

မြင်လွတ်ရွာ (မေရူလာ) တွင်အိမ်ထောင်စုစာရင်းနှင့်လူဦးရေစစ်ဆေးခြင်းများကို ဇန်န၀ါရီလ (၃) ရက်နေ့မှ စတင်ခဲ့ရာ လက်မှတ်ထိုးရန်ငြင်းဆန်ခဲ့သည့် အိမ်ထောင်ဦးစီး (၆) ဦးကို နစကနယ်မြေ (၈) စခန်းအမှတ် (၁၇) မှဖမ်းဆီးခေါ်ဆောင် သွားပြီး ယခုအချိန်ထိချုပ်နှောင်ထားကြောင်းသိရသည်။ ထိုသို့ဖမ်းဆီးခံရသည့် အပြစ်မဲ့ (၆) ဦးမှာ မြို့မကညင်တန်းနှင့် မြင်လွတ်ရွာတို့မှဖြစ်ကြသည်။ ဖမ်းဆီးခံထားရသူများမှာ –

(၁) ဦးအဲရှာဒုလ္လာ (ဘ) ဦးဖဇလ်အဟမတ် (အသက် ၄၅ နှစ်)
(၂) ဦးဆယာဒ်အာလမ် (ဘ) ဦးနဇီးရ်ဟူစိန်း (အသက် ၄၀ နှစ်)
(၃) ဦးအဘူကလာမ် (ဘ) ဦးရှာကဲရ် (အသက် ၃၅ နှစ်)
(၄) ဦးဟူစိန်းအဟမတ် (ဘ) ဦးဂျလာလ်အဟမတ် (အသက် ၄၇ နှစ်)
(၅) ဦးယူစွတ် (ဘ) ဦးဖဇလ်အဟမတ် (အသက် ၄၂ နှစ်)
(၆) ဦးရှာဘ်မျာ (ဘ) ဦးကဘီရ်အဟမတ် (အသက် ၄၀ နှစ်)

မြင်လွတ်ရွာအရှေ့ပိုင်းရှိရိုဟင်ဂျာများ၏နေအိမ်များသို့ နစကများသွားရောက်၍ နေအိမ်ရှိပစ္စည်းများဖျက် ဆီးခြင်း၊ အဖိုးတန်ပစ္စည်းများကိုယူဆောင်သွားခြင်းများကိုပြုလုပ်ခဲ့ကြောင်းဒေသခံတစ်ဦးမှ RB News သို့ပြောသည်။ ထိုသို့ ပြုလုပ်ရခြင်းမှာဘင်္ဂလီဇတ်သွင်းရာတွင်လက်မှတ်မထိုးနိုင်ဟုငြင်းဆိုသူများကို လက်မှတ်ထိုးလာရစေရန်အတွက် အကြမ်းဖက်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရသည်။

“အမေရိကန် သန်းကြွယ်သူဌေးကြီး ဆိုးရောစ့် ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံဆွေးနွေး”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ညနေက အမေရိကန်ဘီလျံနာသူဌေးကြီး George Soros နဲ့ အဖွဲ့ကို နေပြည်တော်မှာ လက်ခံ တွေ့ဆုံခဲ့ကြောင်း နဲ့ ဟန်ဂေရီနိုင်ငံခြားရေး ၀န်ကြီးနဲ့အဖွဲ့ကိုလည်း သီးခြားတွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

ဒီတွေ့ဆုံပွဲတွေနဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အသေးစိတ် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
အဲဒီမတိုင်ခင် ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည် နဲ့ လက်ပန်းတောင်းတောင်အရေး စုံစမ်းရေး ကော်မရှင်အဖွဲ့ဝင်တွေဟာ ကြေးနီစီမံကိန်း နဲ့ ပတ်သက်ပြီး လေ့လာစစ်ဆေးခဲ့တဲ့ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအဖွဲ့MEI ရဲ့ တင်ပြချက်တွေကို လေ့လာသုံးသပ်တယ်လို့ သိရပါတယ်။
လက်ပန်းတောင်းတောင်အရေးနဲ့ ပတ်သက်ပြီး ကော်မရှင်က သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု နဲ့ လူမှုဘ၀ အကျိုးသက်ရောက်မှုတွေကို လေ့လာဖို့အတွက် ပညာရှင်ပေါင်းစုံပါဝင်တဲ့ ကော်မတီတစ်ရပ်ဖွဲ့စည်းပေးခဲ့ပြီး အဖွဲ့က ကနဦးအစီရင်ခံစာကို သီတင်းနှစ်ပတ်အတွင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ထံ တင်ပြဖို့ စီစဉ် ဆောင်ရွက်ခဲ့ပါတယ်။

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်အဖွဲ့ဝင်တွေ နဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဥက္ကဋ္ဌ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးတို့ မနေ့က တွေ့ဆုံပြီး လက်ပန်းတောင်းတောင်အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်

RFA

“မုဒိမ်းကောင်ရဲ့သားကောင်မဖြစ်စေဖို့”


မုဒိမ်းမှုကာကွယ်ရေးအဖွဲ့ဟာ ထောင်ထဲမှာ ရောက်နေတဲ့ မုဒိမ်းသမားတွေကို အင်တာဗျူးလုပ်ခဲ့ပါတယ်။ သူတို့ဆီက အကြမ်းဖက်မှုဖြစ်စေနိုင်တဲ့ အချက်အလက် တွေကိုလေ့လာပြီး ပြန်လည်ဝေမျှလိုက်ရခြင်းဖြစ်ပါတယ်…

(၁) မုဒိမ်းကောင် တစ်ယောက်ဟာ မုဒိမ်းကျင့်ခါနီး အရင်ဦးဆုံး သတိထားကြည့်တာ ဆံပင်ပုံစံပါ။ နောက်ဆံပင်ကို အရင်းပိုင်းစုစည်းပြီး ဆံပင်အရှည်ချထားတဲ့ပုံစံ၊ ဆံထုံးထုံးထားတဲ့စံပင်ပုံစံ၊ ကျစ်ဆံမြှီးပုံစံ နဲ့ တခြား သူတို့ အလွယ်တကူ ဆံပင်ဆောင့်ဆွဲလို့ကောင်းတဲ့ ပုံစံတွေကို ရွေးချယ်တတ်ကြပါတယ်။ ဆံပင် အတိုနဲ့ မိန်းကလေး ထက် ဆံပင်အရှည်နဲ့ မိန်းကလေးကို သူတို့ရဲ့သားကောင်အဖြစ် ပိုရွေးချယ်တတ်ကြပါတယ်။

(၂) ဒုတိယတစ်ချက်ကတော့ အ၀တ်အစားပါ။ မုဒိမ်းကောင်တွေဟာ အ၀တ်အစားအလွယ်တကူ ချွတ်ပစ်လို့ရမယ့် မိန်းကလေးမျိုးကို ရွေးချယ်ကြပါတယ်။ ရည်ရွယ်ချက်ရှိတဲ့ မုဒိမ်းကောင် အများစုဟာ အ၀တ်အစားတွေကို ဖြတ်ပစ်ဖို့ ကတ်ကြေး ယူဆောင်လာတတ်ကြပါတယ်။

(၃) မုဒိမ်းကောင်တွေဟာ ဖုန်းအသုံးပြုနေတဲ့မိန်းကလေးမျိုး၊ ပိုက်ဆံအိတ်ထဲက တစ်ခုခု ရှာဖွေနေတဲ့မိန်းကလေးမျိုး ဒါမှမဟုတ် လမ်းလျှောက်ရင်း တစ်ခုခု အာရုံစူးစိုက်မှုလုပ်နေတဲ့ မိန်းကလေးမျိုးကို ရှာဖွေကြပါတယ်။ အဲ့လိုမျိုး တစ်ခုခု အာရုံစူးစိုက်နေတဲ့ မိန်းကလေးဟာ ရုတ်တရက်မို့ သူကိုယ့်သူ ကာကွယ်ဖို့မလွယ်ပါဘူး၊ရုတ်တရက်မို့လို့ မွှန်ထူပြီး တုန့်ပြန်မှုနည်းတဲ့အတွက် မုဒိမ်းကောင်တွေအတွက် လွယ်ကူပါတယ်။

(၄) မုဒိမ်းကောင်တွေ အမျိုးသမီးတွေကို မုဒိမ်းကျင့်ဖို့ အများဆုံးခေါ်သွားတဲ့နံပါတ်တစ်နေရာကတော့ ကုန်တိုက်တွေ ရဲ့ကားပါကင်ပါပဲ။ ( မှတ်ချက် ။ ။ ဒါကတော့ သူတို့နိုင်ငံတွေအတွက်ပြောတာပါ။ ကျွန်တော်တို့နဲ့တော့ သိပ်မကိုက်သေးသလိုပါပဲ။ )

(၅) နံပါတ် ၂ နေရာကတော့ ရုံးခန်းတွေရဲ့ကားပါကင်နေရာ၊ ဓာတ်ဆီဆိုင်လိုနေရာမျိုးတွေပါ။

(၆) နံပါတ် ၃ နေရာကတော့ အများပြည်သူသုံး သန့်စင်ခန်း(စည်ပင်အိမ်သာ)တွေပါ။

(၇) နောက်တစ်ခုကတော့ မုဒိမ်းကောင်တွေဟာ ဒုတိယနေရာ (သူတို့အတွက် မဖမ်းမိစေရန် လုံခြုံစိတ်ချရတဲ့နေရာ) ကို မိန်းကလေးတွေကို အလျင်အမြန် ဆွဲခေါ်သွားကြပါတယ်။

(၈) တကယ်လို့သာ သင်ဟာ နည်းလမ်းပေါင်းစုံ/ ရုန်းကန်မှုမျိုးစုံနဲ့ မုဒိမ်းကောင်ကို တက်နိုင်သမျှတိုက်ခိုက်နေခဲ့မယ်ဆိုရင် သူတို့အတွက် စိတ်ဓာတ်ကျ/စိတ်ကုန်အားလျော့မှုကို ဖြစ်စေနိုင်ပါတယ်။ သင်ရုန်းကန်တိုက်ခိုက်နေတဲ့ အချိန်က တစ်မိနစ် ဒါမှမဟုတ် ၂ မိနစ်လောက်ပဲ ကြာနေပါစေ သင်ဟာ သူတို့ထင်သလောက် လွယ်ကူမှုမရှိဘူး ဆိုတာကို သူတို့ သဘောပေါက်လာနိုင်ပါတယ်။ဒါကတော့ မုဒိမ်းးကောင်ကို စိတ်ဓာတ်ကျသွားစေဖို့ အချိန်ကို တတ်နိုင်သမျှ ဆွဲဆန့်ခြင်းနဲ့ ကာကွယ်နည်းတစ်မျိုးပါပဲ။

(၉) မုဒိမ်းကောင်တွေဟာ ထီး(သို့) အလားတူပစ္စည်းတစ်ခုခုလက်မှာ ကိုင်ထားတဲ့ မိန်းကလေးတွေကို မရွေးချယ်တတ်ကြပါဘူး။ အဲ့ဒီလိုပစ္စည်းတွေဟာ သူတို့ကို အဝေးကနေတောင်မှ တိုက်ခိုက်နိုင်လို့ပါပဲ။

(၁၀) သော့ချောင်းတွေဟာ လက်နက်တစ်ခုအနေနဲ့ သူတို့ကို ဟန့်တားအောင်လုပ်ဖို့ ဆိုရင် အလွန်နီးကပ်မှ ဖြစ်နိုင်တယ်ဆိုတဲ့အတွက် လွယ်ကူမှာမဟုတ်ပါဘူး။ ဒါပေမယ့် Something is better than nothing ဆိုသလိုပေါ့။ ဘာမှမလုပ်တာထက်စာရင် တစ်ခုခုလုပ်လိုက်တာက ပိုကောင်းတဲ့သဘော ပါပဲ။ အဲ့လိုပြန်လည်တိုက်ခိုက်ခြင်းဟာ အပေါ်မှာပြောခဲ့သလိုပဲ သူတို့ထင်သလောက် လွယ်ကူမှုမရှိတဲ့ အတွက် စိတ်ဓာတ်ကျမှုကို အနည်းနဲ့အများဖြစ်စေနိုင်ပါတယ်။

မှတ်ထားသင့်သော အချက်အလက်များ..

(၁) လမ်း၊ဓာတ်ဆီဆိုင်၊ဓာတ်လှေခါးနဲ့ အဆောက်အအုံတွေရဲ့လှေခါးအကွေ့နေရာမျိုးတွေမှာ တစ်စုံတစ်ယောက်က သင့်အနောက်ကနေ လိုက်လာနေတယ်ဆိုပါဆို့ အဲ့ဒီလူရဲ့မျက်နှာကို သေချာကြည့်ပါ ထို့နောက် သူ့ကို မေးခွန်းတစ်ခုတစ်လေလောက်မေးပါ(စကားစမြည်သဘောမျိုးပေါ့)၊ ဥပမာ – ဘယ်အချိန်ရှိပြီလဲ? ၊ အပြင်မှာ အရမ်းအေးတယ်နော်၊ ဒီနှစ်ဆောင်းရာသီက တော်တော်ဆိုးတာပဲ စသဖြင့်ပေါ့ဗျာ။ အဲ့လိုပြောခြင်းအားဖြင့် ပထမအချက်က သင်အဲ့ဒီလူရဲ့မျက်နှာကို သေချာမြင်ဖူးသွားပြီ၊ ဒုတိယအချက်အနေနဲ့ အဲ့ဒီလူကို အကဲခတ်နိုင်မယ်။ ဒါကြောင့် မုဒိမ်းကောင်ဟာ ပစ်မှတ်ပြောင်းသွားနိုင်ပါတယ်။

(၂) တကယ်လို့ တစ်စုံတစ်ယောက်က သင့်ဆီကို ဦးတည်လျှောက်လာပြီး သင့်လက်တွေကို ချူပ်ကိုင်ထားလိုက်မယ်ဆိုရင်တော့ အကျယ်ကြီးအော်ပစ်ပါ၊ “ရပ်စမ်း.. ဝေးဝေးသွားစမ်း” စသဖြင့် အမိန့်ဆန်ဆန်ပြောဆိုပါ။ မုဒိမ်းကောင် အများစုပြောကြတာကတော့ အရမ်းအော်ဟစ်တဲ့ မိန်းကလေးတွေ၊ ပြန်လည်တိုက်ခိုက်ဖို့ ကြောက်ရွံမနေတဲ့မိန်းကလေးတွေဆိုရင် ဆက်မကြိုးစားချင်တော့ပါဘူး။ ထားခဲ့လိုက်ပါတယ်။ သူတို့ထက်ပိုလွယ်တဲ့ တစ်ခြားမိန်းကလေးတစ်ယောက်ကိုပဲ ထပ်ရှာပါတယ်။

(၃) တကယ်လို့ သင့်မှာ ငရုတ်ကောင်းရည်ဖျန်းဘူး ( spray တစ်ခုခုပေါ့ ) ပါခဲ့မယ်ဆိုရင် အဲ့ဒါကိုလက်မှာကိုင်ထားပြီး “ငါ့မှာ ဒီ spray ဘူးရှိတယ်..” လိုအော်ပြီး မုဒိမ်းကောင်ကို သတိပေးပါ။ မဆိုင်းမတွ ဖျန်းပက်ပစ်ပါ။ (မူရင်းစာရေးသူကတော့ ဒီ Pepper Spray လို့ခေါ်တဲ့ Spray ဘူး ကိုပြည့်အ၀ အားပေးထောက်ခံထားပါတယ်။ )

(၄) တကယ်လို့ တစ်စုံတစ်ယောက်က သင့်ကိုဆွဲခေါ်သွားနေပြီ၊ ခွန်အားချင်းမမျှလို့ သင်သူ့ကို ပြန်လည်ရိုက်နှက် တိုက်ခိုက်လို့မရနိုင်ပေမယ့် ကိုယ်တက်နိုင်တာနဲ့ ထိရောက်အောင်လုပ်နိုင်ပါသေးတယ်။ အဲ့ဒါကတော့ ဆွဲဆိတ်ခြင်းပါပဲ။ ဆွဲဆိတ်တယ်ဆိုတာက အင်အားလည်း အများကြီးမလိုပါဘူး။ ခံရသူအဖို့လည်း တော်တော်ဆိုးပါတယ်။ ခါးပိုင်းနေရာ ၊ လက်မောင်းကနေ တစ်တောင်ဆစ်ချိုးမရောက်ခင်နေရာ ၊ ပေါင်အတွင်းပိုင်း နေရာတို့ကို ပြင်းပြန်ထန်ထန်ကို ဆွဲဆိတ်ပစ်ပါ။
သွေးထွက်အောင်အထိအားကုန်သုံးပြီး ဆွဲဆိတ်ပစ်ပါ။ ဘယ်လောက်ပဲ သန်မာတယ်ပြောပြော၊ ခွန်အားကြီးတယ်ပြောပြော၊ အဲ့လိုနေရာမျိုးတွေကို ဆွဲဆိတ်တဲ့ဒဏ်ကိုတော့ မခံနိုင်ကြပါဘူး။ သင်မယုံရင် သင့်ကိုယ်သင်သာ အရင်ဆုံး ဆွဲဆိတ်ကြည့်လိုက်ပါ။

(၅) ဆွဲဆိတ်ခြင်း၊ ပေါင်ခြံလိုနေရာမျိုးကို ရိုက်နှက်ခြင်းတွေဟာ ဒီလိုအဖြစ်အပျက်မျိုးကို မမျှော်လင့်ထားတဲ့ လူတစ်ယောက်အတွက် မလွယ်ကူလှပေမယ့် အဲ့ဒါတွေဟာ တကယ်ပဲ သူ့ကို နာကျင်စေမှာပါ။ သင်ကတော့ သူ့ကို နာကျင်စေတာဟာ သူ့ကိုဒေါသပိုထွက်စေတယ်လို့ ထင်နေမှာပါ။ ဒါပေမယ့် လေ့လာစမ်းစစ်မှုအရတော့ မုဒိမ်းကောင်တွေဟာ သူတို့ကို ဒုက္ခရောက်အောင်၊ အချိန်ကြန့်ကြာအောင် မလုပ်တဲ့မိန်းကလေးမျိုးကိုပဲ အလွယ်တကူ အလိုရှိတာပါ။ သူတို့ကို ဒုက္ခတွေ အများကြီးရောက်အောင် ရိုက်နှက်ပြီး နောက်ဆုံးအချိန်ထိ ရုန်းကန်နေတဲ့ မိန်းကလေးမျိုးဆိုရင်တော့ စွန့်ခွာသွားတတ်ကြပါတယ်။

(၆) မုဒိမ်းကောင်ရဲ့လက်ဟာ သင့်အပေါ်သို့ကျရောက်လာပြီဆိုရင်တော့ သူ့လက်ချောင်း ၂ ချောင်းကို ဆောင့်ဆွဲပါ၊ လိမ်ချိုးပစ်ပါ၊ ဟိုဘက်ဒီဘက် ဆွဲဖြဲပစ်ပါ၊ တက်နိုင်သမျှ အားအကုန်သုံးပြီးတော့ ချိုးပါ။ အဲ့ဒီနည်းကလည်း အားသိပ်မပါဘဲနဲ့ စမ်းကြည့်တာတောင် နာလွန်းလို့ ဒူးထောက်ပီး အော်လိုက်ရပါသေးတယ်။

(၇) ပတ်ဝန်းကျင်ကို အမြဲတမ်း သတိမူပြီးနေပါ။ တစ်ခုခု ပုံမှန်မဟုတ်တဲ့/အမူအယာထူးခြားတဲ့ လူတွေ့မိရင် ပေါ့ပေါ့လေးမနေပါနဲ့၊ သတိကြီးကြီးထားနေပါ။အဲ့ဒီအခြေအနေမှာ သင့်ကိုယ်သင် ကလေးကလား အကြောက်လွန်နေတယ်လို့မထင်ပါနဲ့၊ ဒုက္ခအကြီးအကျယ်ရောက်သွားနိုင်ပါတယ်။ ဖြစ်နိုင်ရင်တော့ တစ်စုံတစ်ယောက်ကို သင်နဲ့အတူအဖော်ခေါ်သွားပါ။

နောက်ဆုံးအနေနဲ့ ဒါလေးတွေကိုလည်း မှတ်သားထားစေချင်ပါတယ်…
သင်သိထားသင့်တဲ့ အချက်အလက်တွေပါ။ သင်ဖတ်ပြီးသွားရင်လည်း သင်ဂရုစိုက်ရတဲ့လူတွေဆီကို ဆက်လက်မျှဝေပေးလိုက်ပါ။ ကျွန်တော်တို့နေထိုင်တဲ့ ဒီကမ္ဘာကြီးမှာ သတိဆိုတာ ပိုတယ်လို့မရှိပါဘူး –

(၁) တိုက်ကွန်ဒို သိုင်းပညာမှာတော့ တံတောင်ဆစ်ဟာ လူ့ခန္ဒာကိုယ်ရဲ့ အသန်မာဆုံး အပိုင်းလို့ ဆိုပါတယ်။ ဒါကြောင့် တံတောင်ဆစ်နဲ့ တွတ်လို့ရမယ့်အခြေအနေမျိုးဆိုရင် လက်လွတ်မခံပါနဲ့။

(၂) နယူးအော်လန်မြို့ရဲ့ ခရီးသွား လမ်းညွှန်ထဲမှာဖတ်ရတာတော့ – တကယ်လို့သာ ခါးပိုက်နှိုက်တွေ လုယက်တဲ့လူတွေ၊ ဓားပြ တွေက သင့်ပိုက်ဆံအိတ်ကိုတောင်းမယ်ဆိုရင် သင့်လက်နဲ့ ပိုက်ဆံအိတ်ကို ကမ်းမပေးပါနဲ့။ သင်နဲ့ဝေးတဲ့နေရာကို လွှင့်ပစ်ပြီးပေးပါ။ ဒီဒုစရိုက်သမားဟာ လူထက် ပိုက်ဆံကို ပိုလိုချင်တယ်ဆိုရင်တော့ သူ ပိုက်ဆံအိတ်ကို သွားကောက်မှာပါ။အဲ့ဒီအချိန်မှာ တွေဝေမနေဘဲ သူနဲ့ဆန့်ကျင်ဘက်ကိုသာ ပြေးပါ။

(၃) သင်ဟာ ကာနောက်ဖုံးထဲကို ထည့်ခံထားရတယ်ဆိုရင်တော့ ကားနောက်မီး ရှိတဲ့နေရာကို ကန်ကြောက်ပစ်ပါ၊ အဲ့ဒီအပေါက်ကနေ လက်ကိုထုတ်ပြီးတော့ တတ်နိုင်သမျှ ဝေ့ရမ်းပါ။ ကားမောင်းတဲ့လူကတော့ မမြင်နိုင်ပေမယ့် တစ်ခြားလူတွေက မြင်နိုင်ပါတယ်။ ဒါကလည်း သင့်ဘ၀ကို တစ်ဖက်တစ်လမ်းက ကယ်တင်နိုင်မှာပါ။

(၄) အမျိုးသမီး အများစုဟာ အလုပ်မှအပြန်၊ စားသောက်ဆိုင်မှ အပြန် နှင့် ဈေးဝယ်ခြင်းတို့မှအပြန်တွင် ကားပေါ်တက်ကာ ချက်ချင်း မောင်းမထွက်ပဲ ထိုင်နေတတ်ကြပါတယ်။ မှတ်စုတွေ မှတ်နေတာမျိုး၊ စာတစ်ခုခု ကိုခဏဖတ်နေတာမျိုး စသဖြင့် လုပ်တတ်ကြပါတယ်။ အဲ့ဒီလိုမျိုးတွေ မလုပ်ပါနဲ့ ၊ တဏှာရူးကောင်တွေ လူယုတ်မာတွေက သင့်ကို စောင့်ကြည့်နေပါတယ်။ အဲ့ဒီလို အခြေအနေဟာ သူတို့အတွက် အကောင်းဆုံး အခွင့်အလမ်းဖြစ်နေလို့ပါ။ သင့်နောက်ကခုံမှာဝင်ထိုင်ပြီး သင့်ခေါင်းကိုသေနတ်နဲ့ထောက်ကာ “ဘယ်နေရာကို မောင်းပါ” လို့ ပြောခံရနိုင်ပါတယ်။ ဒါကြောင့် ကားပေါ်မှာ တက်ထိုင်ပြီးပြီးချင်း ချက်ချင်းဆိုသလို မောင်းထွက်သွားပါ။ ဆိုင်းငံ့မနေပါနဲ့။

(၅) ဒါကတော့ ကားပါကင် တွေ ဓာတ်ဆီဆိုင်တွေမှာ သင့်ကားထဲကို ပြန်ဝင်တော့မယ်ဆိုရင် သတိထားရမယ့် အချက်တွေဖြစ်ပါတယ် ..
(က) ကားထဲမ၀င်ခင် ကားထဲမှာ တစ်ယောက်ယောက်ပုန်းနေနိုင်တယ်ဆိုတဲ့စိတ်ဖြင့် ကားဘေးပတ်ပတ်လည်နဲ့ ခရီးသည်ထိုင်နေရာတွေ ၊ ကြမ်းပြင်တွေကို သတိနှင့်ချောင်းကြည့်ပါ။ ( တက္ကဆီ ငှားစီးမယ်ဆိုလည်း ထိုနည်း၎င်း သတိထားကြည့်ပါ။ )
(ခ) တကယ်လို့ သင့်ရဲ့ ကားဘေးနားမှာ van / town ace စတဲ့ကားမျိုးတွေ ရှိနေမယ်.. သင်္ကာမကင်းဖြစ်ရတယ် ဆိုရင်တော့ အဲ့ဒီကားရဲ့ တစ်ခြားဖက် အပေါက်မှတဆင့်သာ သင့်ကားထဲသို့ဝင်ပါ။ ( သင့်ကားရဲ့ ယာဉ်မောင်းဘက်ခြမ်းမှာ ရပ်ထားမယ်ဆိုရင် ခရီးသည်ထိုင်တဲ့ဘက်မှဝင်ပါ။) ဒုစရိုက်ကောင်တွေဟာ အမျိုးသမီးတွေ ကားထဲဝင်ခါနီးအချိန်တွေမှာ သူတို့ကားထဲကို ဆွဲခေါ်ပြီး တံခါးပိတ်တတ်ကြပါတယ်။ သတိထားနိုင်ဖို့ပါ။
(ဂ) သင့်ရဲ့ကား အနီးတစ်ဝိုက်ကို ရှာကြည့်ပါ။ အနီးဆုံးနေရာမှာ သူစိမ်းတစ်ယောက်က အကြောင်းမဲ့ထိုင်နေတယ်ဆိုရင်တော့ ကားထဲမ၀င်ပါနဲ့ဦး။ သင်လာခဲ့တဲ့ အလုပ်ဖြစ်စေ၊ ဈေးဝယ်စင်တာ တစ်ခုခုဖြစ်စေ ပြန်ဝင်သွားပါ။ ရဲတစ်ယောက်ယောက်၊ ဒါမှမဟုတ် အစောင့်တစ်ယောက်ယောက်ကို ခေါ်ပြီးမှပြန်လာပါ။ ဒါတွေဟာ အပိုအလုပ်တွေမဟုတ်ပါဘူး။ စိတ်မကောင်းစရာ အဖြစ်အပျက်ဖြစ်သွားတာထက်စာ ရင် အများကြီးပိုကောင်းပါတယ်။ သူများအပေါ် သံသယလွန်ကဲမှု / အယုံအကြည်နည်းမှုဟာ မိမိကိုယ်တိုင် ဒုက္ခရောက်ရတာထက်စာရင် အများကြီး အကျိုးရှိပါတယ်။

(၆) ရိုးရိုးလှေခါးတွေအစား ဓာတ်လှေခါးကိုအမြဲ အသုံးပြုပါ။ လှေခါးအကွေ့တွေဟာ တစ်ယောက်ထဲ သွားဖို့အတွက် မသင့်တော်ပါဘူး။ ဒုစရိုက်မှုတွေအတွက် အကောင်းဆုံးနေရာတစ်ခုပါပဲ။

(၇) တကယ်လို့ အဲ့ဒီလူယုတ်မာဆီမှာ သေနတ်ပါလာတယ်ဆိုရင်လည်း သင်ဟာ သူ့ထိန်းချူပ်မှုအောက်မှာ ရှိမနေပါဘူး။ ပြေးသာပြေးပါ။ လှုပ်ရှားနေတဲ့ပစ်မှတ်ကို ထိအောင်ပစ်ဖို့လည်းမလွယ်ပါဘူး။ အကြိမ် ၁၀၀ မှာ ၄ ကြိမ်သာ ထိနိုင်ပါတယ်။ ထိတယ်ဆိုရင်တောင်မှာ အရေးကြီး အစိတ်အပိုင်းတွေမဖြစ်နေပါဘူး။ ဒါကြောင့် ပြေးဖို့တိုက်တွန်းချင်ပါတယ်။ ( မှတ်ချက်။ ။ မူရင်းစာရေးသူကတော့ အလျော့မပေးဖို့ကို ဆိုလိုချင်တာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့တော့ တစ်ချို့အရာတွေမှာ အခြေအနေနဲ့ အချိန်အခါကို သုံးသပ်ပြီးမှ ကိုယ့် ဆုံးဖြတ်ချက်ကို ကိုယ်မှန်အောင်ချနိုင်ဖို့ အကြံပေးချင်ပါတယ်။ )

(၈) အမျိုးသမီးတွေဟာ စာနာစိတ်၊ ကိုယ်ခြင်းစာ ကရုဏာစိတ် ၊ လိုက်လျောတဲ့စိတ်တွေရှိပါတယ်။ ဒါပေမယ့် ဒါဟာ သင့်အတွက်မကောင်းပါဘူး။ Ted Bundy ဆိုတဲ့ လူသတ်သမားတစ်ယောက်ဟာ မိန်းကလေးတွေရဲ့ အဲ့ဒီစိတ်တွေကို အမြဲအသုံးချခဲ့ပါတယ်။ သူက ဒုတ်ကောက်တစ်ချောင်း ဒါမှမဟုတ် ခြေထောက် တစ်ဖက်ဆာပြီးတော့ လမ်းလျှောက်ပါတယ်။ ပြီးတဲ့နောက် သူဟာ သူ့ရဲ့ ပစ်မှတ်သားကောင် ဖြစ်တဲ့ မိန်းကလေး ကို သူ့ကားထဲကို ပို့ပေးဖို့ အကူအညီတောင်းပါတယ်။ ကားထဲရောက်သွားရင်တော့ သင့်ကို သူအတင်းခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ခြေနှစ်ချောင်းမကယ်ကောင်းဆိုတဲ့ စကားပုံအတိုင်း မလိုအပ်ရင် မသနားပါနဲ့လို့အကြံပေးပါရစေ။

ဒီစာကို ဖြစ်နိုင်ရင် ခင်ဗျားတို့ပတ်ဝန်းကျင်က အမျိုးသမီးတွေ အကုန်လုံးဆီကို share ပေးစေချင်ပါတယ်။ဒီစာက ဘ၀ တစ်ခုကို ကယ်တင်စောင့်ရှောက်နိုင်မယ်ဆိုခဲ့ရင် အလွန်ပီတိဖြစ်စရာပါ။ ဖရောင်းတိုင် တစ်ခုက တစ်ခြားဖရောင်းတိုင်တစ်ခုကို မီးကူးပေးလိုက်လို့ ပထမ ဖရောင်းတိုင်ရဲ့မီးရောင်ဟာ မှေးမှိန်မသွားနိုင်ပါဘူး။ ဒီစာကို ကျွန်တော်က အမျိုးသမီးတွေ ဖတ်ဖို့အတွက်ပဲရေးထားတယ်ဆိုပေမယ့် ဖတ်မိတဲ့ညီ၊အကိုတွေမှာလည်း အမေ၊အမ၊နှမ၊သမီး နဲ့ ချစ်သူ၊သူငယ်ချင်းတွေ ရှိမှာပါ၊ သူတို့တွေအတွက်လည်း စေတနာရှေ့ထားပြီး ဖြန့်ဝေပေးစေချင်ပါတယ်။ ကျွန်တော်တို့ လောကကြီးမှာ ဒီလိုဒုစရိုက် တဏှာရူးကောင်တွေ အများကြီးပါပဲ။ တစ်ဖက်တစ်လမ်းက အခုလို ကူညီ အသိပေးခြင်းဟာ တစ်စုံတစ်ခုဖြစ်ပြီးသွားတော့မှ စိတ်မကောင်းဘူး ပြောတာထက်စာရင် ပိုကောင်းပါတယ်။

တစ်စုံတစ်ခု ရင်ထဲရောက်သွားတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။

Yote Thayyoteမှ ကူးယူဖေါ်ပြသည်

လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ကျော်က အသုံးပြုခဲ့သော ရှေးခေတ် ရခိုင်လှေကြီး ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ်

လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က အသုံးပြုခဲ့သော ရှေးခေတ်လှေကြီး တစ်စီးကို ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသနနှင့် တစ်ခြား ပညာရှင်များက ပူးပေါင်းကာ တူးဖေါ်နေပြီ ဖြစ်သည်။

ပြင်သစ် နိုင်ငံဖွား ဘင်္ဂလီ ရှေးဟောင်း သုတေသန ပညာရှင် တစ်ဦးလည်း ဖြစ် ရှေးဟောင်း သစ်သားလှေနှင့် ပတ်သက်ပြီး ကျွမ်းကျင်သူ တစ်ဦးလည်း ဖြစ်သူ Yves Marre မှ ဦးဆောင် တူးဖေါ်နေခြင်း ဖြစ်သည်။

လွန်ခဲ့သော တနင်္ဂနွေနေ့က တူးဖေါ်မူကို စတင်နေရာ ယခုအခါ နောက်ဆုံး အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။

ယခုအခါ လှေကြီး ၀မ်းဗိုက်ထဲတွင် ပြည့်နှက်နေသော သဲများကို မီးသတ်ဌာနမှ ကားများကို အသုံးပြုပြီး ရေများဖြင့် မူတ်ထုတ်နေကြောင်း သတင်းများတွင် ဖေါ်ပြသည်။

သမိုင်းအရ တန်ဖိုးရှိသော လှေကြီး ဖြစ်သဖြင့် တူးဖေါ်ပြီးပါက အဆိုပါ လှေကြီးကို ဘေးကင်းရာသို့ ယူဆောင် သိမ်းဆည်း ထားမည်ဟု ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ရှေးဟောင်း သုတေသန လက်ထောက် ညွှန်ကြားရေးမှူးလည်း ဖြစ် လှေများ ဆယ်ယူရေး ကော်မီတီ (Boat salvage committee) အတွင်းရေးမှူး အဖွဲ့ဝင် လည်း ဖြစ်သူ Afroza Khan Mita က သတင်းထောက်များသို့ ပြောသည်။

အဆိုပါ လှေကြီးမှာ အရှည် ၇၂ ပေရှည်လျားပြီး ၂၂ ပေ ၅ လက်မ အကျယ်ရှိကာ သစ်ဖြင့် ပြုလုပ်ထားသော လှေကြီး ဖြစ်ပြီး လွန်ခဲ့သောနှစ် ဇွန်လ ၂၉ ရက်နေ့က သဲသောင်ပြင်ထဲမှ ပေါ်ထွက်လာခဲ့သည်။

အဆိုပါ လှေကြီးမှာ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်က ရခိုင်ရှေးလူကြီးများ ရခိုင်ပြည်မှ အဆိုပါ ဒေသသို့ ပင်လယ်ပြင်ကို ဖြတ်ပြီး ထွက်ပြေးလာကြစဉ် အသုံးပြုခဲ့သော လှေကြီး ဖြစ်ကြောင်း ရှေးဟောင်း သုတေသန ပညာရှင်များက ပြောသည်။

၁၇၈၄ ခုနှစ် ရခိုင်တို့၏ မြောက်ဦးမြို့တော် ဗမာ ဘုရင်လက်အောက်သို့ ကျရောက်ပြီးနောက် သိန်းချီသော ရခိုင်ပြည်သူများ စစ်ဘေးစစ်ဒဏ်ကြောင့် ရခိုင်ပြည်ကို စွန့်ခွာထွက်ပြေးကြရာ ရမ်းဗြဲကျွန်းနှင့် မာန်အောင်ကျွန်းမှ ရခိုင်အမျိုးသားများသည် အဆိုပါ လှေကြီးများကို အသုံးပြုပြီး ပင်လယ်ပြင်ကို ဖြတ်ကာ ထွက်ပြေးခဲ့ကြသည်။

အဆိုပါ ဒေသသို့ ရောက်ရှိစဉ် လူသူ တစ်ဦးတစ်ယောက်မှ မရှိဘဲ တောကြီးမျက်မည်း ဖြစ်ပြီး စတင် အခြေချနေထိုင်ရန် တောရိုင်းများကို ခုတ်ထွင်ရှင်းလင်းစဉ် ဘင်္ဂလာကျားများ၊ မိကျောင်းများနှင့် အကြီးအကျယ် ရင်ဆိုင် တိုက်ခိုက်ခဲ့ရသည်ဟု ဒေသခံ လူကြီးများက ပြောပြသည်။

ယခင်က အဆိုပါ ဒေသတွင် ရခိုင်ကျေးရွာကြီး ၁၀၀ ကျော်ခန့် တည်ရှိကာ လူဦးရေအားဖြင့် တစ်သိန်းကျော်ရှိခဲ့သည်ဟု သိရသည်။ ယခုအခါ မုန်တိုင်းနှင့် တစ်ခြား ဒဏ်များကြောင့် အများစု ရခိုင်များမှာ မြန်မာနိုင်ငံသို့ ပြောင်းရွှေ့သွားကြရာ ယခုအခါ ရွာ (၅၀) ခန့်နှင့် လူသောင်းဂဏန်းခန့်သာ ကျန်ရှိတော့ကြောင်း သိရသည်။

အများစု ဒေသခံများမှာ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြပြီး စီးပွားရေး မရှိသဖြင့် ဆင်းရဲကြသည်ဟု ဆိုသည်။

ဓါတ်ပုံ- Star
Narinjara

Spitfire ၁၈ စင်း မြစ်ကြီးနားမှာ တွေ့

မြန်မာအစိုးရနဲ့ ဗြိတိန်ကုမ္ပဏီတို့ ပူးပေါင်းပြီးတော့ မြစ်ကြီးနား၊ ရန်ကုန်နဲ့ မိတ္ထီလာတို့မှာ ဒုတိယ ကမ္ဘာစစ်အတွင်းက မြှုပ်နှံထားခဲ့တဲ့ စပစ်ဖိုင်းယား (Spitfire) တိုက်လေယာဉ်တွေကို ပြန်လည် တူးဖော်နေပါတယ်။ မြစ်ကြီးနားမှာ ၁၆ စင်းကို တူးဖော်နိုင်ခဲ့ပြီး မင်္ဂလာဒုံလေယာဉ်ကွင်း အနီး ပေ ၃၀ အောက်မှာ မြှုပ်နှံထားတဲ့ လေယာဉ်တွေကို ဆက်လက်တူးဖော်ဖို့ လုပ်ဆောင်နေပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ တူးဖော်ရှာဖွေရေးမှာ ပါဝင်တဲ့ ဘူမိဗေဒ အငြိမ်းစား ပါမောက္ခ ဦးစိုးသိန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

Spitfire လေယာဉ်တူးဖော်မှု နောက်ဆုံးအခြေအနေ သိချင်ပါတယ် ဆရာ။

“မြစ်ကြီးနားမှာ ၁၈ စင်း နေရာသတ်မှတ်ပြီး သေတ္တာကိုဖောက်လိုက်ပြီ။ သေတ္တာပေါ်က သံပုံးတွေဓာတ်ပုံရိုက်တယ်၊ မနေ့ကရှင်းပြတယ်။ သေတ္တာထဲဖောက်ပြီး ကျနော်ဝင်တယ်။ လေယာဉ်ပျံကိုယ်ထည်ကို ဖောက်ပြီး ဓာတ်ပုံရိုက်ပြီး ရှင်းလင်းပွဲမှာ ရှင်းပေးလိုက်တယ်။ မင်္ဂလာဒုံမှာ ၃၆ စင်း။

၃၆ စင်းကို ကျနော်တို့က လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ရှာထားပြီးသား။ အဓိက လွန်ခဲ့တဲ့ ၆ နှစ်လောက်က ရှာထားပြီးသား ပြန်သေချာအောင် လုပ်နေတာ။ မိတ္ထီလာမှာက ၆ စင်း သတင်းရတာပဲရှိသေးတယ်။ ဘာမှမလုပ်ရသေးဘူး။ မြစ်ကြီးနားမှာတွေ့ရတဲ့ လေယာဉ်တွေက လေတပ်ထဲမှာတွေ့တာ။”

မြစ်ကြီးနားမှာတွေ့ရတဲ့ ၁၈ စင်းက အကောင်းအတိုင်းတွေ့ရသေးလား။

“သေတ္တာလိုက်လေ၊ ဘာမှမဖြစ်ပါဘူး။ အကောင်းအတိုင်းပဲ။ မင်္ဂလာဒုံမှာလည်း အကောင်းတွေချည်းပဲ။ မိတ္ထီလာမှာက လေယာဉ်ပျံအစင်း လိုက်မြှုပ်ထားတော့ ဘယ်လောက် ကောင်းမယ် မကောင်းမယ် မသိဘူး။ ပါကင်မဖောက်ရသေးတာတွေ။ ဖောက်လိုက်တော့ အင်ဂျင်ဝိုင်အရည်တွေ တက် လာတာတော့ ရှိတယ်။”

တူးဖော်ဖို့လုပ်ဆောင်တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရသေးလဲ။

“မြစ်ကြီးနားမှာတော့ ရေပေါ့။ မြစ်ကြီးနားတမြို့လုံးက ကျောက်ခဲမာတယ်လေ။ တူးပြီးမြှုပ်ထားတော့ တူးတဲ့နေရာမှာ ကျောက်ခဲတွေကပျော့၊ ရေက မနိုင်ခဲ့ဘူး။”

လေယာဉ်တွေ ဒီနေရာမှာရှိခဲ့မှန်း ဆရာ ဘယ်လိုအတည်ပြုခဲ့လဲ။ ဒါလေးပြောပြပေးပါ။

“မြန်မာပြည်ကို လေယာဉ်ပျံတွေ ပို့လိုက်တာက ဂျပန်ကိုတိုက်ဖို့ပေါ့။ ပတ်ကင်ပိတ်ပြီး ပို့လိုက်တာ။

အရင်က လေယာဉ်ပျံတင်သင်္ဘောတွေမရှိတော့ ကုန်သေတ္တာ သဘောင်္ကြီးတွေနဲ့ ပို့လိုက်တာ။ အစီး ၁၄၀ ရောက် တယ်။ လေယာဉ်ပျံတွေ ဖြန့်တယ်။ ဒါတွေကို ဖောက်ပြီး ဆင်ပြီးရင် ဂျပန်ကိုသွားတိုက်မယ်ပေါ့ အဲလို။ အဲလိုဖြန့်ပြီးတော့မှ စစ်ဆင်ရေးပြောင်းသွားတယ်။

လေယာဉ်ပျံနဲ့ သွားမတိုက်ဘဲ နျူကလီးယားဗုံးချလိုက်တော့ စစ်ကပြီးသွားတယ်။ အဲတော့ ဒါတွေက ပိုနေတဲ့အတွက် မောင့်ဘတ်တန် အမိန့်နဲ့ ဗမာပြည်တပြည်လုံး ၁၄၀ မြှုပ်ထားခဲ့တယ်။ တချို့က ဒါကို သေချာ မှတ်တမ်းတင်ထားခဲ့တယ်။ အဲထဲမှာ မနေ့က သတင်းစာရှင်းလင်းပွဲမှာပါတဲ့ ၉၂ နှစ် အဖိုးကြီးက ဒါကို မှတ်တမ်းလုပ်ထားတယ်။ သူတို့ဆီက မှတ်တမ်းပြန်ဝယ်ရတာပေါ့။”

အခု မြစ်ကြီးနား၊ မင်္ဂလာဒုံနဲ့ မိတ္ထီလာ အပါအ၀င် စုစုပေါင်း ၅၀ ကျော်လောက်တွေ့တယ်။ ကျန်တဲ့ အစင်းတွေက ပျောက်နေတာပေါ့နော်။

“မင်္ဂလာဒုံမှာတင်နောက်ထပ် အစင်း ၂၄ စင်း ရှိသေးတယ်။ လူနေရပ်ကွက်ထဲရောက်နေလို့။”

လူနေရပ်ကွက်မှာကျ ဘယ်လိုလုပ်ဖို့ ရှိလဲ။

“အဲဒါက ၃၆ စင်းပြီးမှ လုပ်မယ်လေ။ တော်ကြာ ဆန္ဒပြခံရတဲ့အထဲ ကျနော်တို့ ပါနေဦးမယ်။”

တူးဖော်ရတဲ့ရည်ရွယ်ချက်လေ။

“ဒါတွေက သူတို့နိုင်ငံရဲ့ အင်္ဂလန်ရဲ့ ဂုဏ်ထူးဆောင်လေယာဉ်တွေဖြစ်နေတယ်။ ဂျာမန်ကို တိုက်တော့ နိုင်တဲ့လေယာဉ်ပျံ။ သူတို့နိုင်ငံမှာ ရှားပါးနေတဲ့အတွက် အသစ်တွေ ဒီမှာက အသစ်အတိုင်းမြှုပ်ထားခဲ့တော့ ဒါတွေ ပြန်သုံးဖို့၊ နောင်ကလေးတွေ မျိုးဆက်သစ်ကျောင်းသားတွေကို ဒါတွေကို ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း ကအစ ပြန်ပြချင်တယ်။ ဂုဏ်ယူတဲ့ပစ္စည်း။ လေယာဉ်ပျံက ပိုက်ဆံအားဖြင့် တန်ဖိုးမရှိပေမယ့် တိုင်းပြည်အတွက် ဂုဏ်ယူတဲ့ပစ္စည်းဖြစ်တယ်။”

ဒီလိုတူးဖော်ရရှိပြီး လေယာဉ်ပျံတွေပေးလိုက်တော့ မြန်မာပြည်အတွက် ဘယ်လိုအကျိုးအမြတ်တွေ ရရှိမလဲ။
“စာချုပ်ချုပ်ကတည်းက ကြေးမုံသတင်းစာမှာပါတယ်။ မြန်မာနိုင်ငံအစိုးရက လေယာဉ်ပျံ ၁ စင်းယူမယ်။ ၅၀ ရာခိုင်နှုန်း ယူမယ်။ ရွှေတောင်ပေါ် ကုမ္ပဏီက ၂၀ ရာခိုင်နှုန်း။ အင်္ဂလန်က တူးတဲ့ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း။ အဲလိုအကျိုးအမြတ်ခွဲယူပါတယ်။ မြန်မာပြည်တပြည်လုံးက ဘာကြိုက်မလဲ၊ မြေကြီးထဲဘာရှိရှိ ဒါက နိုင်ငံပိုင်ချည်းပဲ။ ဒါ ဥပဒေပေါ့။”

တူးဖော်မှုနဲ့ ပတ်သက်လို့ တခြား ဘာများပြောချင်တာရှိပါလဲ။

“မြှုပ်နှံထားတဲ့ပစ္စည်းတွေကို သိကြလို့ ဖော်ကြမယ်ဆိုရင် နိုင်ငံတော်ကို ခွင့်တောင်းဖော်ကြရင်ကောင်းမယ်။ နိုင်ငံတော်ကို အကျိုးခံစားခွင့်ပေးပြီးတော့ တ၀က်ပေးလုပ်ရမယ်။ လူတွေက မြေကြီးထဲက ပစ္စည်းဆို တူးကြတယ်။ အမှန် ဥပဒေမှာ တူးခွင့်မရှိဘူး။ ကိုယ့်ခြံထဲရှိရင်သာ တူးလို့ရတာ။”

ဘင်္ဂလားဒေ့ရှ် – မြန်မာနယ်စပ်တွင် စိတ်ကြွဆေးပြား ၅၀၀၀ နီးပါးနှင့်အတူ အကြမ်းဖက်ရခိုင်အမျိုသား ၂ ဦးကို ဖမ်းမိ

ဘင်္ဂလားဒေ့ရှ် – မြန်မာနယ်စပ် တက္ကနာမြို့နယ် မြစ်နားရွာ (ခေါ်) ဆိုးတြိပါရာတွင် မြန်မာဘက်မှ ဝင်လာသည့် စိတ်ကြွဆေးပြား အလုံး ၅၀၀၀ နီးပါးကို မြန်မာနိုင်ငံသားများ ဖြစ်သည့် ဦးစံအေး ၃၀ နှစ်နှင့် မောင်စာသျှေ ၁၄ နှစ် တို့ထံမှ ယမန်နေ့ ညနေ ၄ နာရီတွင် ဘင်္ဂလားနယ်ခြားစောင့် တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိလိုက်ကြောင်း တက္ကနာအခြေစိုက် အမှတ် ၄၂ နယ်ခြားစောင့် တပ်ရင်းမှ တာဝန်ရှိသူ တဦးက ပြောသည်။ ၎င်းတို့ကို မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် ကမ်းဘေးတွင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။ နှစ်နိုင်ငံ နယ်စပ် အာဏာပိုင်များ တွေ့ဆုံဆွေးနွေးသည့် အခါတိုင်းတွင် မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်မှုများအား တင်းကျပ်စွာ တားမြစ် ဖမ်းဆီးသွားမည်ဟု ပြောဆိုနေကြသော်လည်း လက်တွေ့တွင်မူ မြန်မာမူးယစ်ဆေးဝါးများမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံထဲသို့ အရင်ကထက် ပိုမိုဝင်ရောက်လာနေကြောင်း တက္ကနာမြို့ခံ ထောက်လှမ်းရေး တဦးကပြောသည်။

ဒေါက်တာအေးချမ်းအား ချေမှုန်းခြင်း (၁)

ကမ္ဘာ့သမိုင်းပညာရှင် ပါမောက္ခ Dr Abid Bahar မှ ဒေါက်တာအေးချမ်းရဲ့ စာတမ်းကို အနုစိတ် ဝေဖန်ချေပထားတဲ့ စာတမ်းလေးပါ။

ဒေါက်တာအေးချမ်းဟာ အင်္ဂလိပ်စာ ကောင်းစွာမတတ်တဲ့ ရခိုင်တောမှာတော့ လူချောလုပ်လို့ ရပါလိမ့်မယ်။ သို့သော် ကမ္ဘာ့မျက်နှာစာမှာတော့ ဘယ်တော့မှ ရမှာ မဟုတ်ပါဘူး။ ကမ္ဘာမှာ လူလိမ်၊ လူညာ၊ လူယုတ်မာ သမိုင်းဆရာများရှိသကဲ့သို့ လူမှန်၊ လူဖြောင့်၊ သူတော်ကောင်း သမိုင်းဆရာတွေလည်း အများကြီး ရှိနေပါတယ်။ ဒါကြောင့်လည်း ကမ္ဘာကြီးက ဆက်လက်ပြီး တည်တံ့နေတာပါ။ လူလိမ်လူညာ၊ လူယုတ်မာဆိုတာ ဤမျက်မှောက်လောကမှာပဲ အရှက်တကွဲ အကျိုးနဲ ဖြစ်ရတတ်ပါတယ်။

အဲဒီ စာတမ်းလေးကို အင်္ဂလိပ်စာတတ်တဲ့ အများပြည်သူအားလုံး လေ့လာနိုင်အောင် ပြန်ပြီး ရှယ်ပေးလိုက်တာပါ။

http://www.scribd.com/doc/119896625/Racism-to-Rohingya-in-Burma-by-Dr-Abid-Bahar-in-response-to-Aye-Chans-Enclave-With-Influx-Viruses-pdf

https://docs.google.com/file/d/0B4fThqDxAlBUa1U5WWpyWUdxTFE